ဘန်ကောက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥက္ကာမင်းမောင် ရဲ့ Fan Meeting Party
ဥက္ကာမင်းမောင်ကတော့ အနုပညာလောက ကို မော်ဒယ်တယောက်အနေနဲ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အနုပညာလောကကို ဝင်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ အမိုက်စား body structure နဲ့ ယောကျာ်းပီသတဲ့ အသွင်အပြင်ကြောင့် ပရိသတ်ကြားရေပန်းစားခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သူ့ရဲ့ သဘာဝ အစစ်အမှန်ကို ရဲရဲဝံ့ဝံ့ ချပြခဲ့ပြီး ဂေးတယောက်ဖြစ်ကြောင်း ပရိသတ်တွေကို ဖွင့်ဟပြောပြခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပြည်ပမှာ အခြေချနေထိုင်ပြီး ဘဝကို စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ဥက္ကာမင်းမောင်ရဲ့ ဂေးအယောက် ၅၀၀၀ ပါတဲ့ သင်္ဘောစီးခဲ့တဲ့အကြောင်းကလည်းရေပန်းစားhitဖြစ်သွားခဲ့တဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။အခုတစ်ခါမှာတော့ ဘန်ကောက်မြို့မှာ သူ့ရဲ့ပရိသတ်တွေနဲ့ အကြမ်းစားFan Meeting Party တစ်ခုပြုလုပ်ခဲ့ကြောင်း ဝေမျှလာပါတယ်။
ဧပြီလ (၁၀) ရက်နေ့ ညနေက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Mandalay Rooftop Bar မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင် ရဲ့ Fan Meeting Party ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
ရေးသားသူ –Myanmar Celebrity
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။