၁၃၈၆ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၆ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခုနှစ်တွင် ဉာဏ်ရည်ကို မှီတင်းလုပ်ကိုင်၍ ရင်းနှီးမြုပ်နှံမှုတို့၏ အကျိုးရလဒ်များပြီး အလုပ်သမားတို့၏ ကူညီပံ့ပိုးမှုဖြင့် အောင်မြင်မှု ရရှိမည်။ အကျိုးတူဖက်စပ်လုပ်ငန်း အကျိုးပေးမည်။ မိမိလုပ်ငန်းခွင်တွင် အခက်အခဲများ ကျော်လွှားနိုင်မည်။ လုပ်ငန်းပြောင်းလဲမှု အသစ်များနှင့် တိုးတက်မှုကို အဆင့်ဆင့် တက်ရမည့်နှစ် ဖြစ်သည်။

ကွန်ပျူတာနှင့် တီထွင်ပညာများ ဆောင်ရွက်ခြင်း၊ အစားအသောက်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ခြင်း၊ အထည်ဆိုင်၊ ဖန်စီလုပ်ငန်းနှင့် ကုန်မာဆိုင် ဖွင့်လှစ်ခြင်းများ ကောင်းသည်။ လုပ်ငန်းကိစ္စတွင် အင်္ဂါ၊ သောကြာ သားသမီးများနှင့် တွဲဖက်၍ ဆောင်ရွက်သင့်သည်။

ကြိုးစားမှုရှိသမျှ မထင်မှတ်ဘဲ မျက်ဝါးထင်ထင် တိုးတက်အောင်မြင်မှုများ ရရှိမည်။ အိမ်၊ ခြံ၊ မြေ အဆောက်အဦး ရောင်းဝယ်မှု အကျိုးရလဒ် နည်းမည်။ မထင်မှတ်ထားသော သူတို့၏ စွပ်စွဲခံရပြီး ဘာသာခြားတို့၏ အကူအညီဖြင့် အဆင်ပြေသွားနိုင်သည်။ အပျော်အပါးနှင့် လူနေထူထပ်သော နေရာများ သွားလာရာတွင် ပြဿနာများ ဖြေရှင်းရကိန်း ရှိသည်။ နှစ်ဖက်မိဘ ဆွေမျိုးများအတွက် စိတ်ပူပင်ရခြင်း၊ ကျန်းမာရေး ကုသမှုများ ဆောင်ရွက်ပေးရခြင်း၊ မိသားစုအတွက် ရည်စူးဆောင်ရွက်သော ကိစ္စများ ဆောင်ရွက်နိုင်မည်။

စွပ်စွဲမှု အမျိုးမျိုး ခံရကိန်း ကြုံမည်။ မိခင်နှင့် ပတ်သက်၍ စိတ်ညစ်ရမည်။ ပြည်တွင်း၊ ပြည်ပ ခရီးတို၊ ခရီးရှည်များ သွားရကိန်း ရှိမည်။ ခရီးသွားရာ၌ အခက်အခဲ ကြီးငယ် ကြုံတွေ့နိုင်သည်။ ဘာသာရေး စိုက်ထုတ်မှု အားကောင်းလာသလို အလှူအတန်းတို့နှင့်မပျက် ရှိနေတတ်သည်။

ပညာရေး အထောက်အပံ့ ရမည်။ ပညာရေးတွင် ဝီရိယစိုက်ထုတ်မှု အောင်မြင်မှုခြေလှမ်းကို လှမ်းနိုင်မည်။ လုပ်ငန်းခွင် အတတ်ပညာများ၊ ဘွဲ့လွန် အတတ်ပညာများ လေ့လာရခွင့်ကြုံမည်။ အချစ်သစ် တွေ့မည်။ အချစ်ရေး ကိစ္စများတွင် အဆင်ပြေလာမည်။ သို့သော် နှစ်ဖက်မိဘများ သဘောထား ကွဲလွဲတတ်သည်။ မေတ္တာရေး ကမ်းလှမ်းမှုများကြုံပြီး အိမ်ထောင် ကျသွားတတ်သည်။ အိမ်ထောင်ရေးသုခ ခံစားရမည်။

ကုန်ချောစကားများကြောင့် အိမ်ထောင်ရေး မသင့်မတင့် ဖြစ်တတ်သည်။ ဇနီး၊ ယောက်ျား ကျန်းမာရေး အနည်းငယ် ညံ့မည်။ ကျန်းမာရေးတွင် ဆေးထိုးဆေးစား၊ အစားအသောက် မှားယွင်း၍ ဘေးဖြစ်နိုင်သည်။ ရေချိုးမှားခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း၊ လေးဘက်နာရောဂါနှင့် မီးယပ်ရောဂါ၊ အူလမ်းကြောင်း ရောဂါများ ဖြစ်ပွားတတ်သည်။

အကျိုးပေး အက္ခရာ – သ၊ ရ၊ င၊ အ။
အကျိုးပေး ဂဏန်း – ၀၊ ၁၊ ၄၊ ၅၊ ၇၊ ၉။

၁၃၈၆ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ယတြာ

ကြာသပတေး နေ့တိုင်း မနက် ၁၁နာရီ ၄၅မိနစ် အချိန် အိမ်ဘုရားတွင် ကြေးဖလားဖြင့် ရေတော် ၅ခွက်၊ အဖြူရောင် မေမြို့ပန်း ၅ပွင့်နှင့် မြလေးပန်း ၅ကုံး လှူပေးပါ။ ကြွေပန်းကန်ပြား ၁ချပ်တွင် ဖရဲသီး၊ ရွှေဖရုံသီး ၅စိပ် ထည့်၍ ကပ်လှူပေးပါ။ ကြွေပန်းကန်ပြား ၁ချပ်၌ သံပုရာသီး ၅လုံး ထည့်၍ ကပ်လှူပေးပါ။ ဘေးတွင် မြေနှင့် ပြုလုပ်ထားသော ငွေရောင်ပန်းအိုးဖြင့် သီးညွှန့်၊ မြေစာညွှန့်နှင့် ပေါက်ညွှန့် (၅)ညွှန့်စီတို့ကို ပန်းအိုးထဲတွင် ရေထည့်၍ ကပ်လှူပေးပါ။ အညွှန့်၊ ပန်းများ မလွယ်ခဲ့လျှင် ဆွမ်းတော်များကိုသာ ကပ်လှူပေးပါ။ လိုရာဆုတောင်းပါ။

✴တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စွန့်ပြီးလျှင် မရှိဆင်းရဲသားကို ဆွမ်းတော်များနှင့်အတူ ငွေ သဒ္ဒါတရားရှိသလောက် မဂဏန်းဖြင့် လှူပေးလိုက်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...