၁၃၈၆ခုနှစ် ဗုဒ္ဓဟူး/ ရာဟု သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၆ခုနှစ် ဗုဒ္ဓဟူး/ ရာဟု သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခုနှစ်တွင် အများအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်၍ မိတ်ဆွေများမလယ်၌ သတင်းကောင်းများ ကြားရမည်။ အလုပ်ကိစ္စများ၌ မထင်မှတ်ပဲ အပြောင်းအရွှေ့ ရှိသည်။ စွန့်စားလုပ်ကိုင်ရသော အလုပ်များနှင့် စနေနံပါသူများ၊ သောကြာ သားသမီးများ၊ တနင်္ဂနွေ သားသမီးများနှင့် တွဲဖက်လုပ်ကိုင်ခြင်းများဖြင့် အောင်မြင်မှု ရရှိမည်။

စက်တပ်ယာဉ်အမျိုးမျိုး ရောင်းဝယ်ခြင်းမှ အမြတ်ရနိုင်သလို အကျိုးဆောင်လုပ်ငန်းများ အဆင်ပြေနိုင်သည်။ ကြိုးစားမှုရှိသမျှ မထင်မှတ်ပဲ မျက်ဝါးထင်ထင် တိုးတက်မှုများ ရရှိမည်။ အဝတ်အထည် ရောင်းဝယ်ခြင်း၊ စတိုးဆိုင်သစ် ဖွင့်ခြင်း၊ အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများ အကျိုးခံစားရမည်။ အစားအသောက် လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများလုပ်ခြင်း၊ ခရီးသွား လုပ်ငန်းများ၊ ဘဏ်လုပ်ငန်း လုပ်ခြင်း ကောင်းသည်။

လုပ်ငန်းပြောင်းရွှေ့ခြင်း၊ ရာထူး၊ ဂုဏ်သိက္ခာ တိုးတက်ခြင်း တစ်ပါးသူ၏ ချစ်ခင်မှုကို ရရှိမည်။ မမျှော်လင့်ပဲ ထီပေါက်ခြင်း၊ ငွေကြေး ဝင်လာတတ်ခြင်းများ ရှိမည်။ နောက်ပိုင်း (၆)လတွင် လုပ်ငန်းခွင်အတွက် သတိတရားရှေ့ရှု၍ ဆောင်ရွက်ရမည်။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊ အလောတကြီး အလုပ်လုပ်ခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။ အစုရှယ်ယာ လုပ်ငန်းများ၊ ငွေကြေးကိစ္စရပ်များ ချေးငှာခြင်း သတိပြုဆောင်ရွက်ပါ။ ဆွေမျိုးသားချင်းများ အလည်အပတ် ရောက်လာတတ်သည်။ ဆွေမျိုးတို့၏ သတင်းဆိုးများ ကြားရမည်။ လေ့လာရေးခရီး သွားလာရကိန်း ရှိမည်။ မြောက်အရပ်ခရီး သွားခြင်းများ ရှောင်ပေးပါ။

ပညာရေးနှင့် ပတ်သက်၍ ဆုတံဆိပ်များ၊ ဖြေဆိုနိုင်သော အောင်မြင်သော ရလဒ်ကောင်းများ ရရှိမညိ။ ပညာရေး သင်ရာတွင် ပြောင်းရွှေ့ခြင်းကြောင့် ပညာရေးနှောင့်နှေး သွားတတ်သည်။ သားသမီးရတနာများ ရရှိတတ်ပြီး သားသမီးများအတွက် ဂုဏ်ယူရသောအချိန် ဖြစ်သည်။ တစ်ခါတလေ သားသမီးများအတွက် စိတ်ပူပင် နေရတတ်သည်။ အချစ်ရေးတွင် လေးနက်တဲ့ သဘောရှိသည်။ ပျိုရွယ်သူများ မိမိ ဝေခွဲရခက်၍ ရင်းနှီးမှုဖြင့် မိတ်ဆက်ရာမှ ချစ်သူအဆင့်သို့ ရောက်ရှိမည်။

တစ်ခါတလေ ကံခေနိုင်ပြီး မကြာခဏ စကားများတတ်သည်။ အိမ်ထောင်ရေး သာယာမှုရှိပြီး ထူးချွန်ထက်မြတ်သော ယောက်ျား၊ မိန်းမများတို့နှင့် ဆုံတွေ့တတ်သည်။ လင်မယားများ အဝေးရောက် အိမ်ထောင်ဖက်များအတွက် စိတ်ပူပန်ရတာမျို ကြုံရတတ်သည်။

ကျန်းမာရေးတွင် သွေးတိုး၊ အရိုးချဉ်ဆီ အားနည်းခြင်း၊ ဂေါက်ရောဂါဝေဒနာ၊ ခါးအောက်ပိုင်းဝေဒနာ၊ ဆီးလမ်းကြောင်း ပိုးဝင်သော ရောဂါများ ခံစားရတတ်သည်။ မတော်တဆ ထိခိုက်မှု အန္တရာယ်များ ကြုံခြင်း၊ အာရုံကြော အားနည်းခြင်း၊ ဆီချို၊ ‌အဆစ်အမြစ် ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း ဖြစ်တတ်သည်။

အကျိုးပေး အက္ခရာ – ဖ၊ မ၊ န၊ ထ။
အကျိုးပေး ဂဏန်း – ၀၊ ၁၊ ၃၊ ၅၊ ၈။

၁၃၈၆ခုနှစ် ဗုဒ္ဓဟူး သားသမီးများအတွက် တစ်နှစ်တာ ယတြာ

ဗုဒ္ဓဟူး နေ့တိုင်း မနက် ၁၀နာရီ ၃၆မိနစ် သို့မဟုတ် မနက် ၁၁နာရီ ၁၁မိနစ် အချိန် အိမ်ဘုရားတွင် ကြေးဖလားဖြင့် ရေတော် ၈ခွက် လှူပေးပါ။ ကြွေပန်းကန်ပြား ၁ချပ်တွင် လက်ဖက်၊ ပဲပြုတ် ထမင်းစားဇွန် ၉ဇွန် ထည့်၍ ကပ်လှူပေးပါ။ ကြွေပန်းကန်ပြား အကြီး ၁ချပ်၌ ပန်းသီး၊ လိမ္မော်သီး၊ မာလကာသီးများ တစ်လုံးစီ ထည့်၍ ကပ်လှူပေးပါ။ ဘေးတွင် မြေနှင့် ပြုလုပ်ထားသော အဖြူရောင်ပန်းအိုးဖြင့် ဝါးညွှန့် (၄)ညွှန့်၊ မာလကာညွှန့်၊ ပေါက်ညွှန့်၊ သီးညွှန့်နှင့် ဒန်းညွှန့် (၃)ညွှန့်စီ ပန်းအိုးထဲတွင် ရေထည့်၍ ကပ်လှူပေးပါ။ အညွှန့်၊ ပန်းများ မလွယ်ခဲ့လျှင် ဆွမ်းတော်များကိုသာ ကပ်လှူပေးပါ။ လိုရာဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စွန့်ပြီးလျှင် မရှိဆင်းရဲသားကို ဆွမ်းတော်များနှင့်အတူ ငွေ သဒ္ဒါတရားရှိသလောက် မဂဏန်းဖြင့် လှူပေးလိုက်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...