” မဲဇလီ အစွမ်း “

Health Knowledge
” မဲဇလီ အစွမ်း “

အသုံးပြုသည့်အစိတ်အပိုင်း – ပဉ္စငါးပါးလုံးအသုံးပြုနိုင်သည်။

အာနိသင်

ရိုးရိုးမဲဇလီပင်၏အရွက်မှာအေးခါးအရသာရှိ၏။
အနည်းငယ်ခါးသက်သက်အရသာရှိပြီး
ဖန်သောအရသာရှိ၏။
ဝမ်းမီးကိုတောက်စေပြီးအစာကိုကြေစေသည်။
သလိပ်ကိုနိုင်၏။
အပူကိူငြိမ်းစေ၏။
အိပ်ပျော်စေ၏။
မီးယပ်ကွက်ကိုပျောက်စေတတ်၏။

အသုံးပြုပုံ

မဲဇလီပွင့်ကိုပြုတ်၍သောက်ပေးပါကလည်ချောင်းနာ၊ချောင်းဆိုး၊ရင်ကျပ်များကိုသက်သာစေပါသည်။
မဲဇလီရွက်နှင့်မုရားကြီးရွက်ဆတူရောပြီးသုံးခွက်တစ်ခွက်ကျို၍ငုံပေးခြင်း၊အနည်းငယ်သောက်ပေးခြင်းဖြင့်ချောင်းဆိုးသွေးပါခြင်း၊ချောင်းခြောက်ဆိုးခြင်းကိုသက်သာစေပါသည်။

မဲဇလီအဖူးကိုသုပ်စားခြင်းဖြင့်သမ်းဝေပြီးအိပ်မပျော်သောရောဂါကိုအိပ်ပျော်စေပါသည်။ပါးစပ်အတွင်းအပူနာထွက်ခြင်း၊သွားဖုံးနှင့်ပက်သက်သောရောဂါအမျိုးမျိုးဖြစ်လျှင်အပွင့်၊အရွက်တို့ကိုခပ်ကျကျပြုတ်၍ငုံပေးပါကသက်သာပျောက်ကင်းစေပါသည်။

မဲဇလီမြစ်ကိုသွေး၍မျက်စိကွင်း၊မျက်စဉ်းခတ်ခြင်းပြုလုပ်ပါကမျက်စိနာကိုပျောက်ကင်းစေပါသည်။ကနခိုစား၍ဝမ်းသွားလွန်ကဲသော်မဲဇလီမြစ်ကို
ထန်းလျက်နှင့်ပြုတ်၍တိုက်နိုင်ပါသည်။

အမျိုးသမီးများမီးယပ်ကွက်များထွက်ပါကမဲဇလီပွင့်(သို့မဟုတ်)အရွက်ကိုညက်အောင်အမှုန့်ပြုပြီး လိမ်းပေးပါကသက်သာပျောက်ကင်း စေသည်။မဲဇလီအရွက်ပြုတ်ရည်(သို့မဟုတ်)အရွက်အမှုန့်ပြု၍ပျားရည်နှင့်တေစားပါကသွေးသားသန့်စင်ပြီး
အားအင်ပြည့်ဖြိုးစေသည်။

အဆိပ်ရှိသောသတ္တဝါများ(ကင်း၊ပုရွက်ဆိတ်အနီများ)ကိုက်ပါကအရွက်ကိုကြိတ်၍အုံပေးလျှင်အဆိပ်ပြေစေသည်။မဲဇလီရွက်ကိုသံပုရာရည်နှင့်ကြိတ်၍နှင်းခူနာပေါ်တွင်
အုံပေးခြင်း၊ပြုတ်ရည်ဖြင့်ဖန်ဆေးခြင်းပြုလုပ်ပေးပါကနှင်းခူအစိုနာကိုသက်သာပျောက်ကင်းစေပါသည်။

မြန်မာလူမျိုးများသည်တန်ဆောင်မုန်းလပြည့်ည၁၂နာရီတိတိအချိန်တွင်ဆေးပေါင်းခသည့်မဲဇလီဖူးများကိုချက်ချင်းခူး၍ပြုတ်သုပ်စားပါက(၉၆)ပါးရောဂါများ
ကင်းဝေးစေနိုင်ပါသည်ဟုယုံကြည်၍မဲဇလီဖူးများကိုသုပ်စားကြပါသည်။

တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၅၇)၊အနာကျက်ဆေးဝါးရည်တွင်မဲဇလီမြစ်ကိုအဓိကထားဖော်စပ်ထားပါသည်။ဆေးဖော်စပ်နည်းမှာမဲဇလီမြစ်ကိုဓားနှင့်နုပ်နုပ်စဉ်းပြီးအဆီရအောင်ကျိုပါ။၎င်းမဲဇလီအနှစ်တစ်ပိဿာတွင်ကန့်မှုန့်(၁၀)ကျပ်သား
ရောထည့်ပြီးမီးမျှင်းမျှင်းနှင့်အခဲဖြစ်အောင်ချက်ရမည်။ပြီးလျှင်ဖန်ပုလင်းထဲတွင်သိပ်ထားပါ။လိုအပ်သောအခါဆေးခဲ(၈)ပဲသားကိုရေကျက်အေး(၄၅)ကျပ်သားမှာထည့်ဖျော်ပါ။၎င်းအရည်မှာဆေးဝါးရည်အဖြစ်လိုအပ်သောအခါသုံးစွဲနိုင်သည်။

ဆေးဝါးရည်ကိုဓား၊လှံ၊ထိခိုက်ရှနာ၊ပွန်းပဲ့အနာဟောင်းများ၊အနာဆွေးအနာအိုတို့ကိုထည့်ပေးခြင်းဖြင့်လည်းကောင်းသွေးပုပ်၊ပြည်ပုပ်၊ပြည်မြစ်တို့ကိုစင်ကြယ်အောင်
ထည့်ပေးခြင်းဖြင့်လည်းကောင်းသုံးစွဲနိုင်ပါသည်။

ရေးသားသူ –မြန်မာ့ဆေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...