မင်းသိင်္ခ၏ရာထူးတိုးစေသည့်ဂမ္ဘီရယတြာ

Astrology
မင်းသိင်္ခ၏ရာထူးတိုးစေသည့်ဂမ္ဘီရယတြာ

လသည် ရေးရေးလေးသာနေလေ၏။ ကောင်းကင်ပြင်တွင် မိုးသားတိမ်လိပ်တို့ ကင်း စင်၍ကြည်လင်နေသည့်အတွက် ဆန်းစလ၏။ အလင်းရောင်ဖျော့တော့၍နေသော်လည်း ညသန်းကောင်ယံအချိန်ဖြစ်သော်လည်း အလင်း ရောင်သည် လုံလောက်စွာရရှိ၍နေလေ၏။ ထိုအချိန်တွင် အဘနှင့်ကျွန်ုပ်သည် အဘ၏ အိမ်ခြံ၀န်းထဲရှိ သရက်ပင်ရိပ်ကလေးအောက်တွင် အတူနေထိုင်နေကြလေ၏။

ထိုစဉ်က အဘ သည် အမှတ် ၁၂၂/၆၊ မာကျူရီလမ်း၊ သု၀ဏ္ဏရပ်ကွက်တွင် နေထိုင်စဉ် အချိန်ကဖြစ်၏။ အဘ သည် မီးပျက်၍ အဲကွန်းမလာတော့သောကြောင့် ပူအိုက်ပြီး အိပ်မရသဖြင့် အောက်ထပ်သို့ ဆင်း လာပြီးလျှင် လေညှင်းခံရင်း ကျွန်ုပ်နှင့်အတူထိုင် နေခြင်းဖြစ်၏။ ထိုသို့ထိုင်နေစဉ် အဘက-

““ လက်ဖက်ရည်သောက်ရအောင်ကွာ၊
မင်းနဲ့ငါနဲ့သောက်ဖို့ သွားဖျော်ခဲ့ကွာ”” ဟု ကျွန်ုပ် အား ပြောလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း နောက်ဖေးမီးဖို့ချောင်သို့၀င်ကာ မီးမွှေး၍ရေနွေး အိုးတည်ရလေ၏။ ရေနွေးပွက်ပွက်ဆူလာသော အခါတွင် လက်ဘက်ခြောက်အချိုခြောက်ကို ထည့်၍ လက်ဘက်ခြောက်နှပ်ထားရလေ၏။ အချိန်အနည်းငယ်ကြာသောအခါ လက်ဘက် ခြောက်အိုးထဲမှ အကျရေနံ့သင်းသင်းလေးထွက် လာလေ၏။

ထိုအခါ ကျွန်ုပ်သည် နို့ဆီဗူးကိုဖောက် ကာ အကျရေဖြင့် ခလောက်၍ လက်ဘက်ရည် နှစ်ခွက်ဖျော်လိုက်လေ၏။ ထို့နောက် လက်ဘက် ရည်နှစ်ခွက်ကိုယူ၍ အဘရှိရာ သရက်ပင်အောက် ဆီသို့ ယူလာခဲ့လေ၏။ သရက်ပင်အောက်သို့ရောက်လျှင် လက်ဘက်ရည်တစ်ခွက်ကို အဘ ရှေ့တွင် ချထားပေးလိုက်လေ၏။ ကျန်တစ်ခွက် ကိုမူ ကျွန်ုပ်သောက်ရန်အတွက် ကျွန်ုပ်ရှေ့တွင် ချထားလိုက်လေ၏။

အဘသည် လက်ဘက်ရည်ပူပူကို တရှုးရှုး ဖြင့်မှုတ်၍ နှစ်ငုံခန့်သောက်လိုက်လေ၏။ ထိုသို့ သောက်ပြီးလျှင် စီးကရက်တစ်ဗူးထဲမှ တစ်လိပ် နှိုက်ယူလိုက်ကာ မီးခြစ်ကိုထောက်ခနဲခြစ်၍ မီးညှိကာ ရှိုက်ဖွာနေလေတော့သည်။ အဘ စီးကရက်သောက်နေသည်ကိုကြည့်၍ ကျွန်ုပ် လည်း ခံတွင်းချဉ်လာသည့်အတွက် ဆေးပေါ့လိပ် တစ်လိပ်ကို မိးညှိပြီးသောက်နေလေ၏။

ထိုအချိန် တွင် အဘက-
““နေ့လယ်က တို့ဆီကိုလာတဲ့ ဧည့်သည် တော်တော်များတယ်နော်”” ဟု ပြောလေ၏။
ထိုအခါ ကျွန်ုပ်က-
““ဟုတ်တယ် အဘ၊ လူတစ်ရာကျော် လောက်ရှိတယ်။ အိမ်ထဲမှာ ထိုင်စရာနေရာ မဆန့်လို့ ကားဂိုထောင်ထဲက ထန်းကြောဖျာတွေ ယူပြီး ဧည့်သည်တွေထိုင်လို့ရအောင် ဒီနေရာ အထိခင်းပေးထားရတယ်”” ဟု ပြန်၍ဖြေလိုက် လေရာ-
““အေးကွ ..လူများသလောက်အကြောင်း အရာလည်းစုံတယ်။

ယတြာကိုလည်း နည်းလမ်း စုံစုံထုတ်သုံးပြီးပေးလိုက်ရတယ်ကွ”” ဟု အဘ က ပြောလိုက်လျှင် ကျွန်ုပ်က-
““အဲဒါကြောင့်ဖြစ်မယ်ထင်တယ်။ နေ့
ခင်းတုန်းက အဘထွေးခံကိုသွန်းပေးဖို့အတွက်
အဘနားကို ကျွန်တော်ရောက်လာတော့ ရာထူး တိုးဖို့အတွက် ဓာတ်ပုံကိုကြိုးနဲ့ချည်းပြီး ယတြာ လုပ်ရမယ် ပြောနေတာကို ကျွန်တော်နားစွန် နာဖြားကြားလိုက်မိတယ်။ အဲဒီယတြာက ဘယ်လို လုပ်ရတာလဲ အဘ”” ဟု ဆိုကာ ကျွန်ုပ်သည် ယတြာလုပ်နည်းကိုပါ အဘအား တစ်ဆက်တည်း မေး လိုက်လေ၏။

ထိုအခါ အဘက-““အဲဒါက ယတြာဆိုပေမယ့် ရိုးရိုးယတြာ မဟုတ်ဘူးကွ။ ြေါငခ လို့ခေါ်တဲ့ ဂမ္ဘီရနည်းနဲ့ စီရင် ရတဲ့ ယတြာမျိုးပေါ့ကွ။ မင်းသိချင်ရင် ငါပြောပြ ပါ့မယ်ကွာ”” ဟု ပြောပြီးလျှင် အဘသည် စကား ကိုဆက်၍ မပြောသေးပဲ စီးကရက်ဗူးထဲမှ စီးက ရက် အသစ်တစ်လိပ်ကိုထုတ်ယူ၍ စီးကရက်ဖင် ကို မီးခြစ်ပေါ်တင်၍တောက်ကာ မီးညှိလိုက်ပြီး လျှင် ရှိုက်ဖွာနေလေတော့၏။

အဘသည် စီးက ရက်ကိုသာ တစ်ဖွာပြီးတစ်ဖွာရှိုက်ဖွာ၍ နေပြီးလျှင် ပြောလက်စ စကားကိုဆက်၍ မပြောပဲရှိနေလေ ၏။ ထို့ကြောင့်ကျွန်ုပ်သည်လည်း အဘအားစကား စပြန်ဖော်ပေးလိုက်လေ၏။

““အဘပြောတဲ့ ရာထူးတိုးဖို့အတွက် ဂမ္ဘီရ နည်းနဲ့ စီရင်ရတဲ့ယတြာဆိုတာ ဘယ်လိုမျိုးလည်း အဘ”” ဟု ကျွန်ုပ်က စကားကိုပြန်၍ဖော်ပေးလိုက် ရာ အဘက-
““ဒီလိုကွ။ ကိုယ်က ၀န်းထမ်းဆိုပါတော့ ကွာ။ လုပ်သက်ကလည်းကြာနေပြီ ရာထူးတိုးပေး သင့်နေရက်သားနဲ့ ရာထူးတိုးမပေးပဲ အထက်လူ ကြီးက ကိုယ့်ကိုမေ့ချင်ယောင်ဆောင်ထားတယ်။

ဒီတော့တစ်ခြားလူတွေကသာ ရာထူးတစ်ဆင့်ပြီး တစ်ဆင့်တိုးသွားကြတယ်။ ကိုယ့်ကိုကျတော့ရာထူးတိုးပေးဖို့ သတိမရဘူး။ အဲဒီလိုအခြေအနေ မျိုးမှာ ဂမ္ဘီရ နည်းနဲ့ ရာထူးတိုးအောင်လုပ်ယူရ တယ်ကွ”” ဟု ပြောလိုက်လျှင် အဘသည် လက် ထဲမှ စီးကရက်အတိုကို နှစ်ဖွာခန့် ရှိုက်ဖွာလိုက် ပြီးလျှင် အနီးရှိထွေးခံခွက်ထဲသို့ စီးကရက်အတို ကို ပစ်ထည့်လိုက်လေ၏။ ထို့နောက် အဘသည် စကားကိုဆက်၍ ပြောပြန်လေတော့၏။

““ကိုယ့်အထက်အရာရှိက တကယ်မေ့နေ တာပဲဖြစ်ဖြစ်၊ တမင်သက်သက်မေ့ချင်ယောင် ဆောင်ပြီး ညစ်ထားတာပဲဖြစ်ဖြစ် ရာထူးတိုး
ပေးရမှာကို မတိုးပေးပဲထားတယ်ဆိုရင် ကိုယ် ရာထူးတက်ဖို့အတွက် အဲဒီအထက်အရာရှိကို ဂမ္ဘီ ရနည်းနဲ့ ရာထူးတိုးပေးအောင် ယတြာလုပ်ရ တယ်ကွ။

အဲဒီလို ယတြာလုပ်မယ်ဆိုရင် အထက် အရာရှိရဲ့ ဓာတ်ပုံကို အဖြူရောင်ဖဲကြိုးလေးနဲ့ ချည်လိုက်ရမယ်။ အဲဒါကို ဂမ္ဘီရပညာနဲ့ ငြညိ လုပ်တယ်လို့ခေါ်တယ်ကွ။ ဖဲကြိုးနဲ့ဓာတ်ပုံကို ချည်ပြီးသွားပြီဆိုရင် ရေနွေးအိုးတစ်အိုးနဲ့ ရေနွေး ကြိုပြီး ကော်ဖီနှပ်ထားရမယ်။ ကော်ဖီအိုးကို မီးဖိုပေါ်တင်ပြီးပီဆိုရင် အိပ်ရာထဲမှာ သွားအိပ်နေ ရမယ်။ အိပ်တယ်ဆိုပေမယ့် တကယ်အိပ်ရမှာ မဟုတ်ဘူးနော် အိပ်ရာပေါ်မှာ တုံးလုံးလဲပြီး ကိုယ့်ကိုရာထူးတိုးမပေးတဲ့ အရာရှိကိုအာရုံပြု နေရမယ်။

အဲဒီလိုအာရုံပြုနေတဲ့အချိန်မှာ ကော်ဖီအိုး ကနေ ကော်ဖီနံ့ထွက်လာပြီဆိုတာနဲ့ “ကော်ဖီ အိုးက ကော်ဖီအနှံတွေထွက်လာ ပြီ အဲဒါငါသိပြီ” လို့ပြောပြီး အိပ်ရာကနေ ချက်ချင်းထရမယ်။ ပြီးတော့ စောစောကဖဲကြိုးအဖြူရောင်နဲ့ ချည် ထားတဲ့အရာရှိရဲ့ ဓာတ်ပုံကိုကိုင်ပြီး အမိန့်ပေးရင် စကားပြောရတယ်။

ဥပမာကွာ အရာရှိကြီး ဦးဖြူ၊ ခင်ဗျား .. ကျုပ်ကို ရာထူးတိုးပေးရမယ်။ ရာထူးတိုးမ ပေးပဲ ခင်ဗျားကျုပ်ကိုပစ်ထားတာကြာပြီ။ ဒါ့ ကြောင့် ခင်ဗျားက ကျုပ်ကိုမဖြစ်မနေရာထူးကို တိုးပေးရမယ်။ အဲဒီလိုအမိန့်ပေးပြီးရင် အရာရှိ ဓာတ်ပုံသိမ်းထားလိုက်ရမယ်။
ကိုယ်အမိန့်ပေးပြီး စကားတွေ အားလုံးကိုအရာရှိကိုယ်တိုင်ကြားပါ တယ်။ ကြားတယ်ဆိုတာ အရာရှိရဲ့နားနဲ့ကြားတာ တော့ မဟုတ်ဘူး။ ဒါပေမဲ့ အရာရှိရဲ့ရင်ထဲကိုရောက် သွားတယ်။ အရာရှိရဲ့ရင်ထဲကနေသိပြီး ရာထူးတိုး ပေးလိမ့်မယ်””ဟု

အဘသည် ကျွန်ုပ်အား ရာ ထူးတိုးစေသည့် ဂမ္ဘီရအစီအရင်ပညာရပ် အ ကြောင်းကို အထက်ပါအတိုင်း စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်ရသောကြောင် အာခေါင်ခြောက်ပြေ စေရန်အတွက် လက်ဘက်ရည်ကို တစ်ကျိုက် တည်း တစ်ရှိန်းထိုးမော့သောက်လိုက်လေတော့သတည်း။

သဗ်ဗေ သတ်တာ ကမ်မ ဒါယာဒါ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...