ချစ်သူနှစ်ဦးကြားနာရီလက်ဆောင်ပေးရင်ဘာဖြစ်နိုင်လဲ?
မိမိချစ်သူ ခင်သူ ဘ၀အတွက် လက်တွဲဖော်အဖြစ်ရွေးချယ်ထားသူတွေအနေနဲ့ လက်ဆောင်အဖြစ် မပေးသင့်သောအရာမှာ “နာရီ”ဘဲဖြစ်ပါတယ် ။
နာရီဆိုတဲ့ စနေ + ဗုဒ္ဓဟူးအတွဲက ဘာကြောင့် မပေးသင့်တာလဲဆိုရင်…
အင်္ဂဝိဇ္ဇာပညာခန်းအရ ပြောရရင် အချစ်ရေးဆိုတဲ့ တနင်္လာနံကို ကိုယ်စားပြုသလို တနင်္လာတိုင် သဘောအရက “ခွဲခွာ ခရီး”ပါ ။
သိဒ္ဓိထမင်းသား ဘုရားအလောင်းတော်က သူချစ်တဲ့ဇနီး နဲ သူရဲရင်သွေးကိုခွဲခွာပြီး တောထွက်တဲ့နေ့က “တနင်္လာနေ့ ” ဖြစ်သလို
တနင်္လာ နဲ နာရီ ဘယ်လိုဆက်စက်လည်းကြည့်ရရင်….
၆
၃
၀ နာ ဆို တဲ စနေ ။
——-
၂ မူလ တနင်္လာ
——-
၅
၁
၄ ရီ ဆိုတဲ့ ဗုဒ္ဓဟူးဖြစ်တဲ့နေရာမှာ
သစ်ဆိပ့်တွဲ မှန်စွာကျနေလို့ အစပိုင်းမှာ တနင်္လာကို ဆပွတ်ဂြိုလ်လည်းဖြစ် တနင်္လာရဲ့ ဘုံမ္မိဖြစ်တဲ့ စနေက နင်းထားတာပါ ။ ဗုဒ္ဓဟူးကလည်း တိုင်ချေ အပျက်ဌာနမှာရှိသလို တနင်္လာရဲ့ မိတ်လည်းဖြစ် အပျက်သဘောကို ဆောင်တာလည်းဖြစ်သည့်အတွက် ဘုံမ္မိ နဲ့အပျက်ကို တွဲတဲ့ပစ္စည်းရဲ့ ဓာတ်သဘောက အချစ်ရေးကို ဝေးကွာစေခြင်းရဲ့အဓိပ္ပာယ် သက်ရောက်သည့်အတွက် နာရီ လက်ဆောင်ပေးတဲ့ စုံ တွဲတိုင်း ကွဲကြ ပြဲကြ ၊ လမ်းခွဲကြနဲ့ မျက်ရည်စက်လက်တွေ မဖြစ်စေဖို့ နာရီလက်ဆောင်ပေးခြင်းကို ရှောင်ရှားစေလိုလို့ ပညာခန်းနဲ့တကွ တင်ပြပေးလိုက်ပါတယ် ။
စာကြွင်း ။ ။ တချို့လူကြီးသူမတွေရဲ့ ပြောစကားအရတော့ ပန်းနီနီ မပေးသင့်ကြောင်း ၊ လက်ကိုင်ပုဝါ မပေးသင့်ကြောင်း ကြားဖူးနားဝ ရှိခဲ့ဖူးပါသည် ။ မှားခြင်း ၊ မှန်ခြင်း ကျွန်တော် လုံး၀ မသိပါ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း ဘယ်ကောင်မလေးကိုမျှ ပန်းနီနီ မပေးဖူးခဲ့သလို ၊ လက်ကိုင် ပုဝါလည်း မပေးခဲ့ဖူးပါ ။ ထို့အတူ ဘယ်ကောင်မလေးကမှလည်း ကျွန်တော့်ကို ပန်းနီနီ နဲ့ လက်ကိုင်ပုဝါ ပေးတာ မကြုံဆုံဖူးလို့ ဖြစ်ပါတယ်
Crd.မူရင်းပို့စ်ပိုင်ရှင်ကို ဂါရဝ ပြုပါသည် ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။