မသန်စွမ်းဖြစ်သူရဲ့ခြေထောက်နှစ်ဖက်နဲ့ ထိုးပေးထားတဲ့ချည်ထည်အင်္ကျီနဲ့ “ဖုန်းရွှေ”ပွဲကိုတက်ရောက်လာခဲ့တဲ့Social Influencer မင်းသမီးဟန်နာ

Celebrity Local News
မသန်စွမ်းဖြစ်သူရဲ့ခြေထောက်နှစ်ဖက်နဲ့ ထိုးပေးထားတဲ့ချည်ထည်အင်္ကျီနဲ့ “ဖုန်းရွှေ”ပွဲကိုတက်ရောက်လာခဲ့တဲ့Social Influencer မင်းသမီးဟန်နာ

Social Influencer hanna က သူမရဲ့ပထမဦးဆုံး “ဖုန်းရွှေ “ရုပ်ရှင်ကားကြီးရဲ့ Premier show ပွဲကို Handmade ထည်လေးနဲ့ ပွဲတက်မယ်ဆိုပြီးတော့ ပြင်ဆင်နေခဲ့တာအားလုံးအသိပါပဲ။ ထူးခြားတာတစ်ခုကတော့ hanna ကသူမရဲ့ပွဲတက်အင်္ကျီအတွက် နာမည်ကြီးဒီဇိုင်နာတွေကိုမအပ်ခဲ့ပဲနဲ့ လက်နှစ်ဖက်မရှိလို့ ခြေထောက်နဲ့ ချည်ထိုးရတဲ့ မမေဇင်အောင်ကို အပ်ခဲ့ပါတယ်။

ဒါကတော့ hanna ကိုယ်တိုင်က handmade ထည်တွေကို ချစ်မြတ်နိုးပြီးတော့ ပြည်တွင်း​ဖြစ်ကို အားပေးချင်တဲ့စေတနာကြောင့်ရယ် မသန်စွမ်းဖြစ်ပေမယ့်လည်းကြိုးစားရပ်တည်နေတဲ့ မမေဇင်အောင်ရဲ့ လုပ်နိုင်စွမ်းအားကို ဖော်ထုတ်ပေးချင်တာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုနှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကိစ္စတစ်ခုကို လုပ်ခဲ့တဲ့ hanna က”ဖုန်းရွှေ”ဇာတ်ကြီးရဲ့ premier show ပွဲကိုလည်း သူမပြောထားတဲ့အတိုင်း မမေဇင်အောင်ရဲ့ handmade လက်ရာလေးနဲ့ အတူ လှလှပပပွဲတက်လာခဲ့ပါတယ်။


hanna နဲ မသန်စွမ်းဖြစ်သူမေဇင်အောင်တို့ရဲ့ အတူလုပ်မယ့် ဒီ project လေးကို ပရိတ်သတ်တွေကလည်း စိတ်ဝင်တစ်စားနဲ့ စောင့်မျှော်နေခဲ့ကြပြီးတော့ အခုလို ပရိတ်သတ်ရှေ့ကို တကယ် ပွဲထွက်လာတဲ့အခါမှာလည်း ကျေနပ်စရာကောင်းလောက်အောင်လှပနေခဲ့ပါတယ်။

hanna ရဲ့ ဘဝမှာ ပထမဦးဆုံးရုပ်ရှင် ကားကြီးဖြစ်တဲ့ ဖုန်းရွှေရုပ်ရှင်ကားကြီးရဲ့ premier show ပွဲကို မသန်စွမ်းဖြစ်သူ မမေဇင်အောင်ရဲ့ အနီရောင်စိုစိုတောက်တောက် ချည်ထိုးအင်္ကျီလေးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ဒီအပေါ်ပိုင်းအင်္ကျီလေးကို မမေဇင်အောင်က နာရီပေါင်း(၁၀၀)ကျော်ထိုးခဲ့ရပြီးတော့ hanna ရဲ့ ကိုယ်ပေါ်မှာ cutting ကျကျ လှပသပ်ရပ်အောင် ဝတ်ဆင်နိုင်ဖို့အတွက်ကိုတော့ hanna ရဲ့ personal ဒီဇိုင်နာဖြစ်သူ မဝင့်ဝါက စီစဥ်ပေးခဲ့ပါတယ်။hannaက ကလေးတစ်ယောက်အမေဖြစ်ပေမယ့် မင်းသမီးတွေလို လှပတဲ့ခန္ဓာကိုယ်အချိုးအစားရှိပြီးတော့ သူမရဲ့စိတ်ထားကလည်း နူးညံ့သိမ်မွေ့ပြီးတော့ စိတ်သဘောထားပြည််ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

စိတ်ထားကောင်းတဲ့ အတွက်ကြောင့်လည်း hanna ရဲ့ ရုပ်ရည်က ပရိတ်သတ်တွေအမြင်မှာ အကြည်ဓာတ်ရှိပြီးတော့ Influencer အဖြစ်ကနေ မင်းသမီးအဖြစ် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။hanna က ဒီလိုသူမမင်းသမီးအဖြစ်နဲ့ ပွဲထွက်လာရတဲ့အခါမှာလည်း သူမဘဝအတွက် အမှတ်တရဆုံးဖြစ်တဲ့ ဒီအခိုက်အတန့်ကို သူမကိုယ်တိုင်အပြင် တစ်ခြားသူတွေရဲ့အကျိုးစီးပွါးကိုပါ ကြည့်ပြီးတော့ အကောင်းဆုံး စီစဥ်ခဲ့တာဖြစ်ပါတယ်။

လှလှပပပီပွဲတက်နိုင်ဖို့အတွက် hanna ရဲ့ နောက်မှာ များစွာသော ကူညီပံ့ပိုးပေးကြတဲ့အဖွဲ့သားတွေ ရှိနေပြီးတော့ hanna ကို အလှဆုံးဖြစ်အောင် အားလုံးက ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ဒီရုပ်ရှင်ကားကြီးရဲ့ show ပွဲအတွက် မမေဇင်အောင်ကို အလုပ်အပ်ခဲ့တဲ့အချိန်မှာလည်း hanna ကိုချီးကျူးမှုတွေအများကြီး ရှိနေပြီးတော့ မသန်စွမ်းဖြစ်သူမေဇင်အောင်ကလည်း သူမရဲ့ လုပ်နိုင်စွမ်းအားကို ချပြခွင့်ရတဲ့အတွက် အတော်လေးဝမ်းသာနေရှာပါတယ်။မမေဇင်အောင်က hanna ရဲ့ပွဲတက် အင်္ကျီလေးအတွက် နာရီပေါင်းများစွာ အပင်ပန်းခံပြီးတော့ လုပ်ပေးခဲ့တာဖြစ်ပြီး သူရဲ့ ပညာကြေးကိုတော့ ၄သိန်းခွဲပဲ ယူထားတယ်လို့သိရပါတယ်။

ဒီဘက်ခေတ်နောက်ပိုင်း ခေတ်စားလာတဲ့ ဖန်တီးမှုတွေထဲမှာ handmade တွေကလည်း တော်တော်များများပါဝင်ခဲ့ပါတယ်။ဒီထဲမှာအားလုံးနဲ့ ရင်းနှီးပြီးတော့ အားလုံးမလုပ်နိုင်တဲ့အလုပ်တစ်ခုကတော့ လက်မှုပညာဖြစ်တဲ့ ချည်ထိုးတဲ့အလုပ်ပါပဲ။crochet လိုခေါ်တဲ့ ချည်ထိုးတဲ့အလုပ်ကို အပြင်မှာ အသက်မွေးဝမ်းကျောင်းအရ လုပ်ကိုင်နေတဲ့ သူတွေအများကြီးရှိပေမယ့်လည်း သူတို့ရဲ့ပင်ပန်းမှုကြောင့် လုပ်အားခကိုတွက်ယူတဲ့အခါမှာ စျေးကြီးတယ်ဆိုတဲ့ ပညက်ချက်နဲ့ အတူလူအနည်းအကျဉ်းကပဲစီးပွားဖြစ် အလုပ်လုပ်နိုင်ကြပါတယ်။ဒါကိုsocial influencer ဖြစ်တဲ့ hanna က ပညာကြေးကို ထိုက်ထိုက်တန်တန်ပေးပြီးတော့ ဒီလက်မှုထည်လေးနဲ့ ပွဲတက်ခဲ့တဲ့အခါမှာတော့ handmade ချစ်မြတ်နိုးသူ တစ်ခုကလည်း အတော်လေးကို ကျေးဇူးတင်နေကြပါတယ်။

handmade နဲ့ ပတ်သက်ပြီးတော့ နားမလည်တဲ့ လူတစ်စုကတော့ (၄)ရက်ကျော် ကြာဖန်တီးထားတယ်လို့ ဒဲ့မပြောပဲနဲ့နာရီပေါင်း(၁၀၀)ကျော် ဖန်တီးထားတယ်လို့ သွယ်ဝိုက်ပြောထားတယ်ဆိုကာ ဝေဖန်လာခဲ့ကြပါတယ်။ဒီစကားကိုပြောတဲ့သူတွေကိုယ်တိုင်ကလည်း လက်မှုပညာအလုပ်တစ်ခုရဲ့ အတိမ်အနက်ကို မသိပဲနဲ့ အပေါ်ယံသဘောမျိုးကြည့်ပြီးတော့ အကဲဖြတ်ကြတယ်ဆိုတာ သိသာပါတယ်။

လက်မှုပညာဆိုတာ တစ်ခြားသောအလုပ်တွေနဲ့ မတူပဲနဲ့ တစ်နေကုန်ပုံမှန်အလုပ်ချိန် (၈)နာရီထိကြာအောင်ကို မလုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။တစ်ခြားသောအလုပ်တွေထက် အာရုံစူးစိုက်ရပြီး အားစိုက်ရတဲ့ လက်မှုပညာကို တစ်နေ့မှာ လေးငါးနာရီတောင် လုပ်ဖို့ မလွယ်လှပါဘူး။ဒါကြောင့်မို့လို့ တစ်နေ့ကို (၂၄)နာရီနဲ့တွက်ပြီးတော့ (၄)ရက်ကျော်ကြာပဲ ဖန်တီးရတဲ့ဆိုတဲ့စကားက handmade ချစ်မြတ်နိုးသူတွေနဲ့ handmade တီထွင်ဖန်တီးသူတွေကို စော်ကားရာရောက်ပါတယ်။ဘယ်သူတွေဘယ်လိုပဲ ဝေဖန်ကြပါစေ လက်နှစ်ဖက်ရှိတဲ့သူတွေတောင်မှစိတ်ရှည်ရှည်နဲ့ handmade ထည်တွေကို ဖန်တီးရမလွယ်ကူပေမယ့် လက်နှစ်ဖက်လုံးမရှိပဲနဲ့ ခြေထောက်နဲ့သာဖန်တီးရတဲ့ မေဇင်အောင်ရဲ့ အထည်ဖန်တီးမှုကတော့ အားလုံးလက်ဖျားခါရပါပေတယ်။

ဒီ project မှာမသန်စွမ်းဖြစ်သူမေဇင်အောင် ပြချင်ခဲ့သလို သူရဲ့လုပ်နိုင်စွမ်းအားနဲ့ ဘယ်လောက်ဖန်တီးနိုင်လဲဆိုတာကိုလည်း ပြနိုင်ခဲ့ပါတယ်။မေဇင်အောင်က hanna ရဲ့ အင်္ကျီပေါ်မှာ ဆင်မြန်းထားတဲ့ ပွင့်ဖက်လေးတွေ ပွင့်ချပ်လေးတွေ တစ်ခုချင်းစီတိုင်းကို နာရီဝက် တစ်နာရီကျော်ကြာ အချိန်ပေးထိုးခဲ့ရပြီးတော့ အသေးစိတ်တီထွင်ဖန်တီးပေးခဲ့ရတာပါ။ဒါတွေကို hanna ကိုယ်ပေါ်မှာ ကပ်ရပ်ပြီးတော့ fitting ကျအောင် လှပနေနိုင်အောင်လို့တော့ hanna ရဲ့ personal ဒီဇိုင်နာဖြစ်တဲ့ မဝင့်ဝါက ပြန်ပြီးတော့ ပုံဖော်ပေးခဲ့တာပါ။သူတို့နှစ်ဦးလုံးရဲ့ တီထွင်ဖန်တီးမှုတွေကို ပေါင်းစပ်ပြီးတဲ့အခါမှာတော့ တော်တော်များများလေးစားအားကျရတဲ့ project တစ်ခုအောင်မြင်ပြီးစီးနိုင်ခဲ့ပါတယ်။

hanna ကပညာတတ် အမျိုးသမီးတစ်ဦးပီပီ သူရဲ့ပတ်ဝန်းကျင်အပေါ်အကျိုးပြုချင်စိတ် များစွာရှိပြီးတော့ social influencer အနေနဲ့ live sale ရောင်းတဲ့ အခါတောင်မှ သူမက local brand တွေကိုသာ ရောင်းချပေးခဲ့ပြီးတော့ သူမရဲ့ local made နဲ့ handmade တွေအပေါ်တန်ဖိုးထားမှုတွေကို ပြသခဲ့သူပါ။

ဒါက public figure တွေအနေနဲ့ အတုယူရမယ့် အချက်တစ်ချက်ဖြစ်ပြီးတော့ hanna လိုပတ်ဝန်းကျင်ကို အကျိုးပြုပြီးတော့ တစ်ခြားသောအရည်အချင်းရှိတဲ့သူတွေကို လက်တွဲခေါ်ပေးနိုင်ဖို့အတွက်လည်း ကြိုးစားသင့်ပါတယ်။အခုဆိုရင် hanna ရဲ့ အင်္ကျီကို ဖန်တီးပေးခဲ့တဲ့ မေဇင်အောင်ကို လူအတော်များများကပိုသိလာခဲ့ပြီးတော့ သူမဆီမှာ အင်္ကျီအပ်ဖို့အတွက်လည်း ဆက်သွယ်လာကြတာကို တွေ့ရပါတယ်။

မေဇင်အောင်က လွန်ခဲ့တဲ့နှစ်တွေကတည်းက ချည်ထိုးတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူဖြစ်ပြီးတော့ hanna မတိုင်ခင် မင်းသမီးအေးမြတ်သူနဲ့ တခြားသောcelebrity တွေကိုလည်းအင်္ကျီတွေ ဖန်တီးပေးခဲ့ဖူးပါသေးတယ်။သာမန်လူတွေလို လက်နှစ်ဖက် မရှိပေမယ့် သူမရဲ့ ရှိတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းလေးကို အသုံးချပြီးတော့ လူတိုင်းမလုပ်နိုင်တဲ့ အလုပ်တစ်ခုကို အောင်မြင်အောင်လုပ်နိုင်တာကတော့ လေးစားအတုယူစရာပါပဲ။

hanna ကိုယ်တိုင်ကလည်း ဖုန်းရွှေ Premier show ပွဲကို တက်ရောက်ပြီး​တဲ့အခါမှာတော့ သူမကိုနောက်ကွယ်က ကူညီပံ့ပိုးပေးခဲ့တဲ့ သူမရဲ့အဖွဲ့သားတွေအားလုံးကို ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးလာခဲ့ပြီးတော့ ကျေးဇူးတင်ကြောင်းပြလာခဲ့ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...