ရှေးလူကြီးများကဆုံးမ သွန်သင်ခဲ့တဲ့ မပြုရ မလုပ်အပ်သော အရာများ

Astrology
ရှေးလူကြီးများကဆုံးမ သွန်သင်ခဲ့တဲ့ မပြုရ မလုပ်အပ်သော အရာများ

ရှေးလူကြီးများက ကောင်းကျိုး မင်္ဂလာ
ကင်းမဲ့စေပြီး ဆိုးပြစ်များ ခံစားရစေတဲ့
အနေအထိုင် အပြုအမူတွေကို မလုပ်ဖို့
ဆုံးမ သွန်သင်မူများ ပြောဆိုကြပါတယ် ။
ရှေးထုံးလဲမပယ်နဲ့ ၊ စျေးသုံးလဲမလွယ်နဲ့
ဆိုသလို ရှေးလူကြီးများ ဆုံးမသွန်သင်မူ
များကို ပစ်ပယ်လို့ မရပါ ။ စာဖတ်သူများ
ဗဟုသုတပွားများစေရန် စုစည်းတင်ပြ
ပေးလိုက်ပါတယ် ခင်ဗျာ ။

❑ သောက်ရေအိုး သို့မဟုတ် ရေသန့်ဘူးကို အိမ်၏
ဖိနပ်ချွတ် ၊ ခြေရင်း မထားပါရ ၊ ခေါင်းရင်း
တွင်ထားပါ ။
❑ ထီးကို ဖိနပ်ချွတ်တွင် မထားရ ၊ တံမြက်စည်း
အနီး မထားရ ၊ အမြင့်မှာ ချိတ်ပါ ။
❑ အိမ်ရှေ့ဝင်ပေါက် တည့်တည့် သို့မဟုတ် အိမ်၏
အရှေ့မျက်နှာစာတွင် အဝတ်ကြိုးတန်း
မတန်းရ ၊ မလှန်းရ ၊ မလျှော်ရ ။
❑ လူကြီးမိဘ၏ ဦးထုပ် ၊ ခေါင်းအုံးတွေ ၊
မျက်နှာသုတ်ပဝါကို ကလေးငယ်များ
ခြေဖြင့် နင်း၍ မဆော့ရ ။
❑ အိမ်၏ခေါင်းရင်း အမြင့်မှာ သားသမီး ၊ မြေး ၊
မြစ် ဓာတ်ပုံများ မချိတ်ရ ။ ဒါ့ပြင် ချိတ်ဆွဲထားသော ဓါတ်ပုံတွေကလည်း ဓါတ်ပုံကြီးများ ဖြစ်မနေသင့်ပါ ။
❑ တံမြက်စည်းကို ပြောင်းပြန် ထောင် မထားရ ။ ညဘက်မှာတော့ တံခါးမကြီးကို ပိတ်ပြီး သူခိုးရန်ကာကွယ်ရန် မှီထောင်ထားသင့်ပါတယ် ။
❑ ဘုရား ၊ ကျောင်း ၊ သိမ်၊ ဇရပ် ဖျက်ပြီးရတဲ့
သစ် ၊ သံ ၊ အုတ် စသည်တို့ကို အိမ်ဆောက်
ရာတွင် မသုံးရပါ ။
❑ ခေါင်းရင်းအိမ်က နိမ့် ၊ ခြေရင်းအိမ်ကမြင့်ပြီး ကိုယ့်အိမ်က ကြားထဲရှိရင် မနေသင့်ပါ ။ အကယ်၍ ရှိနေပါ က ယတြာပြုလုပ်ထားပြီးမှ နေထိုင်သင့်ပါတယ် ။
❑ အိမ်မျက်နှာစာတွင် ကလေး အပေါ့ အလေး
မတည်ရ ၊ အောက်ခံအဝတ်အစားများလည်း နေ မလှမ်းရ ။ ကိုယ်တိုင်လဲ ကျန်းမာရေးကို အကြောင်းပြကာ အပေါ့ အလေး မစွန့်ရ ။
❑ အိမ်မျက်နှာစာတွင် ရေချိုး ထမိန်လျှော် မလုပ်ရ ။
❑ အိမ်ထောင်ဦးစီး နဲ့ ဘုမ္မိ ၊ ရန် ၊ ခိုက်ကျသော
နေရာတွင် နေအိမ် မျက်နှာမူခြင်း ၊ အလုပ်ကို
လုပ်ကိုင်ခြင်း ၊ ဘုရားကျောင်းဆောင် တည်မှု
မလုပ်ရ ။
❑ တိုင်ကပ် နာရီကို အိမ်ခြေရင်း၌ မချိတ်ရ
ပျက်နေ ၊ ရပ်နေ ၊ အချိန်မှန်မပြသော
နာရီ ပြုပြင်ပါ ။ ပြင်မရပါက စွန့်ပစ်ပါ ။
❑ အိမ်ရှေ့ခန်းတွင် ဆူပူ ၊ အော်ဟစ် ၊ ဆဲဆို ၊
ကြိမ်းမောင်း ၊ ရန်ဖြစ်ခြင်း မပြုရ ။
❑ မနက်စောစော အိမ်ရှေ့ခန်းတွင် ခြေသည်း ၊
လက်သည်း မညှပ်ရ ။
❑ အိမ်ရှေ့ လှေကား အတက်အဆင်း၌
ထင်းခွဲခြင်း ၊ မီးဖိုခြင်း ၊ အသီးအရွက်
သန့်ရှင်းခြင်း မပြုရ ။
❑ အိမ်ရှေ့ မျက်နှာစာ၌ သား ငါး
အခြောက် မလှန်းရ ။
❑ ဘုရားခန်းရှေ့တွင် လင်မယား အိပ်ခြင်း ၊
တိုင်းထွာ ဆဲရေးခြင်း ၊ အရက်သေစာ သောက်စားမှု
မပြုရ ။
❑ အိမ်ဧည့်ခန်းတွင် ဓား နှင့် အခြား လက်နက်
ပစ္စည်းများ အလှ မထားရ ။
❑ အိမ်ဧည့်ခန်းမှာ ကြမ်းပေါက်များ ပေါက်မနေရ ။
❑ အိမ်ခေါင်းရင်းဘက် မြေ မနိမ့်အပ် ၊ ကြမ်းလည်း
မနိမ့်အပ် ၊ ရေမြောင်း မဖောက်ရ ။
❑ အိမ်ရှေ့မျက်နှာစာ တည့်တည့်၌ သပြေ ၊ ငရုတ် ၊
သင်္ဘော ၊ ငှက်ပျော ၊ ညောင် ၊ ဗာဒံ ၊ ကုက္ကို နှင့်
ဆူး ပါသော အပင်များ မစိုက်ရ ။
❑ ဘုရားပန်း ၊ သောက်တော်ရေ ၊ ဆွမ်း … စသည်
စွန့်က အိမ်ခြေရင်း၌ မစွန့်ရ ၊ ခေါင်းရင်း၌ စွန့်ပါ ။
❑ ကွမ်းညှပ် ၊ ကတ်ကြေးကို ညှပ်စရာ မရှိဘဲ
ကစားပြီး မညှပ်ရ ။
❑ ဘုရားပန်း ရေဆေးရင် ပန်းကို ဇောက်ထိုး
ထားပြီး ရေမဆေးရ ။
❑ အိမ်တစ်အိမ်တည်း၌ အိမ်ထောင်ခွဲ မိသားစု
သုံးစု ပေါင်း၍ မနေရ ၊ သုံးအိုး ခွဲပြီး
ချက်ပြုတ် မစားရ ။
❑ လူအများ သောက်သုံးသော သောက်ရေအိုး မှ
ရေဖြင့် ဘုရားသောက်တော်ရေ ကပ်ခြင်း မပြုရ ။
❑ ခြံတစ်ဝိုင်းတည်း ညီအစ်ကိုမောင်နှမ အိမ်ခွဲ နေရင်
အကြီး က ခြေရင်း ၊ အငယ် က ခေါင်းရင်း မနေရ ။
❑ မိသားစုထဲ ကိုယ်က အငယ်ဆုံးဖြစ်ပါက ဘုရား ၊
သိမ် ၊ ကျောင်း ၊ ဇရပ် တွေကို ဦးစွာ ဆောက်လုပ်
လှူဒါန်းခြင်း မပြုရ ။
❑ ဘုရား ၊ စေတီ ၊ ရဟန်းသံဃာ ၊ အင်း ၊ အိုင် ၊
ပုဂ္ဂိုလ်ထူးများ ၊ အဆောင်လက်ဖွဲ့ပုံတော်များ
ပါဝင်တဲ့ စာအုပ် ၊ ဂျာနယ် ၊ မဂ္ဂဇင်းများ ကို
နိမ့်ကျ၍ မသန့်ရှင်းသော နေရာတွင်
မထားရ ။
❑ သစ်ပင်ပေါ်မှ ပြုတ်မကျဘဲ တွဲလောင်းကျ
နေသော သစ်ကိုင်း ၊ သစ်ခက်များကို ဆွဲ
ယူ၍ အိမ်သို့ ယူမလာရ ။
❑ သစ်ပင် ၊ သစ်ကိုင်းတွေပေါ်တွင် ကျိုးပြီးတင်နေ
တဲ့ သစ်ကိုင်းများကို အိမ်သို့ ယူမလာရ ။
❑ လမ်းကူး ၊ ချောင်းကူး တံတားတွေမှ သစ်ဟောင်း
ကို အိမ်တွင် မထားရ ၊ ပြန်မသုံးရ ။
❑ နံနက် စောစော ၊ မိုးချုပ် နေဝင် လေချွန်ခြင်း ၊
မင်္ဂလာ မရှိသော အနိဌ စကားများ မပြောရ ။
❑ စားပြီးသား အရိုး ၊ အကြွင်းအကျန်များ ကိုယ်
စားတဲ့ ထမင်း ပန်းကန် ထည့်ပြီး မသိမ်းရ ။
❑ မိဘ ၊ ဘိုးဘွား ၊ ဘကြီး ၊ ဘထွေး ၊ ဒေါ်ကြီးများ
မိမိကြောင့် စိတ်သောက ရောက်ပြီး မျက်ရည်
ကျအောင် မပြုရ ။
❑ ဘုရားမှာ ရောင်းတဲ့ တံခွန် ၊ ကုက္ကား ၊ မုလေးပွား
ဆိုတာတွေ အိမ်တွင် အကြောင်းမဲ့ မစိုက်ရ ။
❑ ဆန်ဆုံ ၊ ငရုတ်ဆုံ တွေမှာ ထောင်းစရာ မရှိဘဲ
ကျည်ပွေ့ချည်း အလွတ် စိုက်မထားရ ။
❑ အိမ်ရှေ့မျက်နှာစာ၌ တိုင်လေးတိုင် စိုက်ပြီး
မဆော့ရ ။
❑ ဖျာ ၊ အိပ်ယာခင်းများအား ခြေရင်းဘက်မှ
စ၍ မလိပ်ရ ။
❑ ဦးထုပ် ၊ ဖျာ ၊ ဆန်ကော ဖာထေးပြီး မသုံးရ ။
❑ အိမ်ထောင်ဦးစီးများ မည်သည့် အဝတ်တန်း
ကြိုးများ အောက်ကိုမဆို ဝင်ထွက်သွားလာ
မပြုရ ။
❑ အိမ်ရှေ့ ခြံဝင်းပေါက် တည့်တည့်၌ သစ်ပင်
တစ်ပင်တည်း ထီးထီးကြီး ပေါက်၍ မရှိသင့်ပါ ။
❑ သုံးပြီးသား ဓာတ်ခဲအဟောင်းများ ၊ ပြန်သုံးလို့
မရတော့တဲ့ ပစ္စည်းဟောင်းများ အိမ်တွင်
မထားရ ။
❑ ကြည့်မှန်များကို ကြမ်းပြင် နှင့် တစ်ပြေးတည်း
ထောင်၍ မထားကောင်း ၊ ကြည့်မှန်တွင် မင်္ဂလာ
မရှိသော ပုံရိပ်များ ထင်ဟပ်နေအောင် မထားရ ။
❑ မျက်နှာချင်းဆိုင် အိမ်မှ အိမ်ခေါင်ဟာ ကိုယ်အိမ်
ကို ညွှန်ပြနေသလိုမျိုးဖြစ်တဲ့ ခေါင်ဦးတိုက်အိမ်
၌ မနေအပ်ပါ ။
❑ ကြမ်းကို အလျားလိုက် အိမ်ရှေ့ဘက်ကို ခင်းထား
တဲ့ ကြမ်းဦးတိုက်အိမ်မှာ မနေအပ်ပါ ။
❑ အသုဘများ မိမိ နေအိမ် သို့မဟုတ် ဦးတည် သွားလာ
နေတဲ့ လူဦးတိုက်အိမ် လုံးဝ လုံးဝ မနေအပ်ပါ ။
❑ စေတီဘုရားများ နှင့် မျက်နှာချင်းဆိုင် တည့်တည့်
နေခြင်း ၊ စေတီဘုရားများ ထက်ပို၍ မြင့်မားတဲ့
နေအိမ်တွင် နေမိက စေတီဘုရားကို မကြာ
ခဏ အလှူအတန်း လုပ်ပေးပါ ။
❑ မြေးဦး မိန်းကလေး၏ လက်ထပ် ထိမ်းမြားခြင်း
ပွဲကို အဘိုးအဘွားတို့၏ နေအိမ်တွင် မပြုလုပ်ရ ။
❑ ကျောက်နီ လက်စွပ် နှစ်ကွင်း ထပ်၍ မဝတ်ရ ။
❑ အရေးကြီးကိစ္စများ နှင့် ခရီးသွားတော့မည့် အချိန်
လမ်းခရီး၏ အစတွင် ခိုက်ရန် ဒေါသဖြစ်ခြင်း ၊
အတိတ်နိမိတ်ဆိုးများတွေ့က ခရီး မထွက်ရ ။
❑ နေအိမ်ကို နောက်ကျော ပေး၍ မထိုင်ရ ၊
အိမ်၏ လှေကား အတက်အဆင်းတွင်
နောက်ပြန် အတက်အဆင်း မလုပ်ရ ။
❑ ဖိုခနောက်ပေါ် တွင် စလောင်းဖုံး မအုပ်ထားရ ၊
မီးဖိုတစ်ခုထဲကို နှစ်ယောက် ပြိုင်၍ မီး မမှုတ်ရ ။
❑ မိသားစုဝင်များကို ထမင်း စားရန် ခေါ်ရာတွင်
“အားလုံး ထမင်း လာစားကြ”ဟု မခေါ်ရ ။
❑ မိသားစုဝင် တစ်ဦးဦးက နာမကျန်း ဖြစ်နေချိန်
အိမ်ရှိ မိသားစုဝင်များ ခေါင်းလျှော်ခြင်း မပြုရ ။
❑ ဗုဒ္ဓဟူးနေ့ ၊ လပြည့် လကွယ် ဦးခေါင်း မလျှော်ရ ။
❑ အနိဌာရုံ ဇာတ်ကားများ ၊ မိသားစု ပူလောင်တဲ့
သရုပ်ဖော် ကားများ ၊ ဆဲဆို ညစ်ညမ်းကားများ
အမြဲ မကြည့်အပ်ပါ ။
❑ မနက်ပိုင်းတံမြက်စည်း လှဲပါက အိမ်အတွင်းဘက်ကိုလှဲပြီး မွန်းတည့်ကျော်ပါက အိမ်​အပြင်ဘက်ကို လှဲထုတ်ပါ ။

ဤကား ရှေးဟောင်း ဗေဒင်ကျမ်း အလိုတည်း ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...