အဘိုးကြီးလို့ပြောလာတဲ့ ပရိသတ်တစ်ယောက်ကို ပညာသားပါပါတုံ့ပြန်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
ပရိတ်သတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိတ်သတ် တွေရဲ့ အားပေးမှုအများဆုံးရရှိထားတဲ့ အဆိုတော်မင်းသား တစ်ယောက်ပဲဖြစ်ပါတယ် …ဂီတလောကမှာ အတော်ကြာကျင်လည်ခဲ့ပြီး အောင်မြင်မှုကိုရေရှည် ကြာကြာထိန်းသိမ်းနိုင်တဲ့ ထိ်ပတန်း ဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး ကြိုက်ကြတဲ့ သီချင်းတွေကို ရေးစပ်သီဆိုလေ့ရှိသူဖြစ်ပါတယ်။ စိုင်းစိုင်းက ဂီတလောကမှာသာမက ရုပ်ရှင်လောကမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ သကြ်န်ရုပ်ရှင် ” ပိတောက်ကတဲ့ဂီတ” ဇာတ်လမ်းတွဲမှာဆိုရင် ပိုးမမှီသာနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေတခဲနက်အားပေးခဲ့ကြပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။
အသက်လေးဆယ်ကျော်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ စိုင်းစိုင်း ခမ်းလှိုင်ဟာ အသက်ရလာတဲ့အထိတောင် စန်းမကျသေးဘဲ မိန်းကလေးပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံ နေရတာပဲဖြစ်ပါတယ်…
ဒီကနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က အလှပြင်လာတဲ့ သူရဲ့ပိုစ် လေးကို မျှေ၀လာပြီး ပရိတ်သတ်တစ်ယောက်က “အဖိုးကြီး အဖိုးပါပဲ” လို့စနောက်တဲ့အပေါ် စိုင်းစိုင်းခမ်းလှိုင်က “သက်သာမလားလို့ပေါ့ကွာ” လို့ ချစ်စရာကောင်းစွာ တုံ့ပြန် လိုက်တာပဲဖြစ်ပါတယ်..။
ရေးသားသူ –Let pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။