အိမ်မှာအပင်စိုက်ဝါသနာပါသူများသိထားသင့်တဲ့အပင်နိမိတ်များ
“အပင်နိမိတ်”
၁။ ကိုယ့်ခြံထဲက အပင်တွေ အလွယ်တကူ မခုတ်ပါနဲ့ ။ တချို့ အပင်တွေက အိမ်သား တစ်ယောက်ယောက်နဲ့ ဆက်နွယ် နေတတ်လို့ လူ သွားထိပါတယ် ။
၂။ အိမ်ပေါက်တည့်တည့် ဝါးပင် မစိုက်ပါနဲ့။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ်ပါတယ် ။
၃။ ပင်စိမ်းပင် ခြံထဲ စိုက်ပါ ။ အိမ်သားတွေ တော်ရုံ မဖျားနာပါဘူး ။
၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပါ ။ အပွင့်ပွင့်ရင် ငွေဝင်တတ်ပါတယ် ။
၅။ နှစ်တစ်ရာ ကျောက်စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါ။ အလုပ်အကိုင် အဆင်ပြေပါတယ်။ အနံ့မရှိ ပန်းမရှိ အရွက်တွေ ဘုရားမကပ်ရပါဘူး ။
၆။ သရက်ပင် ခြံထဲ စိုက်ပါ ။ အိမ် အေးချမ်းတတ်ပါတယ် ။
၇။ မှို့ပင် ခြံထဲ မစိုက်ပါနဲ့ ။ လုံးပတ် သစ်ခွဲလို့ရရင် လူသေတတ်ပါတယ် ။
၈။ ဗန်ဒါပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ရရင် လူသေတတ်ပါတယ် ။ (ခြံရှေ့ စိုက်ပါ) ။သူ့ ဘာသာ ပေါက်ရင် ထားလို့ ရပါတယ်။ နဂိုပါ ထားလို့ ရပါတယ် ။
၉။ ညောင်ပင် ခြံထဲ မစိုက်ပါနဲ့။ ဘာသာရေး မမြဲတဲ့ မိသားစုဆို ဒုက္ခရောက်တတ်ပါတယ် ။
၁၀။ လူမမာရဲ့ လက်သည်း ၊ ခြေသည်း ၊ ဆံပင် စတာတွေကို သစ်ပင် အပေါက်ဖေါက်ပြီး ထည့်လိုက်ပါ ။သစ်ပင် ညှိုးသေ ၊ ကျိုးကျ တစ်ခုခု ဖြစ်ရင် သူ နေကောင်းတတ်ပါတယ် ။ (လုပ်သင့် မလုပ်သင့်တော့ ကိုယ်တိုင်သာ စဉ်းစားကြပါ ။)
Credit အမည် မသိ ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။