၁၃၈၆ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၆ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခုနှစ်တွင် ဩဇာရှိသူ သူကြွယ်တို့၏ ယုံကြည်မှုကို ရရှိတတ်ပြီး လုပ်ငန်း ချဲ့ထွင်လာနိုင်သည်။ စိတ်တည်ငြိမ်မှု အားကောင်းစေရန် အထူးကြိုးစားရမည့် ကာလဆို မမှားပေ။ စိတ်ခွန်အားကြီးသလို ဒေါသကိုလည်း ထိန်းသိမ်းရမည်။ မိသားစုနှင့် ခဏတာခွဲရပြီး လုပ်ငန်းကိစ္စနှင့် အများအကျိုးပြု လုပ်ငန်းများ ပါဝင်ရမည်။ လုပ်ငန်းခွင်တွင် အပြိုင်အဆိုင်များကြောင့် အနှောင့်အယှက်များ ဝင်လာတတ်သည်။ မိမိ လုပ်ကိုင်ချင်သော ကိစ္စရပ်များ ဆောင်ရွက်ရန် ခက်ခဲတတ်သည်။ မိတ်ဆွေ၊ အကြီးအကဲများ၏ အကြံဉာဏ်များယူ၍ လုပ်ငန်းကိစ္စများ ဆောင်ရွက်မှသာလျှင် အကျိုးထူး ခံစားရမည့် နှစ်ဖြစ်သည်။

အစုရှယ်ယာဝင်ခြင်း၊ ကုန်မာဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်ခြင်း၊ မြေဩဇာနှင့် ဆန်ရောင်းဝယ်ခြင်းများမှာ အကျိုးအမြတ် ဖြစ်ထွန်းမည်။ နိုင်ငံရပ်ခြားမှ တင်သွင်းသော ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း ကောင်းမည်။ စကားမတည်သူများ၊ စကားကို ဒွိဟ ပြောဆိုတတ်သူများနှင့် ကြုံတွေ့ရတတ်သည်။ လူမှုရေး ပြဿနာများနှင့် ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ စာချုပ်စာတမ်းများ အာမခံခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ မိမိတာဝန် ယူဆောင်ရွက်ရမည့် ကိစ္စများတတ်နိုင်သမျှ ရှောင်ကျဉ်ရမည်။ မိမိ လွယ်ကူမည်ဟု ယူဆရသောကိစ္စများ အနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ ငွေကြေး၊ ခြံ၊ ကားများ ငှားရမ်းခြင်းကို အထူးရှောင်ပါ။

လုပ်ငန်းကိစ္စများအတွက် တနင်္လာနှင့် ကြာသပတေး သားသမီးများနှင့် တွဲဖက်လုပ်ကိုင်သင့်သည်။ အနောက်အရပ် ခရီးသွားခြင်းများ ရှောင်ပေးပါ။ လူမှုရေးပြဿနာများနှင့် ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ ပညာရေးအတွက် ငွေကုန်ကြေးကျ များမည်။ သို့သော် အောင်မြင်မှုများ ရရှိမည်။ အချစ်ရေးတွင် ပျိုရွယ်သူများ တစ်ဖက်သတ် အချစ်မျိုးများနှင့် တွေ့ဆုံရတတ်ပြီး ကိုယ်ရတာမလို၊ လိုတာမရ ဗျာများရတတ်သည်။

အိမ်ထောင်ရှင်များ၊ ဇနီးမယားအတွက် ငွေကုန်ကြေးကျ များတတ်ပြီး အထူးချစ်ခင်စုံမက်ခြင်း ခံရသောနှစ် ဖြစ်သည်။ ကျန်းမာရေးတွင် ဆီးနှင့် ပတ်သက်သော ရောဂါ၊ အာရုံကြော အားနည်းသော ရောဂါ၊ အအေးမိခြင်း၊ ထုံကျဉ်ခြင်း၊ ခါးအောက်ပိုင်း ရောဂါများ ဖြစ်ခြင်း၊ သွေးအားနည်းခြင်းများ ဖြစ်တတ်သည်။

အကျိုးပေး အက္ခရာ – ရ၊ လ၊ သ၊ ဟ။
အကျိုးပေး ဂဏန်း – ၀၊ ၁၊ ၂၊ ၄၊ ၆၊ ၈။

၁၃၈၆ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ယတြာ

အင်္ဂါ နေ့တိုင်း မနက် ၉နာရီ ၄၅မိနစ် အချိန် အိမ်ဘုရားတွင် ကြေးဖလားဖြင့် ရေတော် ၅ခွက်၊ အဖြူရောင် မေမြို့ပန်း ၉ပွင့် လှူပေးပါ။ ရွှေထီး၊ ငွေထီး ၁၁လက် ဘုရား၏ တောင်အရပ်တွင် ပူဇော်ပေးပါ။ ကြွေပန်းကန်ပြား ၁ချပ်တွင် လက်ဖက်၊ အကြော်စုံ ထမင်းစားဇွန် ၉ဇွန် ထည့်၍ ကပ်လှူပေးပါ။ ကြွေပန်းကန်ပြား ၁ချပ်၌ ဘာယာကြော် ၈ခု ထည့်၍ ကပ်လှူပေးပါ။ ဘေးတွင် မြေနှင့် ပြုလုပ်ထားသော ရွှေရောင်ပန်းအိုးဖြင့် ရွက်လှညွှန့် (၄)ညွှန့် ပန်းအိုးထဲတွင် ရေထည့်၍ ကပ်လှူပေးပါ။ အညွှန့်၊ ပန်းများ မလွယ်ခဲ့လျှင် ဆွမ်းတော်များကိုသာ ကပ်လှူပေးပါ။ လိုရာဆုတောင်းပါ။

✴တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စွန့်ပြီးလျှင် မရှိဆင်းရဲသားကို ဆွမ်းတော်များနှင့်အတူ ငွေ သဒ္ဒါတရားရှိသလောက် မဂဏန်းဖြင့် လှူပေးလိုက်ပါ။ ကလေး သို့မဟုတ် လူကြီးများကို ဓမ္မစာအုပ်၊ စာအုပ် စာပေများ လှူဒါန်းပေးပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...