ရှင်ရဟန်းမပြုထိုက်သူသုံးကျိပ်နှစ်ယောက််( ၃၂-ယောက်)
မကြာမီ သင်္ကြန်ကာလအတွင်းကို ရောက်ရှိလာပါတော့မယ် ။ ဒီအခါမှာ ဒုလ္လဘရဟန်းသံဃာတွေလည်း တနံတလျား အများအပြား ဝတ်လာကြပါတော့မယ် ။ ဒါကြောင့် ရဟန်း မပြုထိုက်သူ ၊ မပြုအပ်သူ ၊ မပြုပေးအပ်သူ ( ၃၂ )ယောက်အကြောင်းကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ ။
၁။ လက်ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂။ ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၃။ လက်ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၄။ နားပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၅။ နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၆။ နားနှာခေါင်းပြတ်သော သူကို ရှင်ရဟန်းပြုမပေးအပ် ။
၇။ ခြေချောင်း လက်ချောင်းပြတ်သောသူကို ရှင်ရဟန်းပြုမပေးအပ် ။
၈။ ခြေမလက်မပြတ်သောသူကို ရှင်ရဟန်းပြုမပေးအပ် ။
၉။ အကြောမ ပြတ်သောသူကို ရှင်ရဟန်းပြုမပေးအပ် ။
၁ဝ။ ခြေချောင်းလက်ချောင်း ပူးနေသောသူကို ရှင်ရဟန်းပြုမပေးအပ် ။
၁၁။ ခါးကုန်းနေသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၂။ ပုကွသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၃။ လည်ပင်းကြီးနာရှိသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသူကို ရှင်ရဟန်းပြုမပေးအပ် ။
၁၅။ ကြိမ်ဒဏ်ပေးခံရသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၆။ တွေ့ရာအရပ်၌ သတ်ဟူ၍ ကြော်ညာထားသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၇။ ခြေထိုင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၈။ အနာဆိုးရှိသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၁၉။ ပရိသတ်ကို ဖျက်ဆီးသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂ဝ။ မျက်စိ တစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂၁။ လက်ခြေကောက်သောသူကို ရှင်ရဟန်းပြုမပေးအပ် ။
၂၂။ ခွင်သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂၃။ ကိုယ်တစ်ခြမ်းသေသောသူကို ရှင်ရဟန်းပြုမပေးအပ် ။ (ဖက်သကပ်နာ)
၂၄။ ဆွံ့သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂၅။ အိုမင်းမစွမ်းသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂၆။ မျက်စိနှစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂၇။(စကားဆွံ့)အသောသူကို ရှင်ရဟန်းပြုမပေးအပ် ။
၂၈။ နားပင်းသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၂၉။ ကန်းလည်းကန်း အ’လည်း အ’သောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၃ဝ။ ကန်းလည်းကန်း နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၃၁။ အ’လည်းအ’ နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ် ။
၃၂။ ကန်းလည်းကန်း အ’လည်းအ’ နားလည်းပင်းသောသူအား ရှင်ရဟန်း ပြုမပေးအပ် ။ ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏ ။(ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်မပြည့်သူ ၊
ပါရာဇိကသို့ရောက်သူ ၊ ပဏ္ဍုက်စသော အဘဗ္ဗပုဂ္ဂိုလ်တစ်ကျိတ်တစ်ယောက် ၊ ပေါင်း ၁၃-ယောက်သည် ရဟန်းပြုသော်လည်း ရဟန်းမဖြစ် ။ ကြွင်းသောပုဂ္ဂိုလ်တို့ကား ရဟန်းဖြစ်ကုန်၏ ။ သို့သော် ရဟန်းပြုပေးသောသူ အာပတ်မလွတ် ။)
မဟာဝဂ်ပါဠိတော် မြန်မာပြန် ၊ ဦးရေ ၅၇ ၊ စာ ၁၂၇။ all credit to original post owner.
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။