ခိုင်နှင်းဝေနဲ့ပက်သက်ပြီး မနာလိုဖြစ်စရာမရှိသလို တမျိုးလုံးကလည်း ဝိုင်းချစ်ပြီးသားပါဆိုတဲ့ ခိုင်နှင်းဝေရဲ့ညီမဝမ်းကွဲ

Celebrity Local News
ခိုင်နှင်းဝေနဲ့ပက်သက်ပြီး မနာလိုဖြစ်စရာမရှိသလို တမျိုးလုံးကလည်း ဝိုင်းချစ်ပြီးသားပါဆိုတဲ့ ခိုင်နှင်းဝေရဲ့ညီမဝမ်းကွဲ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေ တာကြောင့် အများကလေးစားခြင်းခံရသူတစ်ယောက်ပါ… အားလုံးရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေ ဟာမိသားစုရေး မှာတော့ စိတ်ပင်ပန်းစရာတွေရှိနေပြီး သူမရဲ့အမေနဲ့ စိတ်ဝမ်းကွဲ နေရတာမျိုးတွေရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်..


ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေရဲ့ညီမ ဝမ်းကွဲက ခိုင်နှင်းဝေကို အမျိုးတွေအားလုံးက ချစ်ကြ ပြီး မနာလိုတာမျိုးလည်းမရှိကြောင်း “ကိုယ့်ထက် ၁၀ နှစ်ကြီးတဲ့ အမပဲ..ချစ်တာပေါ့ အမေညီအမအရင်းတွေ ကမွေးတဲ့ တစ်ဦးတည်းသော သမီးတွေဆိုတော့ တက ယ့်အရင်းတွေလိုပဲ နေလာခဲ့ကြတာ..ဒေါ်မြင့်မြင့်ခိုင်ဆို တာ အမေ့ရဲ့ အမအကြီးဆုံးဖြစ်သလို ဒေါ်ချိုချိုမာ(ခိုင် နှင်းဝေ အမေ)ဆိုတာ အဒေါ့ရဲ့ နံပါတ်၆ညီမပါ..တစ်ချိန် ကတော့ သိုက်သိုက်ဝန်းဝန်းနဲ့ အရမ်းပျော်ခဲ့ရတာ ပေါ..ခရီးထွက်ရင်တောင် ကား၂/၃စီးနဲ့ အဖွဲ့လိုက်ကြီး ထွက်ကြတာ…လူကြီးတွေ မသိအောင် ခိုးလုပ်ကြ အတင်းပြောကြနဲ့ တူတူအိပ်ခဲ့ကြတဲ့ ညတွေဆို တည လုံး ဟီလာထနေခဲ့ကြတာ…ဒါတွေက လွန်ခဲ့တဲ့ ၃နှစ် လောက်မှ ရုတ်တရက် ကုန်ဆုံးသွားခဲ့တယ်…ခိုင်နှင်းဝေ ညီမ ခိုင်နှင်းဝေ ညီမဆိုပီး ကိုယ့်ကိုကိုယ်ဘယ်တုန်းကမ လဲ မပြောတော့သလို သိကြလို့ ပြောလာရင်တောင် ဖာ သိဖာသာပဲနေလိုက်တော့တယ်…မခိုင်နှင်းဝေအပေါ်မှာ ဘယ်တုန်းကမလဲ မနာလိုစိတ်ဖြစ်သလို နောက်လဲ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ ကိုယ်တောင်မဖြစ် ရင် သူ့ကိုမမွေးရုံတမယ် ကျွေးမွေးစောင့်ရှောက်ပီး ပျိုးထောင်ပေးခဲ့တဲ့ ဒေါ်မြင့်မြင့်ခိုင်ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ နော်…အဒေါ်၄ယောက်လုံးက ကိုယ်တွေ အငယ်၃ယောက်မမွေးခင် စုနှင်းပွင့် စုနှင်းပွင့် (ခိုင် နှင်းဝေ နာမည်အရင်း)ဆိုပီး တမျိုးလုံးရဲ့ အသဲနှလုံး အခုဆို တခုခုဆို ကိုယ်တွေ ညီမ ၃ယောက်ပဲကျန်နေ သလို …မခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ကတော့ တကယ် လေးစားစရာပါ .ဒိအတွက်လဲ ကိုယ့်အမကို ဂုဏ်ယူပါ တယ်…လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကို သူဦးဆောင်နိုင် တာ..ဒါပါပဲ ဘေးက သူများမိသားစုအကြောင်း မိသားစု ကြား ဝင်ပြောနေတာတွေလဲ မလုပ်ကြဖို့ မေတ္တာရပ်ခံပါ ရစေရှင်…အရာအားလုံးက ကံ ကံ၏အကျိုးကြောင့် ဖြစ်လာတာပါ… အစွဲနဲ့ အတ္တတွေ ကင်းဝေးကြပါစေ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ခိုင်နှင်းဝေ ကတော့ သူမနဲ့ သူမရဲ့မိခင်စိတ်ဝမ်းကွဲနေရတာဟာ ဆွေမျိုးသားချင်းတွေကြောင့်ဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်.. မိသားစုနဲ့ ဆွေမျိုးတွေကြားမှာ ဖြစ်နေတဲ့ ပြသနာလေးတွေလည်း အမြန်ဆုံးအဆင်ပြေသွားဖို့ မျှော်လင့်ပါတယ်.

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...