အလုပ်နှစ်ခု သုံးခုကို တပြိုင်နက်တည်း လုပ်တာဟာ ဦးနှောက်ကို ထိခိုက်စေနိုင်

Health Knowledge
အလုပ်နှစ်ခု သုံးခုကို တပြိုင်နက်တည်း လုပ်တာဟာ ဦးနှောက်ကို ထိခိုက်စေနိုင်

တစ်ချိန်တည်းမှာ အလုပ် နှစ်ခု၊ သုံးခု လုပ်ရတာကို အချိန်ကုန်သက်သာလို့ သဘောကျတဲ့ လူတွေ ရှိပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်တာတွေ များလာတာနဲ့ အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်မှုနဲ့ မှတ်ဉာဏ်ကို သိသိသာသာ ထိခိုက်စေတတ်ပါတယ်တဲ့။ ဒီလို အလုပ် နှစ်ခု၊ သုံးခု လုပ်တယ်ဆိုတဲ့ နေရာမှာ ပီကေ ဝါးရင်း လမ်းလျှောက်တာမျိုးလောက်ကို ပြောတာမဟုတ်ပါဘူး။ ကားမောင်းရင်း ဖုန်းပြောတာလို အာရုံစိုက်ရတဲ့ အလုပ် နှစ်ခု၊ သုံးခု တပြိုင်တည်း လုပ်ရတာမျိုးကို ပြောတာပါ။

ထင်သာ မြင်သာတဲ့ ဥပမာ ပြရရင် စာဖတ်သူဟာ ရေခဲသေတ္တာထဲက စားစရာတစ်ခုခု သွားယူစားမယ်။ လမ်းမှာ ဖုန်းတစ်ခု ဝင်လာလို့ ဖြေရင်း၊ စကားပြောရင်းနဲ့ အိပ်ခန်းထဲမှာ လှဲရင်း ဖုန်းပြောနေမိမယ်။ နောက်တော့မှ ရေခဲသေတ္တာဆီ သွားနေတာပဲ ဆိုတာ သတိရလာမယ်။ ဒီလို အဖြစ်မျိုး လူတော်တော်များများ ဖြစ်ဖူးပါလိမ့်မယ်။ အဲဒီ သဘောပါပဲ။

စတန်းဖို့ဒ် တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တစ်ခုမှာ ကျောင်းသားတွေကို အလုပ်နှစ်ခုသုံးခု တပြိုင်တည်း လုပ်တတ်သူ (multi-taskers) တွေနဲ့ တစ်ချိန်မှာ အလုပ်တစ်ခုတည်းသာ လုပ်တတ်သူတွေဆိုပြီး ၂ စု ခွဲခြားခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိချက်အရ အလုပ်တွေ စုပြုံလုပ်တတ်သူတွေဟာ ပြင်ပက ရရှိတဲ့ သတင်းအချက်အလက်တွေကို ဆီလျော်မှု၊ မှန်ကန်မှု ရှိမရှိခွဲခြားတဲ့ နေရာမှာ ကျန်တဲ့သူတွေထက် အားနည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် အလုပ်တွေအများကြီးကို တထိုင်တည်း ဖြေရှင်းလုပ်ကိုင်တတ်သူတွေမှာ ကာလကြာရှည် စိတ်ဖိစီးမှု ဝေဒနာတွေလည်း ခံစားလာရတတ်ပါတယ် တဲ့။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...