ပန်းသေရောဂါ၊ မြုံနေသောအမျိုးသမီးများကာမဆန္ဒအားနည်းခြင်းမှအစ အိပ်မပျော်သူအစာအိမ်၊လေရောဂါအဆုံး ကညွတ်ဥကိုသုံး

Health Knowledge
ပန်းသေရောဂါ၊ မြုံနေသောအမျိုးသမီးများကာမဆန္ဒအားနည်းခြင်းမှအစ အိပ်မပျော်သူအစာအိမ်၊လေရောဂါအဆုံး ကညွတ်ဥကိုသုံး

ကညွတ်ဥ(ရှဉ့်မတက်ဥ)
~အမျိုးသမီးများ သားသမီးမထွန်းကာ မြုံနေပါက
ကညွတ်ဥကို ပရန္နဝါနှင့်တွဲဖက်၍ကြော်စားပါ။
.
~အမျြိုးသားမြား ပန်းသေရောဂါအတွက်၊
ကညွတ်ဥ သတ္တုရည်တစ်ခွက်နှင့်ဖန်ခါးသီးတွဲဖက်စားသုံးပေးပါက ပျောက်ကင်းချမ်းသာမည်။

~ သွေးအန်ရောဂါအတွက် ကညွတ်ဥကိုဆီးဖြူသီးနှင့်ရောစားပေးပါ။
~ဝမ်းကိုက်ရောဂါ ဖြစ်နေလျင် ကညွတ်ဥကိုငရုတ်ကောင်းနှင့်တွဲဖက်စားသုံးပေးပါ။
~အစာအိမ်ရောဂါ အတွက် ကညွတ်ဥကို
ထောပတ် သကြားနှင့်ကြော်စားပါ။

~အမျိုးသမီးများ ဓမ္မတာ မမှန်ထိန်ကျန်နေပါက
ကညွတ်ဥ သတ္တရည်ကို သကြားနှင့်ဖျော်သောက်ပါ
~အိမ်ထောင်ရှင်အမျိုးသား အမျိုးသမီးများ
ကာမဆန္ဒအားနည်းပါက ကညွတ်ဥကို နှမ်းဆီနှင့်
ကြော်စားပါ။

~ကညွတ်ဥကိုဗောက်မြစ်နှင့်တွဲဖက်၍ကြော် ချက်စားပါက မေထုန်သတ္တိအားနည်းခြင်းကိုပယ်ဖျောက်၏။
~ဆီးရောဂါအတွက် ကညွတ်ဥကိုမြင်းခွာရွက်နှင့်
ရောစပ်၍ကြော်စားပါ။

~ လေပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်ကွေးကောက်
သောရောဂါ၊ဇက်ခိုင်သောရောဂါ အတွက်
ကညွတ်ဥကို ချင်းသတ္တုရည်၊နို့၊ ဆားအနည်းငယ်ရောစပ်သောက်ပါ။
~ သွေးအားကောင်းစေရန် ကညွတ်ဥကိုပုစွန်နှင့်ကြော်စားပါ။
~စားကောင်းအိပ်ပျော်ကျန်းမာဝဖြိုးစေရန်
ကညွတ်ဥကို ငါး၊အသားဖြင့်ကြော်ချက်စားပါ။

~ကညွတ်ဥကိုနွားနို့နှင့် သောက်ပါက အသက်ရှည်စေသည်။
~ကညွတ်ဥကိုအခြောက်လှန်းအမှုန့်ပြု၍
ပျားရည်နှင့်တေပြီးပြောင်းစေ့ခန့်လုံးထား ကာလုံခြုံသောပုလင်းတွင်ထည့်သိမ်းထားပါ။ အိပ်မပျော်ပါက နှစ်လုံး၊မှ သုံးလုံးသောက်ဧကန်အိပ်ပျော်၏။
ထို့အပြင် အင်အားနည်းသူများလည်း အားအင်ပြည့်ဖြိုး ခွန်အားဗလတိုးစေပါသည်။

သမားတော်ကြီး ဦးသောင်းရွှေ

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...