အသက်(၄၀)ပြည့်မွေးနေ့ကို အလုပ်တွေလုပ်ရင်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်ဆိုတဲ့ မေကဗျာ
ပရိသတ်ကြီးရေ… ဗီဒီယို ရုပ်ရှင်ဇာတ်ကား ကြီးတွေများစွာမှာ သရုပ်ဆောင်ရင်း ပရိသတ် တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ မေကဗျာဟာ နောက်ပိုင်း မှာတော့ အနုပညာအလုပ်တွေကို လုံးဝစွန့်လွှတ်ပြီး စီးပွားရေးအလုပ်တွေကိုပဲ အချိန်ပေးလုပ်ကိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။
ဧပြီလ (၇) ရက်နေ့ကတော့ မေကဗျာ ရဲ့ မွေးနေ့ လေးဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ တစ် ရက်တာကို ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ ဖြတ်သန်းမယ့်အကြောင်းကို “ဒီနေ့ကဗျာ့ အသက် ၄၀ ပြည့်ပါပြီ။ မွေးနေ့လေးကို ပဲ ခူး မှာပဲ ဘုးရားတက် သံဃာတော်များအားနေ့ ဆွမ်းကပ် ပဲခူးဘုးရားလမ်းဆိုင်လာ ဆုံကြ မယ်နော်။မွေးနေ့ Promotion အစီအစဉ်တွေ ရှိပါမယ် နော်ချစ်တဲ့သူတွေနဲ့ ဆုံချင်ပါတယ် ရန်ကုန် မန်း လေးဆိုင်တွေမှာလည်း ဝယ်ယူတဲ့သူတွေ လက်ဆောင်လေးတွေပေးမယ်နော်။ဒီနေ့ ပဲခူးဈေးရောင်းပွဲနောက်ဆုံးရက်လေးပါရှင်”ဆိုပြီး တစ်နှစ်မှာတစ်ခါကျရောက်တဲ့ မွေးနေ့ ရောက်နေပေမယ့်လည်း အလုပ်တွေလုပ်ရင်း နဲ့သာဖြတ်သန်းနေတဲ့အကြောင်းကိအခုလိုပဲ ပြောပြလာတာဖြစ်ပါတယ်။
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။