လာဘ်ပိတ်စေသော_အကျင့်ဆိုးများ

Astrology
လာဘ်ပိတ်စေသော_အကျင့်ဆိုးများ

၁။ ဘုရားခန်းရှေ့တွင် လင်မယား (၂) ယောက် မအိပ်ရ။

၂။ ယောကျာ်း၏ ညာဘက်တွင် မိန်းမ မအိပ်ရ။

၃။ နံနက် (၄) နာရီခွဲမှ(၆) နာရီအတွင်းတွင် သာသနာစောင့် နတ်မင်းကြီး (၄) ပါးတို့သည်လူအများစု၏ ကောင်းမှု ၊မကောင်းမှုတို့ကို ကြည့်ရှူသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်။

၄။ မိမိအိပ်စက်သောကုတင်ထက် (သို့) အိပ်ယာထက် မြင့်သောနေရာတွင် ထဘီတန်း မပြုလုပ်ရ။

၅။ သားသမီး ခေါင်းရင်း၊မိဘခြေရင်းတွင် မနေရ မအိပ်ရ။

၆။ မိမိအိပ်ယာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍ မထားရ။

၇။ မိမိနေထိုင်ရာထက်မြင့်သောနေရာတွင် ဖျာ၊ မွေ့ယာစောင်များ လှမ်းခြင်း မပြုလုပ်ရ။

၈။ မိမိအိမ်ရှေ့ အပေါက်ဝတွင်မှေးကို လက်ထောက်ပြီး မထိုင်ရ၊ မမှိုင်ရ။

၉။ မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ဆံပင်ကို ဖြန့်ချ၍ သန်းဥ မဆွဲရ။

၁၀။ မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ကလေးများ မစင် မစွန့်ရ။

၁၁။ မိမိအိပ်ယာထ မင်္ဂလာယူသော အခါ၌ အော်ဟစ် ဆဲရေးတိုင်းထွာခြင်း မပြုလုပ်ရ။

၁၂။ နံနက်စောစော အိပ်ယာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာ ပြု၍ မလုပ်ရ။

၁၃။ ကျွဲခတ်ထားသော အဝတ်၊ မီးလောင်ထားပြီးသော အဝတ်၊လေပွေဖြင့် လွှင့်ပါလာသော အဝတ်၊ ကြွက်ကိုက်ထားသော အဝတ်များကိုလူတို့ မဝတ်ကောင်းပေ။

၁၄။ အိမ်ပေါ်တွင် လမ်းလျှောက်လျှင် ခြေသံပြင်းပြင်း မလျှောက်ရ၊ အိုးခွက်၊
ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ။

၁၅။ ထမင်းစားလျှင်ထမင်းပန်းကန်များကို လှည့်၍ ၊ လှုပ်၍ မစားရ။ ငြိမ်သက်စွာ ညီညာစွာထားပြီးမှ စားရမည်။ ထမင်းစာပွဲကိုလည်း လက်ထောက်၍ မစားရ။

၁၆။ ထမင်းစား၍သော်၄င်း၊တခြားအစားအစာများ စား၍သော်၄င်း၊
အစာစားရာတွင် ပါးစပ်မှ ပလပ် ပလပ် မြည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမထွက်စေရပါ။

၁၇။ လမ်းလျှောက်စဉ်အတွင်း ထမင်းနှင့် တခြားအစားအစာများကို မစားရ။

၁၈။ မိမိအိမ်ရှေ့အပေါက်ဝကို ကျောပေး၍ မထိုင်ရ။

၁၉။ နံနက်စောစောနှင့် ညဘက်များတွင် ခြေဆစ်၊ လက်ဆစ်များ မချိုးရ။

၂၀။ နံနက်စောစောနှင့် ညဘက်တို့တွင် လေ မချွန်ရ။

#Credit to Original Writer.

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...