နတ်ချစ်ဆေး
၁၉၈၅-၈၆ ခုနှစ်ခန့်က မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋ္ဋကကျောင်းတိ်ုက် ၌ ဝိဇ္ဇာ အလွန် ဖြစ် လိုသော ရဟန်းငယ် တစ်ပါး ရှိခဲ့သည်။အရှင် ဘွဲ့တော်က အရှင် ဉာဏောဘာသ ။အရှင်ဉာဏောဘာသ သည် အမရပူရ တူးမောင်း ကျောင်းတိုက်နှင့် မန္တလေး မစိုး ရိမ် တိုက်သစ်တို့မှ ငယ် လတ်ကြီးဓမ္မာစရိယတန်း များ အောင်မြင်ပြီး နောက် တိပိဋ္ဋကစာမေးပွဲ ၌ ဆက်လက် ဖြေဆိုနိုင် ရန် မင်းကွန်းတိပိဋ္ဋ ကကျောင်းတိုက်သို့ ရောက် ရှိလာ ခဲ့ ခြငိး ဖြစ်သည်။
သာသနော်၏ အဓိက ပိဋ္ဋကတ် စာပေဖြစ်သည့် အတွက် သာသနာတာဝန် အရ ပိဋ္ဋကတ်စာပေ ကို အစွမ်းကုန်ကြိုးစားသင်ယူနေလေသည်။ လူလုပ်လျှင် ကြာသည် ။ နတ်ကူလျှင် မြန်သည်။နတ်တွေ စောင့် ရှောက်မှ လွယ်ကူချမ်းမြေ့စွာ အောင်
မြင်နိုင်မည်။ နောက်ဝိဇ္ဇာ ဖြစ် လျှငိ သာသနာ ပိုမိုပြီးထွန်းထွန်းပေါက် ပေါက် ပြု့ နိုင်မည် ဟု့ စဉ်းစားမိသည်။
ထို့ကြောင့် နတ် ချစိ ရန် ဝိဇ္ဇာ ဖြစ်ရန် နည်းလမ်းတွေကိုစာသင်ရင်း တစ်ဖက် တစ်လမ်း က ရှာဖွေ မိသည်။
ဂါထာ မန္တန် ပရိတ် အစုံ ရွတ်ဖတ်သည်။ တစ်နေ့ စဉ်းစားမိသည်မှာ နတ်က ကူညီတယ်ဆိုတာ ချစ်မှ ကူညီမှာ
အဲ့ဒီတော့ နတ် ချစ်လာအောင် ချစ်ခြင်းမေတ္တာ ၏ အခြေခံဖြစ်တဲ့ မေတ္တာ တရား ရှိမှ ဖြစ်မယ်။ မေတ္တာတွေ ဖြန့်ကျက် ဖြစ်စေတာက မေတ္တာသုတ် ပဲ ….ဒီတော့ နတ်ချစ်
အောင် နတ်ကူအောင် မေတ္တာသုတ် ကို တစ်နေ့ တစ်ထောင် တိတိ ပြည့်အောင် ရွတ်ဖတ်ပူဇော်မည်ဟု့အဓိဋ္ဌာန် ထား ကာတစ်ထောင် ပြည့်အောင် ရွတ်ဖတ်
လေတော့ သည်။
အတူနေ သီတင်းသုံးဖော် ရဟန်းတော်များက သူ့ ကို ကြည့်ပြီး ပြုံးကြသည်။ နောက် .. ဘိုးတော် လို့နောက်ပြောင်ကြသည်။ သို့သော် … ရဟန်းတော် အရှင်
ဉာဏောဘာသ သ မမှု့။ ဆက်ရွတ်သည်။နောက်ပြောင် လိုသော ရဟန်းတပါးကမေးသည်။
“”ကိုယ်တော် ဝိဇ္ဇာ တကယ်ဖြစ်ချင်သလား ”
“ဟာ … ဘယ်လို ပြောလိုက်တာလဲ ဖြစ်ချင်လို့ အပင်ပန်းခံ ရွတ်နေတာ ”
” ဝိဇ္ဇာ ဖြစ်ချင်ရင် ဝိဇ္ဇာ နဲ့ အဆက်သွယ် ရှိတဲ့ ဘုန်း ကြီး
တစ်ပါး ရှိတယ် ”
” ပြောစမ်းပါ ကိုယ်တော် လမ်းညွှန်စမ်းပါ ”
“” ဟိုမှာ .. မျက်မှန်အထူကြီး တပ်ပြီး စာတွေ ကြည့်နေတဲ့ဘုန်း ကြီး က ဝိဇ္ဇာ နဲ့ အဆက်သွယ် ရှိတယ် ။ အဲ့ဒီဘုန်း ကြီး ကို သွား လျှောက်ကြည့် ၊ နားလေးတယ်အသံ ကျယ်ကျယ် လျှောက် ” လို့ ပြော လိုက် တယ် ။ သကာရှာ အ ချိူ တွေ့သလို အရှင်ဉာဏောဘာသဟာ ဝမ်း သာသွားတယ်။ ဆရာကောင်း ကို နတ်တွေလမ်း ညွှန် လိုက် ပြီ လို့ ယုံကြည်လိုက်တယ်။ ဒါနဲ့စာအုပ်တွေ ကြား မှာ စာကြည့်နေတဲ့ ဘုန်းကြီး ရှေ့သွားပြီး ရှိခိုးဝတ်ချ လိုက်တယ် ။ဘုန်း ကြီးက မျက်နှာ မှာ တပ်ထားတဲ့ မျက်မှန်ပေါက် မှ မျက်လုံး ကို ပြူးပြီး မျက်မှန် ပေါ်မှ ကျော် ကြည့် ကာ …
” ဘာ လျှောက်စရာ ရှိလို့ တုန်း ”
” တပည့်တော် နတ်ချစ် ဝိဇ္ဇာ ဖြစ်တဲ့နည်း လိုချင်လို့ပါ။
ဘုန်း ကြီးက ဝိဇ္ဇာ တွေနဲ့ အဆက်သွယ် ရှိတယ်ဆိုလို့
လမ်းညွှန် ပါ ဘုရား ”
ဘုန်း ကြီးက ပြုံး လိုက်ပြီး ” ငါ့ နှယ် ဘာများ လဲ လို့
ဘယ်သူကများ နောက် လိုက်တာလဲ အခု့ ကိုယ်တော်
ဘာတွေ လုပိနေတာလဲ ”
” မှန်ပါ့ တပည့်တော် နတ်ချစ်အောင် မေတ္တသုတ်
တစ်ထောင် ရွတ်နေပါတယ် ဘုရား ”
” ကဲ .. ရွတ်ပြပါဦး ဘယ်လိုရွတ်တာလဲ “အရှင်ဉာဏောဘာသ က ရွတ်ပြသည်။
ပုံမှန် ရွတ်နေကြအတိုင်း မဟုတ် ။ တစ်ထောင် အရေအတွက် ပြည့်အောင် ဝရော ဝရော နှင့် အမြန်ရွတ်ပြသည်။
” တော်ပြီ ရပ်ပါတော့ အရှင်ဘုရား ရွတ်နေတာကတစ်ထောင် ပြည့်အောင် သုတ်ခြေတင် အမြန်ရွတ်တော့ မပီမသ နဲ့ ဘေးကလူတွေတောင် ဘာရွတ်နေမှန်းမသိနတ်တွေဆို ဝေးရောပဲ ကိုယ်တော် ရွတ်ရင် အသံ ပီပီသသ နဲ့ နတ်တွေ နား လည်သဘောပေါက် ကြည်ညိုလာအောင် ရွတ်ရတယ် ”
ဟု့ မိန့် လျှင် ရဟန်းတော် က
“မှန်ပါ့ ဘုရား တပည့်တော် ဖြည်းဖြည်းရွတ်ပါ့မယ်။
ဒါထက် မေတ္တသုတ် ရွတ်တာရော မှနိရဲ့ လား ဘုရား ”
” မေတ္တသုတ် ရွတ်ရင် နတ်ချစ် လူချစ်တာ မှန်ပါတယ်။
မေတ္တာအကျိူး (၁၁) မျိူးလို့စာပေ က ဆိုထားတာ ပဲ။
မေတ္တာသုတ် ကို ရွတ် ရင် မေတ္တာဘာဝနာ ပွားရင် မေတ္တာ အကျိူး (၁၁) မျိူး ရပြီ ။လောကီစျာန် အနေနဲ့
တတိယစျာန် ထိ ရ နိုင်တယ်”
” ဘုန်းကြီး ဝိဇ္ဇာ မဖြစ် နိုင် တော့ ဘူး လားဘုရား ”
” ဖြစ်နိုင်ပါတယ် ပဌမံ ဘိုးဘိုးအောင် ဆိုတာ ကြား
ဘူး မှာ ပေါ့ ”
” ကြားဘူး ပါတယ် ဘုရား ”
” ပဌမံ ဘိုးဘိုးအောင် ဆိုတာ လောကီ ထွက်ရပ်ပေါက်
ပုဂ္ဂိုလ် ပဲ။ ဘာကြောင့် ပဌမံ လို့ ခေါ်တာ လဲ ပဌမံစျာန်
ရပြီး ပဌမစျာန် ကိုအခြေခံ ရှေ့ဆက်တက် လို့ ဖြစ်တာ။
မေတ္တာဘာဝနာ က တတိယစျာန် အထိတောင်ရတာပဲ။
ဒါပေမဲ့ ရွတ်နေရုံနဲ့ တော့ မပြီးဘူးနော် ”
ဟု့ ဘုန်း ကြီး သည် ဝိဇ္ဇာ အကြောင်း များကို စာပေနှင့်
ညှိ၍ လမ်းညွှန်နေသည်။
၎င်း ဘုန်းကြီး သညါ အခြားမဟုတ် ၊ ဘုန်းကြီး ဦးသုဒဿနာဘိဝံသ ။ ယခု့ မြိတ် ဗိုလ်ထောင်တောရဆရာတော်ပင် ဖြစ်သည်။ ပါဠိ အဋ္ဌကထာ ဋ္ဋီကာ ကျမ်း အား
လုံးစုံအောင် ကြည့်ရှု့နိုင်သည်။ကျမ်း ညှီ နိုငိ သည်။
ရဟန်းတော် သည် သူ့ ကို ဘုန်း ကြီးက ဝိဇ္ဇာ ဖြစ်ရန်
လမ်း ညွှန်နေပြီဟု့ သိလိုက် သည်။
ဤသို့ မည်သူ ကမျှ သူ့ ကို အေးအေးဆေးဆေးပြောမပြ မဆွေးနွေး ဘူးပေ ။ယခု့ ဝိဇ္ဇာအကြောင်း ကြားနေရသည်ကပင် အလွန်စိတ်ချမ်းသာနေသည် ။ဘုန်းကြီးပြောသသည့် အတိုင်း လုပိ မည်ဟု့ ဆုံးဖြတ် လိုက်သည်။
ဘုန်းကြီး က…..
” ကိုယ်တော် နတ်တွေရဲ့ အကူညီ လိုချင်ရင် နတ်တွေလာအောင် ခေါ်ရတယ် ။”
” မှန်ပ့ ။ဘယ် လို ခေါ်ရမလဲ ဘုရား ”
” လူတစ်ယောက် ကိုယ့်ဆီ လာချင်လျှင် သူ့ နံမည် ခေါ်
ရတယ် မဟုတ်လား ”
” ဟုတ်ပါတယ် ဘုရား ”
” ဒီတော့ နတ်ဗြဟ္မာ တွေ နံမည် အားလုံးပါတဲ့ မဟာ-သမယသုတ် ကိုဖြည်းဖြည်းနဲ့ မှန်မှန် ရွတ်။ နတ်တွေလာလိမ့်မယ် ။ အဲ… နတ်တွေက လူပြည် လာရင် နေ့လယ် မလာဘူး ညမှလာတာ ။ ဒီတော့ ရတ္တိယံ ည သန်းခေါင်အချိန်ဆိုတဲ့ အတိုင်း သန်းခေါင်ယံ မှာရွတ်ပါ။”ဟု့ နည်း လမ်းပေးလေသည်။ ထိုအ ချိန်မှစ၍ အရှင် ဉာဏောဘာသ သည် ညအချိန် မဟာသမယသုတ်တော် ကို ရွတ်ဖတ်သည်။ အကြိမ်ကြိမ် ရွတ်ဖတ်သည်။
တည … ရွတ်ဖတ်ပြီးချိန် ညာဖက် လက်မောင်းကြီး
တစ်ခု့ လုံး တဆတိဆတ် တုန်လှုပ်နေသညိ ကို တွေ့ရ
၍ ထူး ခြားနေပြီဟု့ သိလိုက်သည်။ တစ်ခါ မှ ဒါမျိူး မဖြစ်
ဘူး၍ ကြောက်လန့်မိကာ အနား ရှိ ရဟန်းတော်တို့ကို
လှမ်းခေါ်လိုက်သည်။
” လာကြပါဦး ကိုယ်တော်တို့ တပည့်တော် လကိမောင်းကြီး က သူုဘာသာ အလိုလို လှုပ်နေလို့ ”
ရဟန်းများ ဝိုင်းအုံ လာ ကြသည်။
” ဟုတ်တယ် ကိုယ်တော် လှုပ်နေတယ် ဒါဆို ဘုန်းကြီး
ဦးသုဒဿန သွားပင့်ခေ ျ ”
ဘုန်း ကြီး ဦးသုဒဿန ကြွလာ သည်။လှုပ်နေတာကို
ကြည့်သည် ။ သဘာဝ သွေးသား အတိုင်း လှုပ်နေသည်
မဟုတ် ဟု့ သိလိုက်သည်။
ဘုန်းကြီး ဦးသုဒဿန က မိန့် လိုကိ သည်။
” ရဟန်းတော် လက်မောင်း ကို ဆွဲ ပြီး လှုပ်နေတဲ့ သူ
မလှုပ်နဲ့တော့ အရှိအတိုင်း ကိုယ်ထင် ပြ လိုက်စမ်း ”
ဟု့ မိန့် လျှင်ရဟန်းတော် အရှင် ဉာဏောဘာသကို
ဝိုင်း ကြည့်နေသောရဟန်း အား လုံး ဟာကနဲ ဟင်ကနဲ
ဖြစ်ကာ နောက်သို့ ပက်လက် လှန်ကျသွားတော့သည်။
အကြောင်း က ဘုန်း ကြီးက ကိုယ်ထင် ပြလိုက်စမ်း ဟု့
မိန့်သည် နှင့် တစ် ပြိုင်နက် အလွန်ကြီးမားသော
နတ်မင်း ကြီး တစ်ပါး သည် ထင်ထင် ရှားရှား ရဟန်း
တို့ ၏ အလယ် ၌ ဘွားကနဲ ပေါ်လာပြီး ပျောက်သွား
လေတော့ သည်။
နတ် မြင် ဘူးလိုက်ကြသည်။ ဇာတ်ပွဲ ထဲ ပန်းချီကားထဲ ကအတိုင်းပင် အချွန်တွေ အတက်တွေ
စလွယ်တွေ မကိုဋ္ဋ် တွေနှင့် ။
ရဟန်းတော် သည်မဟာသမယသုတ် အစွမ်း ပြ မှန်းသိလိုက် ရသည်။ နတ်တွေ လာမှန်း သိလိုက်ရလျှင်
နတ်တွေ တရားနာရအောင် မဟာသမယသုတ် ကို
ရွတ် ဖတ် ပြီး နောက် ဓမ္မစကြာ ပဋ္ဌာန်း များ ကို
ဆက် လက် ရွတ်ဖတ်သည်။
နတ်တွေသာ မဟုတ် ရှေးရှေး က စာပေတတ်
ထွက်ရပ်ပေါက် ဘုန်းကြီး များ ကြွလာသည်။
ဘိုးဘိုးအောင် ကြွလာသည်။
အခြား အမည်ရ ပုဂ္ဂိုလ်ထူး များ လည်း ကြွလာသည်။
ရွတ်ဖတ်ရန် ဂါထာ များ မန္တန် များ ကို ပေးသွားကြသည်။
ပိဋ္ဋိကတ် စာပေထဲ မှ ခက်ခဲသော အဓိပ္ပါယ် များ ကို
ရှင်း ပြ ပေး သွား သည်။ သိလိုသောစာ ကိုလမ်း
ညွှန်ပေးသွားသည်။
အရှင် ဉာဏောဘာသ သည် ဘုန်းကြီးဦးသုဒဿန မြိတ် ဗိုလ်ထောင်တောရမှာ ကျောင်းထိုင်သောအခါ
လိုက်ပါသွားခဲ့ ပြီး ဆက်လက်၍ ရွတ်ဖတ်ပူဇော်သည်။
ယခု့ အခါ အရှင်ဉာဏောဘာသ သည် ဝိဇ္ဇာပုဂ္ဂိုလ်
တို့၏ ဆက်သွယ်ပေး မှု့ကြောင့် ပဌမံ ဘိုးဘိုးအောင်
၏ ရွာ တောင်တွင်း ကြီး မြို့နယ် လက်ပန်ရှည် ရွာတွင်
သီတင်းသုံးရင်း ဆက် လက် သာသနာ ပြု့နေ ပါသည်
ဟု့ သိမှတ် ခဲ့ ရပါ သည်။
နတ် ချစ် ဝိဇ္ဇာ ဖြစ် မဟာသမယသုတ် ရွတ်ဖတ်ရန်
ည တိတ်ဆိတ်သော အချိန် ။သီလခံယူပါ။သန့်ရှင်းဖြူစင် ညစ်ကြေးမထင်သောအဝတ်ဝတ်ပါ။နံ့သာဆီမီး အမွှေးတိုင်ထွန်းညှိပါ။မဟာသမယသုတ် တော်ကို ဖြည်းဖြည်းချင်းပူဇော်ပါ။ဓမ္မစကြာ ပရိတ် ပဋ္ဌာန်း တခု့ခု့ ရွတ်ပါ။အမျှဝေပါ။ဆု့တောင်း ပါ ။
Credit to
ရွတ်ဆိုပွားများ ဂါထာတော်များ
ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။