ချစ်ခင်ပွန်းလင်းလင်းရဲ့ ပံ့ပိုးဖေးမမှုကြောင့် ခက်ခဲတဲ့ကာလမှာတောင် အေးအေးချမ်းချမ်းနေရတဲ့ ချစ်သုဝေ

Celebrity Local News
ချစ်ခင်ပွန်းလင်းလင်းရဲ့ ပံ့ပိုးဖေးမမှုကြောင့် ခက်ခဲတဲ့ကာလမှာတောင် အေးအေးချမ်းချမ်းနေရတဲ့ ချစ်သုဝေ

ပရိတ်သတ်ကြီးရေ .. အဆိုတော် လင်းလင်း နဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ တို့ဇနီးမောင်နှံကတော့ အနုပညာလောက မှာ ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိပိုင်ဆိုင်ထားကြတဲ့ နာမည်ကြီးဇနီးမောင်နှံပဲဖြစ်ပါတယ်…ချစ်သုဝေ နဲ့ လင်းလင်း တို့ဇနီးမောင်နှံဟာ သူမယုံကြည်ရာလမ်းကို လျှောက်လှမ်းဖို့ သမီးလေးနှစ်ယောက်ကိုခေါ်ပြီး နိုင်ငံရဲ့အစွန်အဖျားမှာနေထိုင် လျက်ရှိတာပဲဖြစ်ပါတယ်…

ကျော်ကြားမှုနဲ့ အောင်မြင်မှုနဲ့ ပိုင်ဆိုင်မှုအိုးအိမ်တွေကိုလည်း စွန့်လွှတ်ထားတဲ့ ချစ်သုဝေ နဲ့ လင်းလင်းဟာ စိတ်ညစ်စရာတွေ ကြားထဲကမှ မိသားစုလေးနဲ့ ပျော်ရွှင်အောင်နေနေရတယ်လို့ ဆိုပါတယ်.. ချစ်သုဝေက ဒီကနေ့မှာလည်း သူမအတွက်ဓါတ်ပုံ လှလှလေးတွေရိုက်ပေးနေတဲ့ ခင်ပွန်းသည် လင်းလင်း ရဲ့ ပုံ လေးတွေကို ေ၀ကာ “ချစ်စရာကြီး သူပဲပုံစံမျိုးစုံပြောင်း ရိုက်တာကိုယ်က အပေါ်ကြည့်ဘေးကြည့် အောက်ကြည့် တောင်ကြည့် မြောက်ကြည့် လုပ်ရုံပဲ” ဆိုပြီး ပြောလာပါတယ်…

ချစ်သုဝေ ကတော့ ချစ်ခင်ပွန်း လင်းလင်း ရဲ့ ပံ့ပိုးဖေးမပေးမှု ကြောင့်ခက်ခဲတဲ့ ကာလကြီးမှာ အေးချမ်းခွင့်ရရှိနေတယ်လို့ ဆို ပါတယ်… ချစ်သုဝေ တို့မိသားစုလေးအမြဲတမ်းပျော်ရွှင် ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

ရေးသားသူ –Let Pan news

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...