အမြွှာအစ်မဖြစ်သူ thayဆုံးပြီး ၄ နှစ်အကြာမှာ အလားတူရောဂါမျိုးနဲ့ပဲ ကွယ်လွန်ခဲ့ရတဲ့ အင်ဒိုနီးရှားအဆိုတော်

Celebrity International News
အမြွှာအစ်မဖြစ်သူ thayဆုံးပြီး ၄ နှစ်အကြာမှာ အလားတူရောဂါမျိုးနဲ့ပဲ ကွယ်လွန်ခဲ့ရတဲ့ အင်ဒိုနီးရှားအဆိုတော်

အင်ဒိုနီးရှားအဆိုတော် မီလီသာ ဆီဒါဘူတာဟာ ဧပြီ ၈ ရက်နေ့က thayဆုံးသွားခဲ့ပါတယ်။ သူ thayဆုံးချိန်မှာ အသက် ၂၃ နှစ်ရှိပါပြီ။ ဒီသတင်းကို သူ့ရဲ့အေဂျင်စီ Impact Music Indonesia က ကြေညာခဲ့တာပါ။

မီလီသာနဲ့ သူ့ရဲ့အမြွှာအစ်မဖြစ်သူ မီလီရှာတို့ဟာ ၂၀၂၀ ခုနှစ်က Indonesian Idol အဆိုပြိုင်ပွဲ Season 11 မှာ ပါဝင်ခဲ့ပြီးနောက် နာမည်ကြီးလာခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ မီလီရှာက အဲဒီနှစ်ကုန်ပိုင်းမှာ နှလုံးအမောဖောက်ပြီး thayဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။

အစပိုင်းမှာ မီလီသာက ကိုယ့်ကိုယ်ကို thayကြောင်းကြံစည်မှုကြောင့် thayဆုံးခဲ့တယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ မီလီသာဟာ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့လက္ခဏာတွေခံစားခဲ့ရပြီး ဘယ်လိုမှ ကယ်တင်လို့မရနိုင်တော့ဘဲ ဆေးရုံမှာပဲ thayဆုံးခဲ့တာဖြစ်တယ်လို့ သူ့ရဲ့အစ်ကိုဖြစ်သူက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မီလီသာတို့အမြွှာညီအစ်မက ၂ မိနစ်ခြားပြီး မွေးဖွားလာခဲ့တာပါ။ မီလီသာကိုလည်း ၄ နှစ်အကြာမှာ မီလီရှာလိုပဲ thayဆုံးသွားလိမ့်မယ်လို့ ဘယ်သူကမှမထင်ထားခဲ့ကြပါဘူး။ မီလီသာကို မီလီရှာနဲ့အတူတူ ဂူတစ်ခုတည်းထားရှိမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...