၁၃၈၆ခုနှစ် သောကြာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း
ယခုနှစ်တွင် ခရီးသွားရင်း ဝင်ငွေရှာသောနှစ် သို့မဟုတ် ဆန္ဒကြောင့် ခရီးသွားရင်း စီးပွားဖြစ်သောနှစ်ဟု ဆိုရမည်။ အတွေ့အကြုံနှင့် မှတ်သားဖွယ်ရာများ ကျန်ခဲ့မည်။ နေရာအပြောင်းအလဲ ရာထူးတိုးရန် ရှိသည်။ လုပ်ငန်းခွင် ဆုံးရှုံးသောကိစ္စများ ပြန်လည်ရရှိရန် အခွင့်အလမ်းများ စတင်လာမည်။ ကုမ္ပဏီသစ် ထူထောင်ခြင်း၊ သံထည်ပစ္စည်း၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စိုက်ပျိုရေး ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ရေသန့် ထုတ်လုပ်ခြင်းများ အထူးအကျိုးအမြတ် ခံစားရမည်။ လုပ်ငန်းကိစ္စများတွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများနှင့် တွဲဖက်ဆောင်ရွက်ခြင်းများ ဂရုစိုက်ပါ။
မိတ်ကောင်း၊ ဆွေကောင်းများထံမှ ကူညီခြင်းများ ရရှိမည်။ အံဝင်ခွင်ကျ မဖြစ်သော ဝင်ငွေကြောင့် စကားများရတတ်သည်။ လောကစည်းစိမ်း ခံစားလွန်းပြီး အမှောင်ဘက် မရောက်အောင် အထူးဂရုစိုက်သင့်သည်။ အထက် အကြီးအကဲ ပုဂ္ဂိုလ်များနှင့် ဆက်ဆံရာတွင် အထူးဂရုစိုက်ရမည့်နှစ် ဖြစ်သည်။ မင်းစိုးရာဇာများနှင့် စကား အငြင်းအခုန် ပြောရခြင်း၊ စိတ်သောက ဝင်ခြင်းများ ရှိမည်။ မိဘဆွေမျိုး၏ အဘက်ဘက်မှ ကူညီစောင့်ရှောက်မှုများ ရရှိတတ်သည်။ ကိစ္စဟောင်းတို့အပေါ် ငြင်းခုန်နေရခြင်းကြောင့် ဆွေမျိုးများကြား မျက်နှာမရဘဲ ရှိတတ်သည်။ နှစ်ဖက်မိဘများ၏ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးရတတ်သည်။
မိမိ ကြိုးစားသော အသိပညာနှင့် အတတ်ပညာများကြောင့် တိုးတက်၍ ဘဝပန်းတိုင် ဆွတ်ခူးနိုင်တော့မည် ဖြစ်သည်။ ပညာရေးတွင် ထူးချွန်မှုရှိသော်လည်း မိသားစု အားပေးမှု အားနည်းတတ်သည်။ စာမေးပွဲ၊ အလုပ် အင်တာဗျူးများ မမျှော်လင့်ဘဲ ကျဆုံးရတတ်သည်။ လူပျို၊ အပျိုများ အချစ်ရေးနှင့် ပတ်သက်၍ အဖုအထစ်များ ကြုံတွေ့ရသော်လည်း အောင်သွယ် ကောင်းမှုကြောင့် အဆင်ပြေ ချောမွေ့စေလိမ့်မည်။
အိမ်ထောင်ရှင်များ သားသမီးများအတွက် သတင်းကောင်း ကြားရခြင်း၊ အိုးအိမ်များ ထူထောင်နိုင်ပြီး အမွေအနှစ်များ ရရှိတတ်သည်။ ကျန်းမျာရေးတွင် မထင်မှတ်ဘဲ ခွဲစိတ်ကုသမှု ခံယူရခြင်း၊ သွားနှင်ခံတွင်း၊ သွေးနှင့် ပတ်သက်သော ရောဂါများ၊ သွေး အားနည်းခြင်း၊ ခြေထောက် ထိခိုက် ဒဏ်ရာရခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ကျောက်ကပ်၊ ဆီးချိုရောဂါ၊ နှလုံးတုန်ခြင်းများ ခံစားရတတ်သည်။ ခရီးသွားလာရာတွင် သလဲညွှန့်၊ လက်ဖက်ညွှန့်တို့ကို ဆောင်သွားပါ။
အကျိုးပေး အက္ခရာ – ဆ၊ က၊ တ၊ န။
အကျိုးပေး ဂဏန်း – ၁၊ ၃၊ ၄၊ ၅၊၆၊ ၈။
၁၃၈၆ခုနှစ် သောကြာ သားသမီးများအတွက် တစ်နှစ်တာ ယတြာ –
သောကြာ နေ့တိုင်း မနက် ၁၀နာရီ ၁၁မိနစ် အချိန် အိမ်ဘုရားတွင် ကြေးဖလားဖြင့် ရေတော် ၆ခွက်၊ အဖြူရောင် သစ္စာပန်း၊ အနီရောင် နှင်းဆီပန်းနှင့် သဇင်ပန်းတို့ကို ၉ပွင့်စီ လှူပေးပါ။ ကြွေပန်းကန်ပြား ၁ချပ်တွင် ဆန် နို့ဆီဗူး ၁လုံး၊ ဆီ ဗူးအသေး ၁ဘူး၊ ဆား ဗူးအသေး ၁ဘူးနှင့် ကြိုက်ရာဆေးဝါးတို့ကို ထည့်၍ ကပ်လှူပေးပါ။ ဘေးတွင် မြေနှင့် ပြုလုပ်ထားသော အဖြူရောင်ပန်းအိုးဖြင့် သနပ်ခါးညွှန့်နှင့် ဒါန်းညွှန့် (၇)ညွှန့်တို့ကို ပန်းအိုးထဲတွင် ရေထည့်၍ ကပ်လှူပေးပါ။ အညွှန့်၊ ပန်းများ မလွယ်ခဲ့လျှင် ဆန်၊ ဆီ၊ ဆေး၊ ဆားများကိုသာ ကပ်လှူပေးပါ။ လိုရာဆုတောင်းပါ။
တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စွန့်ပြီးလျှင် မရှိဆင်းရဲသားကို ဆန်၊ ဆီ၊ ဆေး၊ ဆားများနှင့်အတူ ငွေ သဒ္ဒါတရားရှိသလောက် မဂဏန်းဖြင့် လှူပေးလိုက်ပါ။✴
မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။
ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။