၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့ မှ မေလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့ မှ မေလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ ခံစားရတတ်ပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေရန် ပြုမူနေထိုင်ပေးပါ။

ဤကာလအတွင်း ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ပါမယ်။ ဝင်ငွေ တိုးတက်မှုနှင့် အတူ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။ အိမ်မှုရေးရာ ကိစ္စရပ်များကို လုပ်ဆောင်ရာတွင်

မိမိ၏ သဘောထက် တခြားသူများ၏ စိတ်ဆန္ဒကိုပါ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ပါမယ်။ မဟုတ်ပါက ရေရှည်တွင် ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါမယ်။ အခြေအနေတိုင်းတွင် စိတ်ရှည် သည်းခံစွာ လုပ်ဆောင်ပေးပါ။

ပြိဿရာသီခွင် – Taurus ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေး အရ အထူး ကောင်းမွန်နေပါမယ်။ ကိုယ်ခံအားကောင်းကာ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ မိမိ၏ ကျန်းမာရေးအပြင် မိသားစုဝင်၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေး အရ ကောင်းမွန်သော အမြတ်အစွန်းများနှင့် အတူ အဆင်ပြေပြေ ဖြတ်သန်းနိုင်ပါမယ်။ ဘဏ္ဍာရေး အစီအစဉ်များ ရေးဆွဲကာ ငွေကြေး စုဆောင်းပေးပါ။ သို့သော် မိတ်ဖက် စီးပွားရေး လုပ်ငန်းများ အနေနှင့် ငွေကြေး စနစ်တကျ စီမံခန့်ခွဲပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု အခြေအနေသည် မငြိမ်သက်နိုင်ပေ။ အဆင်မပြေမှုများ ကြားတွင် ဖိစီးနေရတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အရ အားနည်းနေနိုင်ပါမယ်။ အထူသဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးနေတတ်ပါတယ်။ ဆုံးဖြတ်ချက်များကို ကောင်းမွန်စွာ ချမှတ်နိုင်မည် မဟုတ်ပေ။

ဤကာလအတွင်း ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြေ ရှိနေပါတယ်။ သို့သော် မမှန်ကန်သော ကိစ္စရပ်များကို ရှောင်ကြဉ်ပေးရန် လိုအပ်ပါလိမ့်မယ်။ မဟုတ်ပါက နောင်တစ်ချိန်တွင် မိမိ၏ ပုံရိပ်ကို ထိခိုက်စေကာ ငွေကြေး ဆုံးရှုံးမှုများ ရှိလာနိုင်ပါမယ်။

ယခုအပတ်တွင် မိသားစုဝင်များထံမှ မျှော်လင့်ထားသည်ထက် ပံပိုးကူညီမှုများ ရရှိနိုင်ပါမယ်။ ကြုံတွေ့နေရသော အခက်အခဲများမှ သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် မိမိ၏ အခက်အခဲများကို ပွင့်ပွင့်‌လင်းလင်း ပြောဆိုပေးရန် လိုအပ်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် နှလုံးအားနည်းကြသူများ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ လိုအပ်သော ဆေးဝါးကုသမှုကို ရယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ပိုက်ဆံ အခိုးခံရခြင်း၊ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်းများ ကြုံတွေ့ရတတ်၍ ဂရုစိုက်ပေးပါ။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။

သိဟ်ရာသီခွင် – Leo ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် အသေးအမွှား ရောဂါ ဝေဒနာများ ခံစားရတတ်ပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေရန် အပြည့်အဝ အနားယူပေးပါ။

ငွေရေးကြေးရေးအရ ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိလာပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် အမြတ်အစွန်းများနှင့် အတူ လုပ်ငန်းခွင် တိုးချဲ့မှုများပါ လုပ်ဆောင်နိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်အကြား ပျော်ရွှင်မှုများ ရှိနေပါမယ်။ အကယ်၍ မိသားစုဝင် တစ်ဦးသည် ကျန်းမာရေး ဝေဒနာ ခံစားနေရပါက တိုးတက်မှုများ ရှိလာနိုင်ပါမယ်။ သို့သော် ဆေးကုသမှု မှန်မှန်ကန်ကန် ခံယူပေးရန် လိုအပ်ပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် အထိအခိုက် ဒဏ်ရာ ရရှိနိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ ဒါ့အပြင် မိသားစုဝင်များ အတွက် လိုအပ်သော ငွေကြေး ထောက်ပံ့မှုကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သို့သော် မိမိ၏ အလုပ်ကိစ္စများနှင့်သာ အချိန်မကုန်ဆုံးပါနှင့်။ တတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါ။

တူရာသီခွင် – Libra ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အားစိုက်ပေးရပါမယ်။ မိမ်၏ ကျန်းမာရေးအပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်း သို့မဟုတ် ယောဂ စသော လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်ပေးပါ။

ငွေကြေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေးနှင့် ပတ်သက်၍ ပြဿနာများကို အချိန်အတော်ကြာ ကြုံတွေ့နေရပါက အတိုင်းအတာ တစ်ခုအထိ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန်အပြင် မိသားစုဘဝအတွက်ပါ အချိန်ပေးနိုင်ပါမယ်။ မိသားစုအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ ရောဂါ ဝေဒနာ ခံစားနေကြသူများ အနေနှင့် သက်သာရာ ရရှိပါလိမ့်မယ်။ သို့သော် မှန်ကန်သော ကုသမှုနှင့် အတူ ဆေးဝါး ပုံမှန် မှီဝဲပေးရန် လိုအပ်ပါလိမ့်မယ်။ ကိုယ်လက်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါ။ အစိမ်းရောင် အသီးအရွက်များကို တတ်နိုင်သမျှ စားသုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ပိုမိုကောင်းမွန်နေပါမယ်။ ငွေကြေး လမ်းကြောင်းများ အပြင် ငွေကြေး တိုးတက်မှုများ ရှိနေပါမယ်။ ဒါ့အပြင် မိသားစု အတွက် လိုအပ်သော ငွေကြေး ထောက်ပံ့မှုများကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ငွေကြေး ချေးငှားမှုနှင့် ပက်သက်၍ သတိထားပေးပါ။

ဤကာလအတွင် မိမိနေအိမ်သို့ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ဖွယ် ရှိနေပါတယ်။ မိသားစုဝင်များနှင့် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးကို မြှင့်တင်ပေးရန် လိုအပ်ပါမယ်။ အာဟာရ ပြည့်ဝသော အစားအစာများ အပြင် အစိမ်းရောင် အသီးအနှံများကို စားသုံးပေးသင့်ပါတယ်။ ကလေးငယ်ရှိသော အိမ်ထောင်သည်များ အနေနှင့် ရက်သတ္တပတ် အစောပိုင်းမှ စတင်၍ အထူးဂရုစိုက်ရန် အကြံပြုလိုပါတယ်။

ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် ငွေကြေး သုံးစွဲရတတ်ပါတယ်။ ဘဏ္ဍာရေးအရ ပိုမိုအားထုတ်ရမည့် အနေအထားတွင် ရှိနေပါတယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစုဘဝသည် မတည်ငြိမ်နိုင်ပေ။ မိသားစုဝင် အချို့နှင့် စကားအခြေအတင် ပြောဆိုရဖွယ် ရှိနေပါတယ်။ ခေါင်းမာမှုတို့ကြောင့် ဆက်ဆံရေးအပေါ် အနုတ်သဘောဆောင်သော သက်ရောက်မှုများ ရှိလာနိုင်ပါမယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ကံတရား၏ ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ပုံမှန် ကျန်းမာရေးကို ထိန်းထားနိုင်ပါမယ်။ ရက်သတ္တပတ် နောက်ပိုင်း ကာလတွင် အနည်းငယ် ထိုင်းမှိုင်းနေတတ်ပါတယ်။

ငွေကြေးအားဖြင့် နယ်ပယ်များစွာမှ ဝင်ငွေ ရရှိနိုင်သော်လည်း ကုန်ကျစရိတ်များသည်လည်း တိုးလာနိုင်သည်မလို့ သတိထားပေးပါ။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် လာမည့် နေ့ရက်များတွင် ပိုမိုခက်ခဲနေနိုင်ပါမယ်။

မိသားစုဘဝတွင် သာယာပျော်ရွှင်မှုနှင့် အတူ ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်နိုင်ပါမယ်။ သို့သော် အချစ်ရေးအားဖြင့် နားလည်မှု၊ သဘောထား ကွဲလွဲမှု အချို့ ရှိလာနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး ရှုထောင့်အရ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာများနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော်လည်း နေ့စဉ် နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပြီး အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။

ငွေရေးကြေးရေး အရ စိတ်လှုပ်ရှားဖွယ် အခြေအနေသစ်များနှင့် ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေး အကျိုး ခံစားခွင့်များကြောင့် အရင်ထက် ဘဏ္ဍာရေး အခြေအနေ ပိုမို အားကောင်းနေပါမယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပေါ့ပေါ့ပါးပါးဖြင့် ဖြတ်သန်းနိုင်ပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( May 20 to May 26 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် အလုပ်ချိန်နှင့် အနားယူချိန်ကြား မျှတမှု ရှိစေရန် အရေးကြီးပါတယ်။ အကယ်၍ ရောဂါ၊ ဝေဒနာဟောင်းများ ခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်ဖွယ် ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ် တက်ကြွနေပါမယ်။ စားသောက်မှု အလေ့အထနှင့် ကိုယ်လက်လေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာခြေ ရှိနေပါတယ်။ ငွေကြေး အကျိုးခံစားခွင့်များ ရရှိရုံသာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ လူနေမှု ဘဝတွင် အဆိုးမြင်စိတ်များ ဖုံးလွှမ်းနေတတ်ပါတယ်။ အထူးသဖြင့် သူငယ်ချင်း၊ ဆွေမျိုး၊ မိသားစု အသိုင်းအဝိုင်းတို့က မိမိ လိုအပ်ချက် အပေါ် နားလည်မှု မပေးနိုင်သလို ခံစားနေရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...