သမီးလေးနဲ့ခွဲနေရတာမို့ လွမ်းနေရတဲ့အကြောင်းတွေ ပရိသတ်တွေကို ဝေမျှပေးလာတဲ့ အဆိုတော်ကျားပေါက်

Celebrity Local News
သမီးလေးနဲ့ခွဲနေရတာမို့ လွမ်းနေရတဲ့အကြောင်းတွေ ပရိသတ်တွေကို ဝေမျှပေးလာတဲ့ အဆိုတော်ကျားပေါက်

ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ပရိသတ်ရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး လူငယ်ပရိသတ်အများပြားရဲ့ Idol တစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး ။ ကျားပေါက်က ခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေ အရပ်ရပ်မှာ သွေးမအေး ဒူးမေထာက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေတဲ့ အနု ပညာရှင်တွေထဲမှာလည်း ထိပ်ဆုံးကပါဝင်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိ မှာတော့နိုင်ငံခြားကို ရောက်နေပြီး စစ်အာဏာရှင်ကို ဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာလေးကလည်း အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ ကမ္ဘာလေလံအမြင့်ဆုံးအောင်မြင်ခဲ့ပြီးတော့ ပြည်သူအစိုးရဖြစ်တဲ့ NUG ကိုအကုန်လှူဒါန်းခဲ့ပါတယ်။ အချိန်တိုလေးအတွင်းမှာ လေလံအမြင့်ဆုံး အောင်ခဲ့တဲ့အပေါ်မှာလည်း ကျားပေါက်ကိုယ်တိုင်ရော ပရိသတ် အကုန်လုံးကလည်း ဂုဏ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ သမီးလေးကိုလွမ်းနေတယ်ဆိုတဲ့ အကြောင်းကို လွမ်းတယ်သမီးရယ်ဆိုတဲ့ စာသားလေနဲ့ ပရိသတ်တွေကိုပါဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...