အမည် ဂိုဏ်း တန်ဖိုး

Astrology
အမည် ဂိုဏ်း တန်ဖိုး

မိမိတို့ရဲ့ ပေးထားသော အမည် မှာ ပါနေတဲ့ အမည် အက္ခရာ နံ ရဲ့ တန်ဖိုး ကို ဂဏန်းများ အစားထိုး ကာ ပေါင်းပေး ရမှာ ဖြစ်ပါတယ်

အက္ခရာလေးတွေ ကို ကိုယ်စားပြုတဲ့ ဂြိုဟ်များ

တနင်္ဂနွေဂြိုဟ် ~ အ၊ဥ၊သြ၊ဣ၊ဧ၊အာ၊ဤ၊ဦး
တနင်္လာဂြိုဟ် ~ က၊ခ၊ဂ၊ဃ၊င
အင်္ဂါဂြိုဟ် ~ စ၊ဆ၊ဇ၊စျ၊၊ည
ဗုဒ္ဓဟူးဂြိုဟ် ~ ယ၊လ၊ဝ
ကြာသပတေးဂြိုဟ် ~ ပ၊ဖ၊ဘ၊ဗ၊မ
သောကြာဂြိုဟ် ~ သ၊ဟ
စနေဂြိုဟ် ~ တ၊ထ၊ဒ၊ဓ၊န၊ဋ၊ဌ၊ဍ၊ဎ၊ဏ
ရာဟုဂြိုဟ် ~ ရ

အစားထိုး ရမည့် ဂဏန်း များ
၁နွေ နံ အစားထိုး ဂဏန်း ~ ၈
၂င်္လာ နံ အစားထိုး ဂဏန်း ~ ၅
၃င်္ဂါ နံ အစားထိုး ဂဏန်း ~ ၆
၄ဟူး နံ အစားထိုး ဂဏန်း ~ ၃
၅တေး နံ အစားထိုး ဂဏန်း ~ ၁
၆ကြာ နံ အစားထိုး ဂဏန်း ~ ၂
ဝနေ နံ အစားထိုး ဂဏန်း ~ ၇
၈ဟု နံ အစားထိုး ဂဏန်း ~ ၀

အမည်နံများ အစားထိုး အားလုံးပေါင်း ရလာဒ် ကို ၈ ဖြင့် စား ပါ ။ အကြွင်း မှာ ဂိုဏ်း ဖြစ်ပါတယ်

၁ကြွင်း ~ တံခွန် ဂိုဏ်း
၂ကြွင်း ~ ရာဇာ ဂိုဏ်း
၃ကြွင်း ~ ခြင်္သေ့ ဂိုဏ်း
၄ကြွင်း ~ ခွေး ဂိုဏ်း
၅ကြွင်း ~ နွား ဂိုဏ်း
၆ကြွင်း ~ မြင်း ဂိုဏ်း
၇ / ဝြကွင်း ~ ဆင် ဂိုဏ်း
၈ကြွင်း ~ ကျီး ဂိုဏ်း

ဥပမာ
( ဝ ) + ( ဒ ) + ( ဂ )
( ၃ ) + ( ၇ ) + ( ၅ ) = ၁၅ ကို ၈ဖြင့် ÷ သော အခါ အကြွင်း ၇ ရသဖြင့် ၇ / ၀ ကြွင်း ~ ဆင် ဂိုဏ်း ဖြစ်ပါတယ်

ကဲ … အဟောလေးတွေ ဖတ်ကြည့်ရအောင်ပါ

တံခွန် ဂိုဏ်း

အောင်မြင် ကျော်ကြားမယ် ၊ အမည် ကြီးမယ် ၊ အများက လေးစားမယ် ၊ ဂုဏ်သိက္ခာ မြင့်မားမယ် ၊ လုပ်ငန်း တစ်ခု ကို ဦးဆောင်ပြီး လုပ်ခွင့် ရမယ် ၊ လူကြီးများ က စောင့်ရှောက်မယ် ၊ နေရာ တစ်နေရာ မှာ လူကြီး ဖြစ်ခွင့် ရမယ် ၊ စိတ်ချမ်းသာစွာ လောက မှာ ရပ်တည်ခွင့် ရလိမ့်မယ်

ရာဇာ ဂိုဏ်း

မင်းစိုးရာဇာ နဲ့ နီးစပ်တယ် ၊ အရာရှိကြီး ဖြစ်မယ် ၊ သတ္တိရှိမယ် ၊ ခေါင်းဆောင်ကောင်း ဖြစ်မယ် ၊ သမာဓိ ရှိမယ် ဘုန်းကံ ကျက်သရေ ကြီးမားမယ် ၊ လုပ်ငန်း တစ်ခု ကို ဦးဆောင်ပြီး လုပ်ရင် ဖြစ်အောင် လုပ်နိုင်တဲ့ သတ္တိ ရှိတယ် ၊ ဂုဏ်ယူလောက် တဲ့ လုပ်ငန်းတွေ လုပ်နိုင်တယ်

ခြင်္သေ့ ဂိုဏ်း

ရင်ဆိုင်ဝံ့တယ် ၊ သတ္တိရှိတယ် ၊ ဂုဏ်သိက္ခာ မြင့်မားတယ် ၊ ရည်ရွယ်ချက် ကြီးတယ် ၊ ဘုန်းတန်ခိုး ကြီးမယ် ၊ သြဇာ ရှိမယ် ၊ စိတ်ထဲမှာ ရှိသလို ပွင့်ပွင့် လင်းလင်း ဘွင်းဘွင်း ပြောဆို ရင်ဆိုင် တတ်တယ်

ခွေး ဂိုဏ်း

ရိုးသားတည်ငြိမ်ပြီး သစ္စာ ရှိတယ် ၊ ပေးတာယူ ကျွေးတာစား နဲ့ ကျေနပ် တတ်တယ် ၊ ဘဝကို တိုးတက်ရေးထက် လက်ရှိ အနေအထား အရ မပြုတ်အောင် ကျိုးစား တတ်မယ် ၊ စိတ်ထဲမှာ ရှိတာ ကို မပြောဝံ့ပဲ အေးအေးဆေးဆေး နေတတ်မယ် ၊ အလုပ် ကံကောင်းပါတယ်

နွား ဂိုဏ်း

ရုန်းကန် လှုပ်ရှား ကြိုးစား ရလိမ့်မယ် ၊ ဘေးက ပြောတဲ့ စကားတွေ နဲ့ တွေဝေ တတ်တယ် ၊ အေးတိ အေးစက် ဖြစ်မယ် ၊ ကိုယ်ဒူးကိုယ်ချွန် ဖြစ်မယ် ၊ အခွင့်အရေး ကို တော်တော် ကြာကြာ စောင့်ပြီးမှ ရလိမ့်မယ် ၊ စိတ်ကူးယဉ်ပြီး အလုပ်တွေ လျှောက်လုပ် နေရတတ်မယ်

မြင်း ဂိုဏ်း

အလုပ် တစ်ခု ပြီး တစ်ခု လုပ်နေမယ် ၊ အေးအေး ဆေးဆေး မနေရပဲ ပြေးပြေး လွှားလွှား လျှောက်လုပ် နေရမယ် ၊ သူများနဲ့ အမြဲတမ်း ယှဉ်ပြီး တက်ရမယ် ၊ ကံ ကောင်းကောင်း ဆိုးဆိုး အခွင့်အရေး ရရ မရရ အလုပ် တစ်ခု ပြီး တစ်ခု ဇယ်စက် သလို ပင်ပန်းခံ လုပ်ရလိမ့်မယ်

ဆင် ဂိုဏ်း

ဝီရိယ ရှိတယ် ၊ ကြိုးစား တတ်တယ် တာဝန်ကြီးတွေ ကို ထမ်းဆောင် ရလိမ့်မယ် ၊ ပင်ပန်း ခံရလို့ မမူပါ ၊ အလုပ် တစ်ခု ပြီး တစ်ခု ဆက်တိုက် လုပ်ရ လိမ့်မယ် ၊ သူများက ကိုယ့်ရဲ့ အနေအထား ကို အထင်ကြီးပေမယ့် ကိုယ်က ပင်ပန်း လိမ့်မယ် ၊ မနားမနေ အလုပ်များ နေမယ်

ကျီး ဂိုဏ်း

တစ်သက်လုံး ပင်ပန်း ခံပြီး အလုပ် လုပ်ရလိမ့်မယ် သူများ မမြင်သာအောင် လျှို့ဝှက်စွာ လုပ်ရမယ် ၊ အန္တရာယ်ကြီး ၊ ဘေးကြီး သော အလုပ်မျိုးတွေကို စွန့်စားပြီး လုပ်တတ်တယ် ၊ အကျိုး ရှိရှိ မရှိရှိ ဂုဏ် ကို လိုချင် လို့ အနစ်နာခံ လုပ်တတ်မယ်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...