မိန်းကလေးနာမည်တစ်ခုရဲ့ အစနေရာမှာ ဖိုအက္ခရာများ မှည့်ခေါ်ရင်

Astrology
မိန်းကလေးနာမည်တစ်ခုရဲ့ အစနေရာမှာ ဖိုအက္ခရာများ မှည့်ခေါ်ရင်

နာမည်တစ်ခုရဲ့ အစနေရာမှာ….ဖိုအက္ခရာများဖြစ်တဲ့…
ဥပမာ … က၊ စ၊ တ၊ ပ စသည်ဖြင့် ပေါ့လေ…ဆိုကြပါစို့…
ကြူကြူ ၊ စုစုလွင်၊ တင်မေဝင်း၊ ပပဇင် စသည်ဖြင့် မိန်းကလေးတွေကို မှည့်ခေါ်လာခဲ့မယ်ဆိုရင်….

ထိုမိန်းကလေးတွေသည် အနေအထိုင် ၊ အပြောအဆို ကျားဆန်လာတတ်ပါတယ်။ ဟော့ဟော့ဒိုင်းဒိုင်း ၊ လွှားလွှားဟားဟား နေတတ်ထိုင်တတ်သည့် ..ခပ်ကြမ်းကြမ်း အမျိုးသမီးမျိုးဘဝကို လှုံ့ဆော်လာတတ်ပါတယ်။
အကယ်၍ မူလဇာတာမှာပါ အပျိုကြီးဇာတာပါ ပါနေရင်..၊ အရပ်ထဲမှာ ခပ်ကြမ်းကြမ်း ဝုန်းဝုန်းဒိုင်းဒိုင်း အမြဲလုပ်တတ်ကိုင်တတ် ၊ ပြောတတ်ဆိုတတ်တဲ့ …အာကျူးမားကြီးတွေ အဖြစ် မြင်တွေ့ရတတ်။

အိမ်ထောင်သည်အမျိုးသမီး ဒီလိုအမည်ရှင်မျိုးတွေမှာတော့ အမျိုးသားတွေကို သူတို့က ဦးဆောင်တတ်တာ..၊ တစ်ချို့ကျတော့လည်း အမျိုးသားဇာတာကပါ အားပျော့နေရင်..အစစအရာရာကို … သူတို့ကပဲ အိမ်ထောင်ဦးစီးသဖွယ် ပင်ပန်းခံပြီး ရုန်းကန်လုပ်ကိုင်ဦးဆောင်သွားကြသည့် စူပါဝူးမန်းများ ဖြစ်လာကြတတ်။
အက္ခရာတွေ၊ သရတွေ ၊ ဗျည်းတွေ ရဲ့ အင်အားသတ္တိတွေဟာ တစ်ကယ်တော့ အံ့အားသင့်စရာပါ။

စိတ်သိပ်ဆတ်တဲ့သူကို .. ပျော့ပြောင်းသွားအောင် အမည်ပညတ်တွေကို ပြောင်းလည်း မှည့်ခေါ်သုံးစွဲ စေနိုင်သလို…၊ အရာရာ ပျော့တိပျော့ရိ သမား ကိုလည်း …ခပ်ကြမ်းကြမ်း ၊ခပ်ထက်ထက် ဖြစ်လာအောင်လည်း အမည်ပညတ်များမှာ လှုံ့ဆော်ပေးနိုင်တာ တွေ့ရှိရ(ယုံဖို့ ခက်မယ်ဆို ခက်လှပါလိမ့်မယ်)။

ဒါတောင် ကျွန်တော်တို့တွေ အားလုံးအဆုံးထိ လေ့လာသုတေသန မပြုနိုင်သေးတာ အများအပြားပါ။ ထို့အတူ ပညာလမ်းစများ ချန်ရစ်ထားခဲ့ကြသည့်…. ဉာဏ်ပညာကြီးလှတဲ့ ရှေးပညာရှင်တွေ ကိုပဲ ကျေးဇူးတင်မိလှပါတော့တယ်။

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...