မျောက်မင်းစမတော်ကြီး

မျောက်မင်းစမတော်ကြီး

Astrology
မျောက်မင်းစမတော်ကြီး

အတိုက်အခံ အပြိုင်အဆိုင် ကင်းဝေးစေသောမျောက်မင်းစမတော်ကြီး။
ဒီ စမလေးကတော့ လက်တွေ့မှာ အောင်မြင်မူနဲ့အတူထိရောက်မူရှိခဲ့တဲ့
စမ လေးတစ်ခုဆိုရင် မမှားပါဘူး။မိမိကိုယ်ပဲ ဖြစ်စေ မိမိ၏အိမ်သူ အိမ်သားပဲဖြစ်စေတစ်စုံတစ်ဦးဦးကိုလာရောက် တိုက်ခိုက်တာတွေအနှောက်အယှက်ပေးတာ ရန်လိုတာတွေ..အတိုက်အခံလုပ်ခံရတာ ယှဥ်ပြိုင်ရင်ဆိုင်ရတာတွေ..ပြဿနာအရှာခံရတာ
မနာလိုဖြစ်ခံရတာတွေ..မကောင်းကြံစည်ခံရတာတွေမဖြစ်အောင်လို့…။အသုံးပြုခဲ့တဲ့ “မက္ကဋ” လို့ ခေါ်တဲ့မျောက်မင်း စမ ဖြစ်တယ်

ဒီစမကို ကူးယူ ကပ်လောင်းပြီး မိမိတို့၏ အိမ်၏အ၀င်ဝ အထွက်ဝ မိန်းတံခါးအပေါက်ဝရဲ့ အပေါ်မှာ ချိတ်ဆွဲထားခြင်းသည်လည်း အတိုက်အခံကင်းဝေးစေတယ်။(မျောက်မင်းစမအားကပ်လောင်း၍ မိမိတို့၏ပိုက်ဆံအိပ်ထဲ၌လည်း ဆောင်ထားနိုင်သည်)
တစ်နည်းအားဖြင့် … တစ်စုံတစ်ခုခုက မိမိတို့ကို တကယ်တိုက်ခိုက်နေပြီပြဿနာရှာနေပြီဆိုရင် မကောင်းတာတွေ လုပ်နေပြီအပြိုင် အဆိုင်တွေ ဖြစ်နေပြီဆိုရင်တော့…။

မိတ္တူ ကူး၍ ကူးထားသော မျောက်မင်းစမအား ဖယောင်းတိုင်တွင်ပတ်၍ မျောက်မင်း၏ မျက်နှာကို မိမိတို့ကိုတိုက်ခိုက်နှောက်ယှက်သော သူ၏ အရပ်ကိုမျောက်မင်း၏ ဦးခေါင်း(မျက်နှာ)မူ၍ တစ်နေ့ကို မနက် ၉ နာရီမှာ တစ်တိုင် ည ၉နာရီမှာ တစ်တိုင်နှုန်း ၉ ရက်တိတိ ကြွေပုဂံပြားပေါ်မှာ မတ်စေ့တင် မတ်စေ့ပေါ်မှာထွန်း၍ဆုတောင်းပူဇော်ကြည့်ပါ ဘုရားစင်၏ အောက် ခုံပုလေးနဲ့တင်၍ထွန်းပါ။

များမကြာခင်အောင်မြင်မယ်ဆိုတာကိုဧကန်မုချ မျက်ဝါးထင်ထင်တွေ့မြင်ရလိမ့်မည် ဖြစ်သည်.။

credit

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...