ကျန်းမာပြီးအလုပ်အကိုင်အဆင်ပြေကာအန္တရာယ်ကင်းစေမည့်ယတြာ

Astrology
ကျန်းမာပြီးအလုပ်အကိုင်အဆင်ပြေကာအန္တရာယ်ကင်းစေမည့်ယတြာ

မိမိရဲ့ရောက်ဆဲအသက်အပိုင်းအခြားအတွင်းမှာ ကျန်းမာရေးကောင်းဖို့ ၊
အလုပ်အကိုင်တွေအဆင်ပြေဖို့ ၊အန္တရာယ်ကင်းဖို့ အတွက် ပြုလုပ်ရတဲ့ယတြာတစ်ခုရှိပါတယ် ။အဲဒါကို “အဦးပြုရသောယတြာ” လို့ခေါ်ပါတယ်။

တစ်နှစ်အတွင်း မွေးလ နဲ့မွေးရက် တိုက်ဆိုင်ကျရောက်တဲ့ မိမိရဲ့ မွေးနေ့မှာ
အရင်ဦးဆုံးပြုလုပ်ရတဲ့ ယတြာဖြစ်တဲ့အတွက် “အဦးပြုရသောယတြာ”လို့ခေါ်ခြင်းဖြစ်ပါတယ်ကျရောက်တဲ့အသက်အပိုင်းအခြားအတွင်းမကြာမကြာပြုလုပ်ပေးရတဲ့အတွက်
မွေးနေ့ မွေးလ မွေးရက်ကျော်သွားရင်လည်းအသက်တစ်နှစ်မပြောင်းမချင်းလုပ်ပေးနေလို့ရပါတယ်။

မွေးနေ့ကျရောက်တဲ့ အသက်အပိုင်းအခြားကို ” ၁ ” ပေါင်းရပါမယ်။ဥပမာလာမယ့် ၂၀၂၀ မေလ ၂၀ ရက်နေ့ဟာ သင့်အသက် ၂၅နှစ်တင်းတင်းပြည့်သည်ဆိုပါစို့ဒါဆိုသင့်အနေနဲ့ ၂၆နှစ်လို့သတ်မှတ်ရမှာဖြစ်ပြီးနေ့သားအလိုက် ၂၆ နှစ်နဲ့သက်ဆိုင်တဲ့ယတြာတွေကိုမကြာမကြာပြုပေးရပါမယ်။

တွက်နည်းကတော့ မိမိရဲ့ရောက်ဆဲအသက်ကို – ၈ -နဲ့စားပြီးအကြွင်းအတိုင်းသက်ဆိုင်ရာနေ့သားအလိုက်အောက်ပါအတိုင်းပြုလုပ်ပေးရပါမယ်။၁ မှ ၇ အတွင်းရှိဂဏန်းများမှာ ၈ နှင့်မစားလောက်သောဂဏန်းများဖြစ်သည့်အတွက်အကြွင်းဟုယူဆပါ။ဥပမာ ၅ ဂဏန်းသည် ၈ နှင့်မစားလောက်၍ ၅ ကြွင်းသည်ဟုယူပါ။

ကဲ ဒီလောက်ဆိုရင်တွက်နည်းကိုသဘောပေါက်လောက်ပြီထင်ပါသည်။ဒီတော့ဖေါ်ပြပါတွက်နည်းအတိုင်းတွက်ပြီးသက်ဆိုင်ရာနေ့သားအလိုက်ပြုလုပ်ရမယ့်ယတြာများပြုလုပ်ကာ အစစ အရာရာအဆင်ပြေကြပါစေ။

တနင်္ဂနွေ သားသမီးများ ၁ ကြွင်းလျှင်
တနင်္လာ သားသမီးများ ၀ ကြွင်းလျှင်
အင်္ဂါ သားသမီးများ ၇ ကြွင်းလျှင်
ဗုဒ္ဓဟူး သားသမီးများ ၆ ကြွင်းလျှင်
ကြာသပတေး သားသမီးများ ၄ ကြွင်းလျှင်
သောကြာ သားသမီးများ ၂ ကြွင်းလျှင်
စနေ သားသမီးများ ၅ ကြွင်းလျှင်
နှင်းဆီပန်း ၆ ပွင့် – ဘုရားလှူ၍
နို့ဆီဗူးအသစ် ဘုန်းကြီးလှူပါ။

တနင်္ဂနွေ သားသမီးများ ၂ ကြွင်းလျှင်
တနင်္လာ သားသမီးများ ၁ ကြွင်းလျှင်
အင်္ဂါ သားသမီးများ ၀ ကြွင်းလျှင်
ဗုဒ္ဓဟူး သားသမီးများ ၇ ကြွင်းလျှင်
ကြာသပတေးသားသမီးများ ၅ ကြွင်းလျှင်
သောကြာ သားသမီးများ ၃ ကြွင်းလျှင်
စနေ သားသမီးများ ၆ ကြွင်းလျှင်
ဆိတ်သား ~ ဆတ်သား ကြော် နှင့်
စိန်ချယ်ပန်း ဘုရားလှူ

တနင်္ဂနွေ သားသမီးများ ၃ ကြွင်းလျှင်ဖြစ်စေ
၄ ကြွင်းလျှင်ဖြစ်စေ
တနင်္လာ သားသမီးများ ၂ ကြွင်းလျှင်ဖြစ်စေ
၃ ကြွင်းလျှင်ဖြစ်စေ
အင်္ဂါ သားသမီးများ ၁ ကြွင်းလျှင်ဖြစ်စေ
၂ ကြွင်းလျှင်ဖြစ်စေ
ဗုဒ္ဓဟူး သားသမီးများ ၁ ကြွင်းလျှင်ဖြစ်စေ
၀ ကြွင်းလျှင်ဖြစ်စေ
ကြာသပတေးသားသမီးများ၆ကြွင်းလျှင်ဖြစ်စေ
၇ ကြွင်းလျှင်ဖြစ်စေ
သောကြာ သားသမီးများ ၄ ကြွင်းလျှင်ဖြစ်စေ
၅ ကြွင်းလျှင်ဖြစ်စေ
စနေ သားသမီးများ ၇ ကြွင်းလျှင်ဖြစ်စေ
၀ ကြွင်းလျှင်ဖြစ်စေ
သာသနာ့အလံ ၇ ချောင်းပေါ်တွင်
” အောင်လံထိုး – ဟိုးဟိုးကျော် ” ဟုရေး၍
အိမ်ဘုရားတွင်လှူလိုက်ပါ။အုန်းနို့ချက်လှူပါ။

တနင်္ဂနွေ သားသမီးများ ၅ ကြွင်းလျှင်ဖြစ်စေ
တနင်္လာ သားသမီးများ ၄ ကြွင်းလျှင်ဖြစ်စေ
အင်္ဂါ သားသမီးများ ၃ ကြွင်းလျှင်ဖြစ်စေ
ဗုဒ္ဓဟူး သားသမီးများ ၂ ကြွင်းလျှင်ဖြစ်စေ
ကြာသပတေးသားသမီးများ၀ကြွင်းလျှင်ဖြစ်စေ
သောကြာ သားသမီးများ ၆ ကြွင်းလျှင်ဖြစ်စေ
စနေ သားသမီးများ ၁ ကြွင်းလျှင်ဖြစ်စေ
အိမ်ဘုရားတွင်ကြေးပန်းအိုးအသစ်နှင့်
ဘုရားပန်းအိုးပူဇော်၍ကြက်ဥပေါင်းဘုရားလှူပါ။

တနင်္ဂနွေ သားသမီးများ ၆ ကြွင်းလျှင်ဖြစ်စေ
တနင်္လာ သားသမီးများ ၅ ကြွင်းလျှင်ဖြစ်စေ
အင်္ဂါ သားသမီးများ ၄ ကြွင်းလျှင်ဖြစ်စေ
ဗုဒ္ဓဟူး သားသမီးများ ၃ ကြွင်းလျှင်ဖြစ်စေ
ကြာသပတေးသားသမီးများ၁ကြွင်းလျှင်ဖြစ်စေ
သောကြာ သားသမီးများ ၇ ကြွင်းလျှင်ဖြစ်စေ
စနေ သားသမီးများ ၂ ကြွင်းလျှင်ဖြစ်စေ
ရွှေထီး ၃ လက်ဘုရားလှူ၍ နို့ဆီ နှင့် လျှက်ဆားဘုန်းကြီးကိုလှူပါ

တနင်္ဂနွေ သားသမီးများ ၇ ကြွင်းလျှင်ဖြစ်စေ
တနင်္လာ သားသမီးများ ၆ ကြွင်းလျှင်ဖြစ်စေ
အင်္ဂါ သားသမီးများ ၅ ကြွင်းလျှင်ဖြစ်စေ
ဗုဒ္ဓဟူး သားသမီးများ ၄ ကြွင်းလျှင်ဖြစ်စေ
ကြာသပတေးသားသမီးများ၂​ကြွင်းလျှင်ဖြစ်စေ
သောကြာ သားသမီးများ ၀ ကြွင်းလျှင်ဖြစ်စေ
စနေ သားသမီများ ၃ ကြွင်းလျှင်ဖြစ်စေ
ဘုရား ကို ပန်းမွေ့ယာလှူ ၍ ရဟန်းတော် များကိုဘဲဥဟင်းလှူပါ။

တနင်္ဂနွေ သားသမီးများ ၀ ကြွင်းလျှင်ဖြစ်စေ
တနင်္လာ သားသမီးများ ၇ ကြွင်းလျှင်ဖြစ်စေ
အင်္ဂါ သားသမီးများ ၆ ကြွင်းလျှင်ဖြစ်စေ
ဗုဒ္ဓဟူး သားသမီးများ ၅ ကြွင်းလျှင်ဖြစ်စေ
ကြာသပတေးသားသမီးများ၃ကြွင်းလျှင်ဖြစ်စေ
သောကြာ သားသမီးများ ၁ ကြွင်းလျှင်ဖြစ်စေ
စနေ သားသမီးများ ၄ ကြွင်းလျှင်ဖြစ်စေ
သိကြားပွဲနှင့်အတူ သပိတ်ထဲတွင်သရက်သီးထည့်၍ဘုရားသို့လှူပါ။ ထို့ပြင် ဘုန်းကြီးကိုသင်္ကန်းလှူ/သင်းပိုင် လှူပါ။

သကြားပွဲ ဆိုတာ ~
ဖီးကြမ်းဌက်ပျောသီး ၁၀ လုံးကိုအခွံနွှာပြီး
ပန်းကန်ပြား ထဲသို့ထည့်ပါ ။
ထို့နောက်အပေါ်မှ သကြားဖြူး၍
ပန်းကန်၏အလယ်တွင် ဖယောင်းတိုင်စိုက်ပြီး
ဘုရားကို ပူဇော်ခြင်းဖြစ်ပါတယ်။

ကြည့်ရှုသူများနှင့်ဝေမျှသူများအားလုံး အစစအရာရာအဆင်ပြေကြပါစေ။

Crdဆရာကြီးကျော်ဆုသွေး နဲ့ ဆရာ ဝင်းမော်အောင်ပို့စ် မှ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...