နေ့ဆက်လင်မယားတွေကံဇာတာနိမ့်နေလျှင်လူမှုရေးကျန်းမာရေးခက်ခဲကြပ်တည်းနေလျှင်
နေ့ဆက်လင်မယားဆိုသည်မှာ……
၁ ။ တနင်္ဂနွေ + တနင်္လာ
၂ ။ တနင်္လာ+ အင်္ဂါ
၃ ။ အင်္ဂါ + ဗုဒ္ဓဟူး
၄ ။ ဗုဒ္ဓဟူး + ကြာသပတေး
၅ ။ ကြာသပတေး + သောကြာ
၆ ။ သောကြာ + စနေ
၇ ။ စနေ + တနဂ်နွေ
နေ့ဆက် ဇနီးမောင်နှံတွေလို့ခေါ်ပါတယ် ။
အခုလို အိမ်ထောင်သည်တွေ ကံဇာတာနိမ့်ရင် နဝင်းဆီမီး ပူဇော်နည်းနဲ့ ပူဇော်ပါ ။
အဓိဌာန် ၉ရက်ဆက်တိုက်ပြီးရင် ၅ရက်နား ၊၉ရက်ဆက်တိုက် ပြန်ဝင်ပါ ။ အကျိုးထူးပါမယ် ။ပူဇော်နည်းကတော့ ဖယောင်းတိုင်ကိုတနင်္ဂနွေနေ့ကစပြီး အဓိဋ္ဌာန်ပြု ထွန်းရပါမယ် ။
၁ ။ တနဂ်နွေနေ့ ၈တိုင်
၂ ။ တနင်္လာနေ့ ၉တိုင်
၃ ။ အင်္ဂါ နေ့ ၁၀တိုင်
၄ ။ ဗုဒ္ဓဟူး ၁၁တိုင်
၅ ။ ကြာသပတေး ၁၂တိုင်
၆ ။ သောကြာ ၁၃တိုင်
၇ ။ စနေ ၁၄တိုင်
၈ ။ တနင်္ဂနွေနေ့ ၁၅တိုင်
၉ ။ တနင်္လာနေ့ ၁၆တိုင်
အရပ်ရှစ်မျက်နှာ ကိုယ်စားပြု( ၈)တိုင်မှစပြီးတစ်ညတစ်တိုင်ကျတိုးပြီး (၉)ညပြည့်လျှင် (၁၆)တိုင်ဖြစ်ပါတယ် ။(၉)ညပြည့်လျှင် (၁၀၈)တိုင်ဖြစ်ပါမယ် ။
လှုတဲ့အခါ
“ဣမံဒီပဇာလံ ပူဇေမိ” လို့ ရွတ်ဖတ်ပူဇော်ပါ ။ပူဇော်စဉ် ငါးပါးသီလ ဆောက်တည်ပြီး မေတ္တာသုတ် (၉)ခေါက်ရွတ်ပါ ။ပဋ္ဌာန်း (၂၄)ပစ္စည်း (၉)ခေါက်ရွတ်ပါ ။
ဂုဏ်တော်ကိုးပါးကို ဂုဏ်တော်တစ်ခု ပုတီးတစ်ပတ်နှုန်းနဲ့ဂုဏ်တော်ကိုးပါးအတွက် (၉) ပတ်စိတ်ပါ ။
အခက်ခဲ ဘေးဒုက္ခများ ကင်းလွတ်ပြီးအဆင်ပြေအေးချမ်းစွာဘဝခရီးမှာ ပျော်ရွှင်ရပါလိမ့်မယ် ။ဇနီးမောင်နှံတွေဘဝခရီး အဆင်ပြေ အေးချမ်းကြပါစေ ။ငွေကုန်တဲ့ ယတြာမဟုတ်ဘဲဘုရားယတြာ အဓိဋ္ဌာန်မို့မိမိဘက်က ဘဝအရေးမို့ အချိန်ပေးပြီး လုပ်ပေးဖို့ကတော့လိုအပ်ပါတယ် ။ဘယ်အရာမှ ဥုံဖွဆိုပြီး ကံကောင်းခြင်းတွေရောက်မလာပါဘူး ။ကြိုးစားအားထုတ်မှု လိုအပ်ပါတယ် ။
အဆင်ပြေအေးချမ်းကြပါစေ ။
#Crdဆရာဒဂုန်ဆောင်းပါးကိုမှီးငြမ်းပါသည် ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။