(၇)ရက်သားသမီးနှင့်ရှားမီးကိန်း

Astrology
(၇)ရက်သားသမီးနှင့်ရှားမီးကိန်း

ကျွန်တော်တို့ မြန်မာမှုဗေဒင်ပညာရပ်ကို လေ့လာဖူးသူတိုင်းလိုလို”မဟာဘုတ် ၊ မဟာဇနက္ကကိန်း ၊ ရှားမီးကိန်း”တွေနဲ့ စိမ်းလှမယ် မဟုတ်ပါဘူး ။

အခုပြောပြမယ့် ရှားမီးကိန်းကတော့ နေ့သားအလိုက် အသင့်တွက်ပြီးသား ရှားမီးကိန်းကျရောက်တဲ့ အသက်အပိုင်းအခြားတွေနဲ့ ယတြာကဏ္ဍဖြစ်ပါတယ် ။

တနင်္ဂနွေသားသမီးများအနေနဲ့အသက်( ၃ ၊ ၇ ၊ ၁၁ ၊ ၁၅ ၊ ၁၉ ၊၂၃ ၊၂၇ ၊၃၁ ၊ ၃၅ ၊ ၃၉ ၊ ၄၃ ၊ ၄၇ ၊ ၅၁ ၊ ၅၅ ၊၅၉ ၊ ၆၃ ၊ ၆၇ ၊ ၇၁ ၊ ၇၅ ၊ ၇၉ ၊ ၈၃ ၊ ၈၇ ၊ ၉၁ ၊၉၅နှစ်တွေမှာ ရှားမီးကိန်းကျပါတယ် ။

တနင်္လာသားသမီးများအနေနဲ့အသက်( ၆ ၊ ၁၀ ၊ ၁၄၊၁၈ ၊၂၂ ၊၂၆ ၊၃၀ ၊ ၃၄ ၊ ၃၈ ၊ ၄၂ ၊ ၄၆ ၊ ၅၀ ၊ ၅၄ ၊ ၅၈ ၊ ၆၂ ၊ ၆၆ ၊ ၇၀ ၊ ၇၄ ၊ ၇၈ ၊ ၈၂ ၊ ၈၆ ၊ ၉၀ ၊ ၉၄နှစ်တွေမှာ ရှားမီးကိန်းကျပါတယ် ။

အင်္ဂါသားသမီးများအနေနဲ့အသက်( ၄ ၊ ၈ ၊ ၁၂ ၊ ၁၆ ၊၂၀ ၊၂၄ ၊၂၈ ၊ ၃၂ ၊ ၃၆ ၊ ၄၀ ၊ ၄၄ ၊ ၄၈ ၊ ၅၂ ၊၅၆ ၊၆၀ ၊ ၆၄ ၊ ၆၈ ၊ ၇၂ ၊ ၇၆ ၊ ၈၀ ၊ ၈၄ ၊ ၈၈ ၊၉၂ ၊၉၆နှစ်တွေမှာ ရှားမီးကိန်းကျပါတယ် ။
ဗုဒ္ဓဟူးသားသမီးများအနေနဲ့အသက်(၆ ၊ ၁၀ ၊ ၁၄ ၊၁၈ ၊၂၂ ၊၂၆ ၊၃၀ ၊ ၃၄ ၊ ၃၈ ၊ ၄၂ ၊ ၄၆ ၊ ၅၀ ၊ ၅၄ ၊ ၅၈ ၊၆၂ ၊ ၆၆ ၊ ၇၀ ၊ ၇၄ ၊ ၇၈ ၊၈၂ ၊ ၈၆ ၊ ၉၀နှစ်တွေမှာ ရှားမီးကိန်းကျပါတယ်။

ကြာသပတေးသားသမီးများအနေနဲ့အသက်( ၅ ၊ ၉ ၊ ၁၃ ၊ ၁၇ ၊၂၁ ၊၂၅ ၊၂၉ ၊ ၃၃ ၊ ၃၇ ၊ ၄၁ ၊ ၄၅ ၊ ၄၉ ၊ ၅၃ ၊ ၅၇ ၊ ၆၁ ၊ ၆၅ ၊ ၆၉ ၊ ၇၃ ၊ ၇၇ ၊ ၈၁ ၊ ၈၅ ၊ ၈၉ ၊ ၉၃နှစ်တွေမှာ ရှားမီးကိန်းကျပါတယ် ။

သောကြာသားသမီးများအနေနဲ့အသက်( ၃ ၊ ၇ ၊ ၁၁ ၊ ၁၅ ၊ ၁၉ ၊၂၃ ၊၂၇ ၊ ၃၁ ၊ ၃၅ ၊ ၃၉ ၊ ၄၃ ၊ ၄၇ ၊ ၅၁ ၊ ၅၅ ၊ ၅၉ ၊ ၆၃ ၊ ၆၇ ၊ ၇၁ ၊ ၇၅ ၊ ၇၉ ၊ ၈၃ ၊ ၈၇နှစ်တွေမှာ ရှားမီးကိန်းကျပါတယ် ။

စနေနေ့သားသမီးများအနေနဲ့အသက်( ၄ ၊ ၈ ၊ ၁၂ ၊၁၆ ၊၂၀ ၊၂၄ ၊ ၂၈ ၊ ၃၂ ၊ ၃၆ ၊ ၄၀ ၊ ၄၄ ၊ ၄၈ ၊ ၅၂ ၊ ၅၆ ၊ ၆၀ ၊ ၆၄ ၊ ၆၈ ၊ ၇၂ ၊ ၇၆ ၊ ၈၀ ၊ ၈၄ ၊ ၈၈ ၊ ၉၂နှစ်တွေမှာ ရှားမီးကိန်းကျပါတယ် ။

အခုလို ဘယ်သူမဆို ရှားမီးကိန်းကျရောက်တဲ့အချိန်မှာ ကျန်းမာရေး အထူး ညံ့တတ်ပါတယ် ။ ဒီလို ကျန်းမာရေးအညံ့တွေပျောက်ဖို့ ငါးကလေးတွေ ၊စာကလေးတွေ မကြာခဏ လွှတ်ပေးတာမျိုးနဲ့ ဘုရားတစ်ဆူဆူကို သွားပြီး မွေးနံထောင့်အရပ်မှာ” ရှားမီးသက်စေ့”( ရှားသားအနှစ် တုတ်ချောင်းကလေးများ သက်စေ့ ) မီးထွန်းညှိ ပူဇော်ပေးပါ ။ ကျန်းမာစေဖို့ လေးလေးနက်နက် ဆုတောင်းပေးပါ ။
#ဤကားဗေဒင်ကျမ်းအလိုတည်း။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...