ကိုရီးယားမှာဒါရိုက်တာပညာသင်နေရင်း မင်းသမီးလုပ်ဖို့ မြန်မာနိုင်ငံပြန်လာတဲ့ MRTV-4မင်းသမီး နေခြည်ရွှန်းလက်

Celebrity Local News
ကိုရီးယားမှာဒါရိုက်တာပညာသင်နေရင်း မင်းသမီးလုပ်ဖို့ မြန်မာနိုင်ငံပြန်လာတဲ့ MRTV-4မင်းသမီး နေခြည်ရွှန်းလက်

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန “ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ MRTV-4 မင်းသမီးလေး နေခြည်ရွှန်းလက်က အရင်လိုအနုပညာအလုပ်တွေပြန်လုပ်သွားဖို့အတွက် မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။နေခြည်ရွှန်းလက်က ၂၀၂၁ကတည်းက နိုင်ငံခြားထွက်သွားခဲ့သူဖြစ်ပြီးတော့ ကိုရီးယားနိုင်ငံမှာ သူမဝါသနာပါတဲ့အနုပညာကျောင်းကို သွားရောက်တက်ခဲ့ပါတယ်။ နေခြည်ရွှန်းလဲ့က အသက်ငယ်ပေမယ့် သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ပရိတ်သတ်တွေပေးထားတဲ့ နေရာတစ်နေရာကို ရရှိထားသူဖြစ်ပေမယ့်လည်း အချိန်အတော်ကြာ ပရိတ်သတ်တွေနဲ့ဝေးကွာခဲ့ရသူတစ်ယောက်ပါ။

MRTV-4 မှာ သူမနဲ့အတူတူ တက်လှမ်းခဲ့တဲ့ မင်းသား မင်းသမီးတွေများစွာက အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အနုပညာနယ်ပယ်မှာ နေရာအသီးသီးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုရရှိထားပေမယ့်လည်း မင်းသမီးလေးနေခြည်ရွှန်းလက်တစ်ယောက်ကတော့ နိုင်ငံခြားရောက်နေတာကြောင့်ဒီအခွင့်အရေးတွေကိုလက်လွှတ်ခဲ့ရပါတယ်။အခုအချိန်မှ သူမရဲ့အနုပညာအလုပ်တွေကို ပြန်လည်စတင်ဖို့အတွက် Come Back ပြန်လာခဲ့ပါတယ်။

မင်းသမီးနေခြည်ရွှန်းလဲ့ကို ပရိတ်သတ်တွေက ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာကတည်းက စတင်သတိထားမိခဲ့ပြီးတော့ အဲ့ဒီနောက်မှာတော့ မင်းသားကျော်ဆုနဲ့ အခန်းနံပါတ်? ၊မင်းသားအောင်မင်းခန့်နဲ့ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန စတဲ့ ဇာတ်ကားတွေနဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။

”မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ကတော့ သူမရဲ့ ပရိတ်သတ်အသိအမှတ်ပြုမှုကို အများဆုံးရခဲ့တဲ့ ဇာတ်လမ်းတွဲ​ဖြစ်​ပြီးတော့ ဒီကားထဲမှာ နှင်းနွေဆိုတဲ့ charater နဲ့ မာနကြီးတဲ့ စွာတေးလန်ကောင်မလေးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။နေခြည်ရွှန်းလဲ့က အနုပညာလောကထဲကို တက္ကသိုလ် ဒုတိယနှစ်မှာစတင်ဝင်ရောက်ခဲ့ပြီးတော့ အသက် ၂၀စွန်းစွန်းလေးနဲ့ ခေါင်းဆောင်မင်းသမီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် တစ်ခြားသော MRTV -4 ရဲ့စီနီယာမင်းသမီးတွေနဲ့အပြိုင်နေရာတစ်ခုကို ရခဲ့ပါတယ်။

ဒီလိုပရိတ်သတ်အတော်အတန်သင့်ရရှိထားတဲ့ နေခြည်ရွှန်းလဲ့က ပညာရေးကို ဦးစားပေးပြီးတော့ ကိုရီးယားနိုင်ငံမှာDirecting ပညာကိုသွားရောက် သင်ယူခဲ့ပြီးတော့ ပရိတ်သတ်တွေနဲ့ ဝေးကွာခဲ့ပါတယ်။သူမကိုရီးယားနိုင်ငံမှာ (၂)နှစ်ခွဲလောက် ပညာသွားသင်နေတာကြောင့် အနုပညာအလုပ်တွေကို(၂)နှစ်ကျော် (၃)နှစ်နီးပါးလောက်ထိ ဘာမှမလုပ်ဖြစ်ပဲ ရပ်တန့်ထားခဲ့ရပါတယ်။သူ့အနေနဲ့တော့ ကိုယ်ဝါသနာပါရာပညာရေးအတွက်နိုင်ငံခြားသွားခဲ့ရပေမယ့်လည်း ဒီလိုအချိန်အတော်ကြာအနုပညာလုပ်ခွင့်မရခဲ့တဲ့ အချိန်တွေအတွက်တော့နှမြောမိနေသူပါ။

ဒါကြောင့် အခုချိန် မြန်မာနိုင်ငံကို ပြန်ရောက်ပြိးတော့ရုပ်ရှင်ဇာတ်လမ်းတွေပြန်ရိုက်မယ်ဆိုတာက သူမရဲ့ come back တစ်ခုဖြစ်နေပြီးတော့ ပထမဆုံးအနုပညာလောကထဲ ဝင်တုန်းကလို စိတ်လှုပ်ရှားမိတဲ့ ခံစားချက်မျိုးကို ရတယ်လို့လည်း ပြောလာပါတယ်။မင်းသမီး နေခြည်ရွှန်းလဲ့က နိုင်ငံရေးအခြေနေတွေကြောင့် ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ သူမရိုက်ကူးဖို့အတွက် ကမ်းလှမ်းထားတဲ့ ရုပ်ရှင်၊ဇာတ်လမ်းတွဲနှင့် ရိုက်လက်စ ဇာတ်ကားတွေအများကြီးကိုလည်း ပစ်ထားခဲ့ရပါတယ်။အချိန်တစ်ခုရောက်တဲ့အခါမှာ တစ်ခြားသောလူတွေက ပြန်ပြီးတော့ ရိုက်နေကြတာကို မြင်တဲ့အခါမှာတော့ ကြေကွဲခဲ့ရတယ်လို့ ဆိုပါတယ်။

နေခြည်ရွှန်းလဲ့ရဲ့ ပရိတ်သတ်တွေကတော့ သူမကိုရီးယားရောက်သွားခဲ့လည်း သူမရဲ့လှုပ်ရှားမှုတွေကို social media ကနေအမြဲ စောင့်ကြည့်နေခဲ့ပြီးတော့ အားပေးနေခဲ့ကြပါတယ်။သူမက ကိုရီးယားနိုင်ငံမှာ director major ကို ယူထားပြီးတော့ ပညာတွေသင်ခဲ့ပေမယ့် အနုပညာအလုပ်တွေကိုတော့ တစ်ခုမှ မလုပ်နေခဲ့ပါဘူး။ကိုရီးယားနိုင်ငံရဲ့ အလှအပတွေနဲ့ ကိုရီးယားမှာလေးတစ်ယောက်လို လှပနေတဲ့ သူမရဲ့ ပုံရိပ်တွေကိုသာ ပရိတ်သတ်တွေဆီကို ချပြဖြစ်ခဲ့ပါတယ်။

အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့အချိန်မှာ ဆံပင်အရှည်ကြီးနဲ့ လှပခဲ့တဲ့မင်းသမီးချောလေး နေခြည်ရွှန်းလဲ့က ကိုရီးယားနိုင်ငံရောက်သွားတော့လည်း idol တစ်ယောက်ရဲ့ အလှမျိုးနဲ့ ပရိတ်သတ်တွေကို ထပ်မံဖမ်းစားနိုင်ခဲ့ပါတယ်။သူမအခုလို မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးတော့ အရင်လိုအနုပညာအလုပ်တွေ ပြန်လုပ်သွားတော့မယ်လို့ ဆိုလာတဲ့အခါမှာတော့ နေခြည်ရွှန်းလဲ့ကိုမျှော်နေတဲ့ ပရိတ်သတ်တွေက ဝမ်းသာနေကြပါတယ်။

မင်းသမီးနေခြည်ရွှန်းလဲ့ အခုတစ်ခေါက်မြန်မာနိုင်ငံကို ပြန်လာခဲ့တာကလည်း အနုပညာအလုပ်တွေ လုပ်ဖို့အတွက်ဖြစ်ပြီးတော့ အချိန်ကြာကြာနေအုန်းမှာလို့ဆိုလာပါတယ်။အခုအချိန်မှာ သူရဲ့ ပထမဦးဆုံး music video တွေကို ရိုက်ကူးနေပြီးတော့ သူမကိုကမ်းလှမ်းလာတဲ့ ရုပ်ရှင် ဇာတ်လမ်းတွေလည်း အများကြီးရှိနေပါတယ်။ဒါတွေကိုဇာတ်ညွှန်းတွေဖတ်ကြည့်ပြီးတော့သူမနဲ့ကိုက်ညီနဲ့ ဇာတ်ညွှန်းမျိုးဆိုရင် တော့ မကြာမီအချိန်တွင်းမှာပဲ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MRTV-4နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းခဲ့တဲ့ မင်းသား၊မင်းသမီးတွေထဲမှာနေခြည်ရွှန်းလဲ့လည်း ပါဝင်နေတာကြောင့် သူမကို MRTV-4ဇာတ်လမ်းတွဲတွေမှာတော့မြင်ရတော့မှာမဟုတ်ပါဘူး။နေခြည်ရွှန်းလဲ့က မြန်မာနိုင်ငံကို အခုလို ဒုတိယအကြီမ် ပြန်ရောက်လာပြီးတော့ အနုပညာအလုပ်တွေလုပ်ခွင့်ရတာက second chance ပြန်ပေးပြီးတော့ challenge တစ်ခုရတယ်လို့သာ ခံယူထားပါတယ်။

ကိုရီးယာမှာ (၂)နှစ်ကျော်ကြာ တစ်ယောက်ထဲသွားပြီးတော့ ကျောင်းတက်နေခဲ့တဲ့ နေခြည်ရွှန်းလဲ့က သူမရဲ့မိသားစုကို လွမ်းတာအပြင်သူမလုပ်ခဲ့တဲ့အနုပညာအလုပ်တွေကိုလည်း လွမ်းနေပါလိမ့်မယ်။ဒါအပြင် အတော်အသင့် အောင်မြင်မှုရထားပြီးသားလူတစ်ယောက်အတွက် လမ်းဖောက်ပြီးသားနေရာတသ်လုရှိနေတယ် ဆိုတာကလည်းအနုပညာအလုပ်တွေပြန်လုပ်တဲ့အချိန်မှာအတော်လေးအထောက်အကူပြုပါလိမ့်မယ်။နေခြည်ရွှန်းလဲ့က နိုင်ငံခြားမှာသွားပြီးတော့ ကျောင်းတက်ခဲ့တာကြောင့် သူမရဲ့စကားပြောပုံဆိုပုံကအစ အရင်ကထက်ပိုရင့်ကျက်လာပြီးတော့ social လည်း ကျလာတယ်လို့ ကိုယ့်ကိုယ်ကိုထင်မြင်လာပါတယ်။

ဘာလိုလဲဆိုရင် နေခြည်ရွှန်းလဲ့က မြန်မာနိုင်ငံမှာနေတုန်းကဆိုရင် အနေအေးတဲ့ မင်းသမီးထဲမှာပါပြီးတော့ သူမရဲ့ အနုပညာအရည်အချင်းတစ်ချို့ကြောင့်သာ ပရိတ်သတ်တွေက သိခဲ့ကြရတာပါ။အခုလို နိုင်ငံခြားမှာပညာသင်ပြီး ပြန်လာတဲ့အခါမှာတော့ အရင်ကထက်ပိုပြီးအပေါင်းအသင်းဝင်ဆံ့လာပြီးတော့ လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အရင်က စကားပြောတာကအစ အေးဆေးပြီးတော့ ပရိတ်သတ်တွေက အရင်ကနေခြည်ရွှန်းလဲ့ကို အေးဆေးတယ်လို့သာထင်နေကြပေမယ့် သူမအနေနဲ့ကတော့ လှုပ်စိလှုပ်စိဖြစ်ခဲ့ပြီးတော့ အလုပ်လုပ်တာနှေးတဲ့သူမရဲ့ပုံစံကို ကိုယ်ရီးယားနိုင်ငံရောက်မှသာ ပြုပြင်နိုင်တယ်လို့ ဆိုပါတယ်။

အခုဆိုရင်တော့ ဘာလုပ်လုပ် မြန်ဆန်ပြီးတော့ အချိန်တိကျတဲ့သူတစ်ယောက်လည်း ဖြစ်လာတယ်လို့လည်းဆိုပါတယ်။နေခြည်ရွှန်းလဲ့ကို ချစ်တဲ့ပရိတ်သတ်တွေကတော့ သူမရဲ့ come back ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် နိုင်ငံခြားမှာ သူမသင်ယူဆည်းပူးခဲ့ရတဲ့ ပညာတွေနဲ့ အနုပညာလောကမှာဘယ်လိုအမိုက်စားတွေ့ရမလဲဆိုတာ ရင်ခုန်စောင့်မျှော်နေကြရပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...