ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်ရင် ဘယ်လိုကုသမလဲ

Health Knowledge
ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်ရင် ဘယ်လိုကုသမလဲ

၁။ရေများများသောက်ပါ

၂။မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်သောလက္ခဏာ ခံစားရပါက ဆီးကျောက်ကပ်အထူးကုသမားတော် နှင့် ပြသပြီး ထိရောက်သော ပိုးသတ်ဆေး သေချာသောက်သုံးသင့်ပါသည်။

၃။Cranberry Juice, Tablets များသောက်သုံးနိုင်ပါသည်။

၄။ဆီးသွားပြီးသည့် အခါတွင် Tissue ဖြင့် သန့်ရှင်းရေးလုပ်သည့် အခါတွင် အရှေ့ မှ အနောက်သို့သာ သန့်ရှင်းရေး ပြုလုပ်ရပါမည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ခွဲခြားမရအောင် တူညီပြီး ကုသနည်းများလည်း ကွဲပြားသောကြောင့် မိမိတွင် ထိုကဲ့သို့ သော အပြုအမူများရှိပါက ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော်နှင့် သေချာပြသသင့်ပါသည်။

မည်သို့ပင် ဆိုစေကာမူ ဆီးပိုးဝင်ခြင်းသည် ရုတ်တရက်ကြည့်လျှင် အရေးသိပ်မကြီးသော ရောဂါဟု ပေါ့လျော့တတ်ပါသည်။ သို့သော်လည်း သေချာစွာ မကုသလျှင် ကျောက်ကပ် ပျက်စီးသည် အထိ ဖြစ်ပေါ်နိုင်သောကြောင့် ကျောက်ကပ်အား သေချာစွာ စစ်ဆေးပြီး ဆီးနှင့် ကျောက်ကပ် အထူးကုသမားတော်နှင့် သေချာစွာ ပြသပြီး ကုသမှု ခံယူသင့်ပါသည်။ အောက်တွင် ကျောက်ကပ်ရောဂါ များနှင့် ပက်သက်ပြီး ကျန်းမာရေးဗဟုသုတ ရရှိအောင် ဆက်လက်ဖော်ပြပါမည် ။

ယောကျာ်းမှားဆီး မိန်းမမှာမီး ဆိုတဲ့စကားအတိုင်း အမျိုးသမီးများအတွက် မီးဖွားချိန်ဟာ အရေးအကြီးဆုံးဖြစ်နေလို အမျိုးသားများအတွက်လည်း ဆီးရောဂါဟာ အလွန်အရေးကြီးတဲ့ ရောဂါတစ်ခု ဖြစ်နေပါတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်
ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပြရန် အခက်အခဲရှိသူများ အောက်ပါ ရိုးရာသဘာဝဆေးနည်းများဖြင့်ကုသနိုင်ကြပါတယ်။

ဆေးပြုလုပ်နည်း

(၁) ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။
(၂) လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်လိုက်ပါ။
(၃) ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်ခန့်
(ချို၍ သောက်နိုင်ရုံ ) ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။

နောက်တစ်နည်း

ရှားစောင်လက်ပပ်အတွင်းသား(ဂျယ်လီလိုပုံစံ)ကို ဇွန်းနဲ့ ခြစ်ယူပြီး ဆန်ဆေးရည်
နှင့် ၅ နာရီခန့် စိမ်ထားပြီး သကြားထည့်၍ လက်ဖက်ရည်ပန်းကန်လုံးခန့် မနက်၊ ညတစ်ကြိမ်စီ သောက်ပေးပါ။

နောက်တစ်နည်း

ကန်းစွန်းရိုးနီရွက်နုနု လက်တစ်ဆုပ်ခန့်၊ မန်ကျီးသီးမှည့် အနည်းငယ်၊ ထန်လျက်ခဲ၊ ဆားတို့ဖြင့် သင်တော်သလိုချိန်ထည့်၍ ကျိုပြီး လက်ဖက်ရည်ပန်းကန်လုံးခန့် တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။

ဆီးပူ၊ဆီးအောင့်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...