ဆံပင်ရှည်ကို ညှပ်ပစ်လိုက်ပြီး ဆံပင်ပုံစံအသစ်နဲ့ ကြည့်ကောင်းနေတဲ့ ကီနူးရိဗ်
ကောင်းသတင်းတွေနဲ့ပဲ သတင်းမွှေးတဲ့ John Wick မင်းသားကြီး ကီနူးရိဗ်ကို ပရိသတ်တွေက ဆံပင်ရှည်နဲ့ပဲ မြင်တွေ့ခဲ့ရတာပါ။ အခုဆို သူဟာ ဆံပင်ရှည်ကို ညှပ်ပစ်လိုက်ပြီး ဆံပင်အတိုဒီဇိုင်းအဖြစ်ပြောင်းလဲလိုက်ပါပြီ။
ဆံပင်စတိုင်ပြောင်းလဲပစ်ချင်တာလား ဒါမှမဟုတ် ဇာတ်ရုပ်အသစ်အတွက် ဆံပင်ညှပ်ပစ်လိုက်တာလားဆိုတာကတော့ သေချာမသိရပါဘူး။ သေချာတာကတော့ ဆံပင်အတိုဖြစ်သွားတဲ့အတွက် John Wick ဇာတ်ရုပ်ကို ထင်ဟပ်စေမှုကတော့ ပျောက်သွားခဲ့ပါတယ်။
မင်းသား ရော့ဘ်လိုရဲ့ဇနီးဖြစ်သူ အင်စတာဂရမ်မှာတင်လိုက်တဲ့ ပုံကနေတဆင့် ကီနူးရိဗ်ရဲ့ဆံပင်ပုံစံပြောင်းလဲသွားခဲ့တာကို ပရိသတ်တွေ သတိထားမိခဲ့တာပါ။ ပုံထဲမှာ သူတို့နှစ်ဦးနဲ့အတူ ကီနူးရိဗ်အပြင် သူ့ရဲ့ချစ်သူကောင်မလေးလည်း ပါဝင်ပါတယ်။ “မိတ်ဆွေဟောင်းတွေ” ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။ ပရိသတ်တွေက ကီနူးရိဗ်ရဲ့ဆံပင်စတိုင်အသစ်နဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ပြုခဲ့ကြတယ်။ “ကီနူးက ဆံပင်တိုနဲ့ ကြည့်ကောင်းတယ်”၊ “အခုဆို ကီနူးက အသက် ၃၅ နှစ်လိုပဲ”လို့ ရေးသားခဲ့ကြတာပါ။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။