၁၃၈၆ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၆ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခုနှစ်တွင် အစစအရာရာ အဆင်ပြေလာပြီး မိမိ၏ အောင်မြင်မှု ပန်းတိုင်ကို ဆွတ်ခူးနိုင်မည်။ အိမ်ဆောက်ပစ္စည်း၊ မွေးမြူးရေးလုပ်ငန်း၊ ရေသန့် ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်း၊ ပြည်တွင်း ပြည်ပ ခရီးသွား လုပ်ငန်း လုပ်ခြင်း ကောင်းမည်။ နည်းပညာ၊ အိမ်တွင်းစက်မှု လုပ်ငန်း၊ အလှအပဆိုင်ရာများ ရင်းနှီးမြှုပ်နှံမှု အကျိုးမြတ်များ ရတတ်သည်။ လုပ်ငန်းကိစ္စများအတွက် ကြာသပတေး၊ အင်္ဂါသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အကျိုးခံစားရမည်။ မတူညီသော နယ်ပယ်မှ ထူးခြားသော ပညာရပ်များ လိုက်စား၍ မင်းမှုထမ်းဖြစ်ပါက ရာထူး နေရာ အပြောင်းအရွှေ့နှင့် အိမ်ခြံမြေ အသစ်များ ကြုံတွေ့ရမည်။ ရာထူး ဂုဏ်သတင်း ကျော်ဇောခြင်း၊ နေရာပြောင်းရွှေ့ခြင်းများ ရှိမည်။

မမျှော်လင့်ပဲ ငွေကြေးများ ဝင်လာတတ်သည်။ ပြည်တွင်း ပြည်ပ အဆက်အသွယ် အသစ်များ ရရှိပြီး လုပ်ငန်းများ ဆောင်ရွယ်ရမည်။ မိသားစုအတွက် အိုးအိမ်၊ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ရတတ်သည်။ ဆွေမျိုး မိတ်ဆွေများအတွက် ကူညီစောက့်ရှောက်မှုများ ပေးရတတ်သည်။ ပြဿနာ အဟောင်းများ ပြန်လည် ဖြေရှင်းရကိန်း ကြုံမည့်နှစ် ဖြစ်သည်။ ညီအကို၊ မောင်နှမ အချင်းချင်း စကားငြင်းဆိုခြင်းများ တွေ့ကြုံရတတ်သည်။ အမွေအနှစ်ကိစ္စများ ငြင်းခုန်ရတတ်ခြင်းများ ကြုံတွေ့ရမည်။ စက်ပစ္စည်းများ ကိုင်တွယ်ရာတွင် အထူးဂရုစိုက်ပေးပါ။ ခြေထောက်နှင့် ညာလက်မောင်းတို့ မတော်တဆ ထိခိုက်နိုင်သည်။

ပညာရေးတွင် အရှေ့ပိုင်း၌ ကြိုးစားအားထုတ်မှု ကောင်းပြီး နောက်ပိုင်းတွင် အပေါင်းအသင်းများကြောင့် မိမိ ရည်မှန်းချက်များနှင့် ဝေးကွာသွားတတ်သည်။ အချစ်ရေးတွင် တစ်ဦးထက်ပိုသော အချစ်ရေးများ ခံစားရမည့်နှစ် ဖြစ်သည်။ မမျှော်လင့်ပဲ စေ့စပ်ကြောင်းလမ်းခြင်းများ ရှိမည်။ တည်ငြိမ်မှုကာလဖြစ်ပြီး အများချစ်ခံရပြီး ချစ်သူထားရန် ဝန်လေးနိုင်သည်။ အိမ်ထောင်ရှင်များ မပြေမလည် ဖြစ်နေတတ်သည်။ ကျန်းမာရေးတွင် ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ သွေးတိုး၊ ဆီးချို၊ ဖျားနာခြင်း၊ အဆုပ် အအေးမိခြင်း၊ အမြင်အာရုံ၊ အသံရောဂါ အားနည်း ဝေဒနာများ ခံစားရတတ်သည်။

အကျိုးပေး အက္ခရာ – စ၊ ဆ၊ တ၊ ဖ။
အကျိုးပေး ဂဏန်း – ၃၊ ၅၊ ၆၊ ၇၊ ၈။

၁၃၈၆ခုနှစ် တနင်္လာ သားသမီးများအတွက် တစ်နှစ်တာ ယတြာ –

တနင်္လာ နေ့တိုင်း မနက် ၉နာရီ ၃၆မိနစ် အချိန် အိမ်ဘုရားတွင် ကြေးဖလားဖြင့် ရေတော် ၅ခွက်၊ အဖြူရောင် သစ္စာပန်း ၅ပွင့်နှင့် ကြံဆစ် ၁ချောင်း လှူပေးပါ။ ဆီမီးသက်စေ့ ပူဇော်ပေးပါ။ ကြွေပန်းကန်ပြား အကြီး ၁ချပ်တွင် ဆန် နို့ဆီဗူး ၃ဗူးနှင့် ဆေးနှင့် ပတ်သက်သော ပစ္စည်းများ ကပ်လှူပေးပါ။ ဘေးတွင် မြေနှင့် ပြုလုပ်ထားသော အဖြူရောင်ပန်းအိုးဖြင့် ဒန်းညွှန့် (၇)ညွှန့် ပန်းအိုးထဲတွင် ရေထည့်၍ ကပ်လှူပေးပါ။ အညွှန့်၊ ပန်းများ မလွယ်ခဲ့လျှင် ဆန်နှင် ဆေးပစ္စည်းများကိုသာ ကပ်လှူပေးပါ။ လိုရာဆုတောင်းပါ။

✴တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စွန့်ပြီးလျှင် မရှိဆင်းရဲသားကို ထိုဆန်နှင့် ဆေးပစ္စည်းများနှင့်အတူ ငွေ သဒ္ဒါတရားရှိသလောက် မဂဏန်းဖြင့် လှူပေးလိုက်ပါ။✴

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...