ဗိုက်က အဆီ ဘာလို့ မကျရတာလဲ

Health Knowledge
ဗိုက်က အဆီ ဘာလို့ မကျရတာလဲ

ဗိုက်ခေါက်ထူလာလို့ ကိုယ်ကြိုက်တဲ့ အဝတ်အစားလေးတွေ မဝတ်နိုင်တော့တဲ့ အခါ စိတ်မသက်အသာ ဖြစ်ရသူတွေ အများကြီး ရှိပါတယ်။လေ့ကျင့်ခန်း၊ အစားအသောက်တွေနဲ့ အဆီကျဖို့ ကြိုးစားနေရင်တောင် ဗိုက်ကအဆီတွေ မကျသွားတာတွေ ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ဗိုက်က အဆီဘာကြောင့် လွယ်လွယ်မကျရသလဲဆိုတဲ့ အကြောင်းရင်းတွေကို မျှဝေလိုက်ရပါတယ်။

၁) အရက် သောက်တာ – အရက်ပုံမှန် သောက်သုံးတွေ ၊ ပမာဏများများ သောက်သုံးသူတွေဆိုရင် ဗိုက် အဆီကျဖို့ ခဲယဉ်းပါတယ်။

၂) အသက်ကြီးလာတာ – အသက်ကြီးလာတာနဲ့ အမျှ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာပြီး ဗိုက်က အဆီကို လျှော့ချဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

 

၃) လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်း မှားနေတာ – တိကျပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းမျိုး မဟုတ်တာတွေ၊ လေ့ကျင့်ခန်းလုပ်ပါလျက်နဲ့ ပုံစံမမှန်ကန်တာတွေ ဖြစ်နေရင် ဗိုက်အဆီ ကျဖို့အတွက် ထိရောက်စေမှာ မဟုတ်ပါဘူး။ ထိရောက်တဲ့ အနေအထားထိ မလုပ်ဘဲ ပေါ့ပေါ့ပါးပါးဘဲ လုပ်နေရင်လည်း ထူးခြားလာမှာ မဟုတ်ပါဘူး။

၄) သဘာဝမဟုတ်တဲ့ အစားအသောက်တွေ စားတာ – သဘာဝအသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေ မဟုတ်ဘဲ ကြော်ချက်ထားတဲ့ အာလူးကြော်တွေ ၊ ဘီစကစ်တွေ ၊ ပေါင်မုန့်အဖြူတွေ စားတာက ဗိုက်ကို အဆီတက်စေပါတယ်။

၅) ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေစားတာ – အသားငါးတွေမှာ ပါတဲ့ အဆီတွေက လူကို ပို ဝ စေပါတယ်။ နေကြာဆီ၊သံလွင်ဆီ၊ငါးကြီးဆီတို့လို အဆီမျိုးတွေကတော့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၆) အိပ်ရေးမဝတာ – အိပ်ချိန် ငါးနာရီ ၊ဒါမှ မဟုတ် ငါးနာရီထက် ပိုနည်းတဲ့ သူတွေဆီမှာ ဗိုက် အဆီတက်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်

၇) ပန်းသီးပုံ ခန္ဓာကိုယ် ဖြစ်နေတာ – တကယ်လို့ သင့် တင်ပါးနဲ့ ပေါင်တွေမှာထက် ဗိုက်နဲ့ ခါးမှာ အသားတွေ အဆီတွေ ပိုထူနေတာဟာ ဟိုးငယ်ငယ်ကတည်းက ဆိုရင် ပန်းသီးပုံ ခန္ဓာကိုယ်လို့ ခေါ်ပါတယ်။ ဒီလိုလူတွေက ဗိုက်အဆီကျဖို့ ပိုခက်ခဲပါတယ်။ ဒါပေမယ့် အဆီကျဖို့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးတဲ့။

၈) နေမကောင်းဖြစ်တာ – တက်စတို စတီရုန်း လို့ ခေါ်တဲ့ ဟော်မုန်းတွေ မြင့်တက်နေမယ်ဆိုရင် အဆီတွေ စုလာနိုင်ချေပိုများတယ်လို့ သိရပါတယ်။ အပေါ်မှာ ပြောခဲ့သလို ပန်းသီးပုံခန္ဓာကိုယ် ဖြစ်နေပြီး ကိုယ်အလေးချိန်လည်းများနေမယ်ဆိုရင် ဆီးချိုရောဂါဖြစ်လာနိုင်မယ့် အနေအထားဖြစ်လို့ သတိထားသင့်ပါတယ်။

၉) စိတ်အားထက်သန်မှု မရှိတာ – တကယ်ဝိတ်ကျအောင် ပြင်ဆင်ကြိုးစားမယ်လို့ စိတ်အားထက်သန်မှု မရှိရင် လေ့ကျင့်ခန်းတွေ၊ အစားအသောက် လျှော့တာတွေနဲ့ ကြိုးစားလည်း ခဏပဲ ဖြစ်ပြီး စိတ်လျှော့ထားတာနဲ့ အဆုံးသတ်သွားမှာပါ။ ဒီအတိုင်းဆို ဗိုက်အဆီတကယ်ကျနိုင်ဖို့အရေး ဝေး နေဦးမှာပဲ ဖြစ်ပါတယ်။

Ref: TIME Magazine

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...