အမေကိုအရွဲ့တိုက်ပြီး ကလေး5ယောက်ပြည့်အောင်ယူမယ့် ပိုးကြာဖြူခင်

Celebrity Local News
အမေကိုအရွဲ့တိုက်ပြီး ကလေး5ယောက်ပြည့်အောင်ယူမယ့် ပိုးကြာဖြူခင်

အိမ်ထောင်သက်တမ်း1နှစ်ကျော်မှာ ကလေးလေးယောက်ကိုပိုင်ဆိုင်ထားတဲ့ ပိုးကြာဖြူခင်ကတော့ အခုလည်း နောက်ထပ်ကလေးတစ်ယောက်ထပ်ယူဖို့စီစဉ်နေပါပြီ။အိမ်ထောင်မကျခင်အချိန်ကတော့ ပိုးကြာဖြူခင်ဟာ ပြည်သူချစ်တဲ့ မင်းသမီးတစ်လတ်ပါ။MRTV -4 က စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်လတ်ဖြစ်ပြီး ဇာတ်လမ်းတွဲ‌ရိုက်ကူးရင်း ပရိတ်သတ်ရင်ထဲရောက်လာခဲ့သူလည်းဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကိုတော့ ပရိတ်သတ်တွေက မိုးကောင်းကင်အိမ်မက်ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ယနေ့ထိသဘောကျအသိအမှတ်ပြုဆဲပါ။ဇာတ်လမ်းတွဲတွေနဲ့အောင်မြင်မှုရရှိခဲ့ပြီး ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိထားခဲ့ပေမယ့် အိမ်ထောင်ကျတဲ့ အချိန်မှာတော့ ပရိတ်သတ်တွေကအားမပေးတော့တဲ့အပြင် ဝေဖန်နေခဲ့ကြပါတယ်။

အသက်30ပြည့်တော့မှာမို့ အိမ်ထောင်ပြုတာကို ဝမ်းသာပေးခဲ့ကြပေမယ့် ရုပ်မရှိ၊ရေလျှံ မုဆိုးဖိုတစ်ယောက်နဲ့ လက်ထပ်လိုက်တာကြောင့် ဝေဖန်နေကြတာပါ။ပရိတ်သတ်တွေကတော့ မင်းသမီးကို နှမြောစိတ်နဲ့ ဝေဖန်ခဲ့ကြသလို၊ငွေမက်လို့‌ယူတယ်ဆိုပြီး ဝေဖန်တာတေ‌ွလည်းရှိနေခဲ့ပါတယ်။

ပိုးကြာဖြူခင်ကတော့ မကြာသေးခင်က အိမ်ထောင်ကျတာ တစ်နှစ်ပြည့်ခဲ့ပြီး တစ်နှစ်အတွင်းမှာလည်းဝေဖန်မှုတွေ ပြည့်နှက်လို့နေပါတယ်။အိမ်ထောင်သက်တမ်းတစ်နှစ်သာရှိသေးပေမယ့် သားလေးက၅လသားအရွယ်ရောက်နေတာကြောင့်ဝေဖန်မှုတွေရှိခဲ့သလို ပိုက်ဆံချမ်းသာတဲ့ ယောက်ျားကို ရပြီး အောက်ခြေလွတ်နေတာကြောင့် ဝေဖန်ခံနေရတာပါ။

အိမ်ထောင်ကြပြီးတာနဲ့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး ပရိတ်သတ်တွေနဲ့ အချေအတင်ပြောရင်းမကြာသေးခင်အချိန်ထိကို ပြသာနာဖြစ်ခဲ့ကြတာပါ။အနုပညာအလုပ်တွေကို လုပ်နေချိန်က ပရိတ်သတ်တေ‌ွက ထမင်းရှင်ဖြစ်နေတာကြောင့် ဝေဖန်တာတွေရှိနေလည်း တုံ့ပြန်တာတွေမလုပ်ခဲ့ဘဲ ပြည်သူချစ်အနုပညာရှင်တစ်ယောက်လိုနေထိုင်ခဲ့သူပါ။

သူဌေးနဲ့အိမ်ထောင်ကျပြီး သူဌေးကတော် ဖြစ်သွားချိန်မှာတော့ အောင်မြင်ကျော်ကြားတာတွေမလိုတော့ဘဲ ယောက်ျားနဲ့ အဆင်ပြေဖို့သာလိုအပ်နေခဲ့တာပါ။ပိုးကြာဖြူခင်ကတော့ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ လင်ပါကလေးသုံးယောက်ကို‌ေကျွးမွေးပြုစုစောင့်ရှောက်ရင်း မိသားစုဘဝကို တည်ထောင်နေခဲ့ပါတယ်။

ပိုးကြာဖြူခင်က အစပိုင်းမှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အလှူအတန်းတွေ ဆက်တိုက်လုပ်ခဲ့နေခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့အမြင်ပြောင်းလဲခဲ့ပါတယ်။အထိမ်းအမှတ်နေ့တွေမှာလည်း အလှူအကြီးအကျယ်ပေးခဲ့သလို အထိမ်းအမှတ်နေ့တွေမဟုတ်လည်း သူစိတ်ပါတိုင်းအလှူပေးလေ့ရှိပါတယ်။

မကြာသေးခင်လုပ်ပေးခဲ့တဲ့ အလ‌ှူကြောင့် ပရိတ်သတ်တွေရဲ့ ချီးကျူးခံခဲ့ရပါသေးတယ်။ပုံမှန်အလှူတွေလိုမဟုတ်ဘဲ လူတကာမလှူနိုင်တဲ့ ဒူးရင်းသီး စတုဒီသာ အလှူပွဲကြီးပေးခဲ့တာလည်းဖြစ်ပါတယ်။ဒူးရင်းသီး အလုံး500နဲ့ မင်းကွတ်သီး အလုံး500ကိုသူ့ရဲ့ဆိုင်ရှေ့ လှူဒါန်းခဲ့တာပါ။

လူကြိုက်များတဲ့ ရာသီစာဖြစ်တာကြောင့် လာရောက်စားသုံးသူက အယောက်၄၀၀၀လောက် ရှိတာကြောင့် တိုးမရနိုင်တဲ့အထိ လူပယ်လယ်ကြီး ဖြစ်ခဲ့ရပါတယ်။လူအရမ်းများတာကြောင့် မရတဲ့ လူတွေစိတ်မညစ်ရအောင် ငွေသားသိန်း30ကိုလည်း ရွှေမိုး‌ေငွမိုးကြဲပြီး လူအများကို ပျော်ရွှင်စေခဲ့ပါတယ်။

ဒူးရင်းသီး500နဲ့ လူအယောက်4000ကျော်မမျှတာကြောင့် နေပူထဲမှာလာတန်းစီတဲ့ လူတွေကို အလျှော်ပြန်ပေးတဲ့ အနေ့နဲ့ နောက်နေ့မှာ ထမင်းစတုဒီယာအလှူပွဲကြီး ထပ်လုပ်ခဲ့ပြန်ပါတယ်။ပိုးကြာဖြူခင်ရဲ့ အခုလိုမျိုး လှူဒါန်းနေတဲ့ ပုံစံ‌ေတွကြောင့် ပရိတ်သတ်တွေကတော့ သူမကိုချီးကျူးချစ်ခင်လာခဲ့ကြပါတယ်။

ပိုးကြာဖြူခင်က ပရိတ်သတ်အချစ်ပြန်ရပေမယ့်လည်း အနုပညာလောကထဲကို ပြန်ဝင်ဖို့ စိတ်ကူးမရှိဘဲ စီးပွားရေးနဲ့ မိသားစုအရေးကိုသာ ဇောက်ချလုပ်ဖို့ စိတ်ကူးရှိနေခဲ့တာပါ။ကလေး4ယောက်အမေဖြစ်နေတာကြောင့် ‌က ‌ေလးတွေအလုပ်နဲ့ ရုပ်ရှင်ရိုက်စရာ အချိန်မရှိတဲ့ အထိ ဖြစ်နေရပါတယ်။

ရုပ်ရှင်ရိုက်ရင် တစ်ရက်ကို ဘယ်လောက်မှမရိုက်ရပေမယ့် အိမ်ကသားသမီးတွေနဲ့ တစ်ရက်ကို ရုပ်ရှင်တစ်ကားလောက်ပြီး အောင်ရိုက်ရတဲ့အထိ အလုပ်ရှုပ်နေခဲ့တယ်လို့ဆိုပါတယ်။ပိုးကြာဖြူခင်ကတော့ လတ်တလောမှာ ကလေး လေးယောက်ရှိပေမယ့် နောက်ထပ်သမီးလေးတစ်ယောက်ထပ်ယူဖို့ စဉ်းစားနေခဲ့ပါပြီ။

ငွေကြေးပြည့်စုံသလို၊ကလေးလည်း မထိန်းရတာကြောင့် မိခင်ကို အရွဲ့တိုက်တဲ့ အနေနဲ့ နောက်ထပ်ကလေးတစ်ယောက်လို့ ယူဖို့ တွေးနေခဲ့တာလည်းဖြစ်ပါတယ်။ပိုးကြာဖြူခင်ရဲ့ မိခင်က သားသမီးလေးယောက်မွေးထားတာကြောင့် တစ်ခုခုပြောပြီဆိုရင် ကလေးလေးယောက်ကို ထိန်းရတဲ့ အကြောင်းတွေပြောပြီး ဆုံးမနေတ‌ာကြောင့် သူ့အနေနဲ့ ပြန်ပြောနိုင်ဖို့ ကလေးတစ်ယောက်ထပ်ယူတော့မှာပါ။

အမေက လေးယောက်အကြောင်းပြောရင် သူက 5ယောက်အကြောင်းပြောပြီး ဂုဏ်ဆာနိုင်အောင် တစ်ယောက်ထပ်ယူမယ်ဆိုပြီး သူ့ရဲ့ အနာဂတ်Plan တွေကို ချပြလာခဲ့ပါတယ်။ပရိတ်သတ်တွေကတော့ ကလေးယူဖို့ကို အားပေးနေကြတဲ့ လူတွေရှိသလို ၊မွေးပြီး မထိန်းရလို့ ထပ်ယူတာ ဘာလုပ်ပေးရမလဲဆိုပြီး စိတ်မဝင်စားတဲ့ လူတွေလည်း များစွာရှိနေခဲ့ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...