ကျောက်ကပ်အားဖြည့်အစားအစာဖြစ်သောပဲကတ္တီပါပဲအကြောင်း ဗဟုသုတများ

Health Knowledge
ကျောက်ကပ်အားဖြည့်အစားအစာဖြစ်သောပဲကတ္တီပါပဲအကြောင်း ဗဟုသုတများ

မိတ်ဆွေတော်တော်များများကျောက်ကပ်ဝေဒနာနှင့်ပတ်သက်ပြီးဆောင်ရန် ရှောင်ရန် သတိပြုရန်များ

ကျောက်ကပ်သည်လူ့ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ကာသွေးထဲကအဆိပ်တွေကိုဖယ်ထုတ်ပေးပြီးဆီးလမ်းကြောင့်ကနေစွန့်ပစ်တဲ့အလုပ်ကိုအမြဲလုပ်ပေးလေ့ရှိပါတယ်အကယ်၍အဆိပ်တွေများလာရင်တော့
ကျောက်ကပ်မှာခံနိုင်ရည်စွမ်းမရှိတော့ဘဲတစ တစ စတင်ပျက်စီးလာပြီးနောက်ဆုံးမှာ ကျောက်ကပ်၏လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းလာကာကျောက်ကပ်ပျက်စီးသွားတာကိုလေ့လာတွေ့ရှိရပါတယ်ခင်ဗျာ

ကျောက်ကပ်ပျက်စီးတဲ့အကြောင်းရင်းကိုလေ့လာကြည့်မယ်ဆိုင်ရင်ဖြင့်ယနေ့ခေတ် ကမ္ဘာကြီးမှာကျွန်တော်တို့စားသောက်နေရတဲ့အစားအသောက်တွေထဲမှာဓါတုဆိုးဆေးတွေပါဝင်နေခြင်းစိုက်ပျိုးရေးတွက်အသုံးပြုနေကြသောပိုးသတ်ဆေးများနှင့်အသီးအရွက်အားဆေးများကိုလိုတာထက်ပိုအသုံးပြုခြင်းတို့သည်ကျောက်ကပ်ကိုထိခိုက်စေသောအဆိပ်အတောက်တွေအများကြီးဖြစ်ပေါ်ပါဝင်နေတဲ့အတွက်လူကြီး လူငယ် လူရွယ်မရွေးကျောက်ကပ်ထိခိုက်နေကြရတဲ့အတွက်ကျောက်ကပ်လုံးဝခံနိုင်ရည်ရှိအောင်ကျောက်ကပ်ဆဲလ်အသစ်တွေတည်ဆောက်ပြီးပြုပြင်တဲ့နည်းလမ်းသစ်တစ်ခုကိုဖြန့်ဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ

ကျောက်ကပ် ပျက်စီးခြင်းမျိုးအထိမဖြစ်ရလေအောင် ဘာလုပ်ရမလဲဆိုရင်
ဥပမာ လေမုန်တိုင်းဒဏ်ကိုခံနိုင်အောင်ခိုင်ခံ့တဲ့တိုက်အိမ်ကောင်းကောင်းတစ်ခု
ဆောက်ထားဖို့လိုအပ်သလိုအဆိပ်တွေရဲ့ဒဏ်ကိုခံနိုင်အောင်လည်းမိမိရဲ့ကျောက်ကပ်ကိုတည်ဆောက်ထားဖို့လိုပါတယ်ကျောက်ကပ်ဆိုတာအသွေးအသားတစ်ခုဖြစ်ပြီးCellတွေစုပေါင်းပြီးတည်ဆောက်ထားတာဖြစ်တဲ့အတွက်အဲဒီCellတွေရရှိတဲ့Sourceက ဘာလဲဆိုရင်အသွေးအသားတွေအားလုံးရဲ့sourceကအာဟာရကလာတယ်

ဒါကြောင့်ကျောက်ကပ်cellတွေကိုတည်ဆောက်ပေးမယ့်အာဟာရဓါတ် လိုအပ်ပါတယ်ကျောက်ကပ်အတွက်အဓိကအားဖြည့်ပေမဲ့အစားအစာကတော့ပဲကတ္တီပါ(kidneybean)ပဲဘဲဖြစ်ပြီးပဲကတ္တီပါကိုသေချာလေ့လာကြည့့်ပါကကျောက်ကပ်နဲ့တစ်ပုံစံထည်းဖြစ်ပါတယ်ပဲကတ္တီပါမှာပါတဲ့အခါးဓာတ်လေးက
အလွန်အဖိုးတန်တဲ့အင်ဇိုင်းတစ်ခုဖြစ်ပြီးအဲဒီအင်ဇိုင်းဟာကျောက်ကပ်ရဲ့cellတွေကိုအသစ်တည်ဆောက်ပေးနိုင်တဲ့အမိုင်နိုအက်စစ်ပရိုတင်းတွေဖြစ်ပါတယ်

အကယ်၍ထိခိုက်ပျက်စီးသွားတဲ့ကျောက်ကပ်အစိတ်အပိုင်းတွေကိုလည်း
cellအသစ်တွေနဲ့ဖာထေးပြုပြင်ပြီးကျောက်ကပ်ကိုပကတိအတိုင်းကဲ့သို့အကောင်းအတိုင်းဖြစ်သွားအောင်လုပ်ပေးနိုင်ပါတယ်ပဲကတ္တီပါမှာဗီတာမင်Eတွေအများကြီးပါဝင်ပြီးသွေးကိုသန့်စင်ရာမှာအာနိသင် ပိုမိုထက်မြက်တဲ့အတွက်ပဲကတ္တီပါကိုကျောက်ကပ်အတွက်အကောင်းဆုံးအာဟာရလို့ပြောနိုင်ပါတယ်

ကောင်းလွန်းလို့လည်းအင်္ဂလိပ်တွေကပဲကတ္တီပါကိုkidney bean (ကျောက်ကပ်ပဲ)လို့
အမည်ပေးထားခြင်းဖြစ်ပါတယ်ကျောက်ကပ်အမြဲတန်းကောင်းစေဖို့အတွက်
ပဲကတ္တီပါကိုစားပေးရမယ်ဆိုတာသိရှိပြီးအများကြီးတော့မစားစေချင်ပါဘူးခင်ဗျာဘာဖြစ်လို့လည်းဆိုတော့ပဲကတ္တီပါမှာပါတဲ့ အမိုင်နိုအက်စစ်ကိုကျောက်ကပ်အတွက်
အများကြီးမလိုအပ်လို့ပါပဲပဲကတ္တီပါစားတာများသွားရင်လည်းကျောက်ကပ်အတွက်အဆိပ်ပြန်ဖြစ်တတ်တဲ့အတွက်သင့်ရုံလောက်ပဲစားဖို့လိုအပ်ပါတယ်

ကျောက်ကပ်အတွက်ဆောင်ရန်ရှောင်ရန်များ

ကျောက်ကပ်သည်အအေးကိုလုံးဝမကြိုက်မနှစ်သက်ပဲအပူကိုသာကြိုက်နှစ်သက်ပါတယ်ထို့ကြောင့်မနက်စောစောကျောက်ကပ်အေးနေချိန်မှာပြင်းထန်တဲ့အားကစားများမပြုလုပ်မိစေရန်သတိပြုသင့်ပါတယ်လမ်းလျောက်ခြင်းနှင့်နေပူဆာလှုံခြင်းကတော့နေ့စဥ်ပြုလုပ်သင့်ပါတယ်မိတ်ဆွေများအနေဖြင့် ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုပြုရင်ကိုယ်တွင်းမှာလက်တစ်အက်စစ်တွေများလာတတ်ပါတယ်
အဲဒီလက်တစ်အက်စစ်ကကျောက်ကပ်ရဲ့အဆိပ်ဘဲဖြစ်ပါတယ်ပျူရင်းဓာတ်ကြွယ်ဝတဲ့
အစားအသောက်တွေစားရင်လည်းထွက်လာတဲ့ ယူရစ်အက်စစ်ကကျောက်ကပ်အတွက်အဆိပ်ဘဲဖြစ်ပါတယ်

ဆိုဒီယံဆားနဲ့ဟင်းခတ်မှုန့်များနှင့်အရက်သေစာသကြားဖြူတို့ကိုလည်း
ကျောက်ကပ်ကလုံးဝမနှစ်သက်တာကိုသတိပြုမိစေချင်ပါတယ်ရုပ်ပိုင်းဆိုင်ရာကြောင့်ကျောက်ကပ်ပျက်စီးတာထက်ကိုစိတ်ပိုင်းဆိုင်ရာကြောင့်ပျက်စီးရတာကပိုဆိုးပါတယ်
ဥပမာကြောက်လန့်မှုတစ်ခုခုနဲ့ကြုံလိုက်ရတာနဲ့ကျောက်ကပ်ကကျုံ့ပြီးရပ်သွားတတ်လို့ပါပဲခင်ဗျာ

စိတ်ဖိစီးမှုများခြင်း
စိုးရိမ်ကြောင့်ကြခြင်း
စိတ်သောကရောက်ခြင်း
ပရိဒေဝမီးတောက်ခြင်း
ဒေါမနသဖြစ်ခြင်းတွေကကျောက်ကပ်ကိုတိုက်ရိုက်ထိတတ်တဲ့အတွက်ယောနိသောမနသီကာယလို့ခေါ်တဲသင့်တင့်လျောက်ပတ်စွာနှလုံးသွင်းတတ်အောင်
လေ့ကျင့်ထားဖို့လည်းလိုအပ်ပါတယ်

ဆောင်ရန်ကတော့ရေများများသောက်ခြင်း၊ကျောက်ဖရုံသီးသုံးစားခြင်းဆိုဒီယံဆားအစားပန်းရောင်ကျောက်ဆာပင်လယ်ဆားပိုတက်စီယံဆားတို့ကို မျှသုံးခြင်း
အာဟာရမျှတစုံလင်အောင်စားသောက်ခြင်းလမ်းလျှောက်ခြင်းအိပ်ရေးဝအောင်အိပ်ခြင်းနဲ့ဗီတာမင်Dရအောင်နေပူဆာလှုံပေးခြင်းတို့ပဲဖြစ်ပါတယ်

ကျောက်ကပ်ကျန်းမာရေးကောင်မွန်စေရန်အတွက်ပဲကတ္တီပါလက်တစ်ဆုတ်ခန့်ကိုပြုတ်ပြီးကျောက်စားအနဲငယ်ထည့်ကာအရည်ကောအနှစ်များကိုပါ
ကြိတ်ပြီးစားသုံးခြင်းပေးပါထို့အပြင် အစာလည်းဆေးလည်းအစာဖြစ်တဲ့အတွက် ပဲကတ္တီပါလက်တစ်ဆုတ်စာခန့်ကိုပြုတ်ပြီးကြက်သွန်နီ နှမ်ဆီ ကျောက်ဆား
ငရုတ်သီးစိမ်းတို့ဖြင့် တစ်လလျှင်၄ကြိမ်ခန့်သုပ်စားခြင်းသည်လည်းသဘာဝကပေးသောကျန်းမာရေးအတွက်လက်ဆောင်ကောင်းများရရှိစေမှာဖြစ်တဲ့အတွက်ဘမိတ်ဆွေများကျောက်ကပ်မကောင်းရင်ပဲကတ်တီပါစားပါ
ကျောက်ကပ်ကျန်းမာရေးကိုကြိုတင်ကာကွယ်ထားလိုပါသလားပဲကတ်တီပါစားသုံးပါဟုအကြံဥာဏ်များပေးလိုပါတယ်ခင်ဗျာ
#crd

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...