ဆေးခြောက်ပင် အသုံးဝင်ပုံနှင့် သတိပြုရန်

Health Knowledge
ဆေးခြောက်ပင် အသုံးဝင်ပုံနှင့် သတိပြုရန်

ရေတိမ် ဆေးခြောက်ကိုရှုရှိုက်တာက မျက်စိရေတိမ်ခံစားနေတဲ့သူတွေရဲ့ မျက်လုံးအတွင်းပိုင်းက ဖိအားကိုကျဆင်းစေနိုင်ပါတယ်။ အမြင်အာရုံနဗ်ကြောတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုလျော့ကျအောင်လုပ်ဆောင်ပေးတဲ့အပြင်ဆေးခြောက်ကအမြင်အာရုံကိုတိုးတက်စေနိုင်ပါတယ်။

အိတ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကြောင့်ကိုယ်အလေးချိန်ကျဆင်းခြင်း ဆေးခြောက်ရှုတာကအေအိုင်ဒီအက်စရောဂါရှိသူတွေကို အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ indinavir (Crixivan) (သို့)nelfinavir (Viracept)ဆေးသောက်သုံးနေရတဲ့ အိတ်အိုင်ဗွီရောဂါသည်တွေအနေနဲ့လည်း ကိုယ်အလေးချိန်တက်လာစေဖို့ဆေးခြောက်ကိုမှီဝဲပေးလို့ရပါတယ်။

Multiple sclerosis (MS) အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါ အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါကြောင့် ကြွက်သားတွေတင်းတာ၊တုန်တုန်ယင်ယင်ဖြစ်တဲ့ဝေဒနာတွေကိုလည်း ဆေးခြောက်ကထိထိရောက်ရောက်သက်သာစေနိုင်စွမ်းရှိပါတယ်။ ဆေးခြောက်ကို ဆေးပမာဏ တိတိကျကျသောက်သုံးမယ်ဆိုရင်တော့ အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ဝေဒနာသည်တွေမှာ တုန်တုန်ယင်ယင်ဖြစ်တာသက်သာသွားတယ်၊လို့ သိရပါတယ်။

အာရုံကြောနာကျင်ခြင်း အစောပိုင်း သုတေသနပြုချက်တွေအရ တစ်နေ့ကို ၃ ကြိမ်ဆေးခြောက်ရှုရှိုက်ပေးတာက အိတ်အိုင်ဗွီ နဲ့အခြားရောဂါတွေကြောင့်ဖြစ်တဲ့ အာရုံကြောနာကျင်မှုဝေဒနာကို သက်သာစေနိုင်တယ်၊ လို့သိရှိရ ပါတယ်။

နာကျင်မှုများ လေ့လာမှုတွေအရဆေးခြောက်မှာပါတဲ့cannabinoids လို့ခေါ်တဲ့ဓါတုပစ္စည်းကို ပမာဏတိကျစွာ သုံးစွဲပေးမယ်ဆိုရင် နာတာရှည်နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရသူတွေမှာ နာကျင်မှုကိုလျော့ပါးသက်သာစေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။
Amyotrophic lateral sclerosis (ALS, Lou Gehrigs disease)(မိုတာနူရုန်းရောဂါ ) ALS ဝေဒနာခံစားနေရသူတွေအနေနဲ့ ဆေးခြောက်ကိုအသုံးပြုပေးမယ်ဆိုရင် စိတ်ဓါတ်ကျတာ၊ အစားစားချင်စိတ်နည်းတာ၊ အကြောဆွတြာနဲ့ သွားရည်ကျတာတွေ လိုမျိုးလက္ခဏာတွေအပါအဝင်ရောဂါလက္ခဏာအများစုကိုသက်သာစေနိုင်စွမ်းရှိ ပါတယ်။

ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်း ကင်ဆာရောဂါအခြေအနေဆိုးလာတာကြောင့် အစားစားချင်စိတ်လျော့နည်းလာတဲ့ လူနာတွေနဲ့ ဓါတ်ကင်ရတာကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ။ အစာစားချင်စိတ်မရှိတာတွေအတွက်လည်းဆေးခြောက်က အသုံးဝင်ပါတယ်။

လေးဖက်နာ (Rheumatoid arthritis) (RA) ဆေးခြောက်အဆီအနှစ်ပါတဲ့ ခံတွင်းဖြန်းဆေးအသုံးပြုပေးတာကလေးဖက်နာဝေဒနာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးသက်သာစေပြီးကောင်းကောင်းလည်း အိပ်ပျော်စေပါတယ်။ မနက်နိုးတဲ့အခါလေးဖက်နာရောဂါကြောင့် အဆစ်တွေနာကျင်တာကိုလည်း သက်သာစေပါတယ်။

ကင်ဆာဆဲလ်တွေပြန့်ပွားတာကို ကာကွယ်ပေးနိုင်ခြင်း ဓါတ်ခွဲစမ်းသပ်မှုတွေလုပ်ဆောင်ကြည့်တဲ့အခါမှာတော့ဆေးခြောက်က ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ရင်သားကင်ဆာဆဲလ်တွေကိုမပြန့်ပွားအောင်လည်း ထိထိရောက်ရောက်ဟန်ပတားပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်အတွင်းမှာ အကျိတ်တည်တာ၊ရင်သားနဲ့အဆုတ်တွေမှာ အကျိတ်ဖြစ်တာတွေကိုလည်းလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

ဆေးရွက်ကြီးမှာပါတဲ့ ကာစီနိုဂျင်ကြောင့် ထိခိုက်မှုတွေကိုလျော့ပါးသက်သာစေပြီး အဆုတ်ကိုကျန်းမာစေနိုင်ခြင်း American Medical Association ဂျာနယ်မှာဖော်ပြပါရှိတဲ့လေ့လောမှုတစ်ရပ်အရဆေးခြောက်ကဆေးလိပ်သောက်သုံးမှုကြောင့်ဖြစ်တဲ့ အဆုတ်ထိခိုက်မှုတေါကိုလျော့ပါးစေပြီး အဆုတ်ကို ကျန်းမာစေနိုင်တယ်။ လို့ တွေ့ရှိခဲ့ ရပါတယ်။

လေဖြတ်ဝေဒနာသည်တွေကို ဦးနှောက်ထိခိုက်မှုနည်းအောင်ကာကွယ်ပေးနိုင်ခြင်း ဆေးခြောက်ကလေဖြတ်တာကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးနိုင်သလိုလေဖြတ်တာကြောင့် ထိခိုက်တဲ့ ဧရိယာနည်းအောင်လည်း အထောက်အပံ့ပေးပါတယ်။ဆေးခြောက်မှာ neuroprotective အာနိသင်ပါဝင်နေတာကြောင့်ခေါင်းထိခိုက်မှုကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

သတိပြုစရာအချက်များ

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးခြောက်ကို မရှုသင့်သလို စားသုံးတာမျိုးလည်းမလုပ်သင့်ပါဘူး။ ဆေးခြောက်က အချင်းကနေတဆင့် သန္ဓေသားဆီရောက်ရှိသွားပြီး ကလေးဖွံ့ဖြိုးကြီးထွား မှုကိုနျှေးကွေးစေပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဆေးခြောက်အသုံးပြုတာက ကလေးငယ်ကို သွေးကင်ဆာဖြစ်စေနိုင်သလို သန္ဓေသားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့လည်းဆေးခြောက်ကိုလုံးဝအသုံးမပြုသင့်ပါဘူး။ နို့တိုက်မိခင်တွေဆေးခြောက် သုံးစှဲတဲ့အခါဆေးခွောကျရွ့အာနိသငျက နို့ရည်ကနေတဆင့် ကလေးငယ်ဆီရောက်ရှိသွားပြီး ကလေးကြီးထွားမှုကိုနှေးကွေးစေပါတယ်။

နှလုံးရောဂါအခံရှိသူတွေ အနေနဲ့လည်းဆေးခြောက်အသုံးပြုမယ်ဆိုရင် နှလုံးခုန်မြန်တာနဲ့ ယာယီသှေးပေါငျခြိနျတကျတာမြိုေးတှခံစားရနိုငျပါတယျ။ ရုတ်တရက်နှလုံးခုန်ရပ်ပြီးthayဆုံးနိုင်ခြေပိုများပါတယ်။

ကိုယ်ခံအားစနစ်အားနည်းတဲ့သူတွေအနေနဲ့ဆေးခြောက်ကိုအသုံးပြုမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ပိုမိုအားနည်းစေပြီး ကူးစက်ရောဂါပိုးတွေကို ကိုယျခန်ဓါကတိုကျထုတျရာမှာ ပိုမိုခက်ခဲစေပါတယ်။

ဆေးခြောက်က ပင်မအာရုံကြောစနစ်ကိုထိခိုက်စေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူတဲ့အခါဆေးခြောက်သုံးစွဲထားမယ်ဆိုရင်မေ့ဆေးတွေအခြားဆေးဝါးတွေနဲ့ပေါင်းစပ်မိပြီး ပင်မအာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုကိုနှေးကွေးသွားစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့ ရှိနေတယ်ဆိုရင် ခွဲခန်းမဝင်ခင် အနည်းဆုံး သီတင်းပတ် ၂ ပတ်အလိုလောက်ကတည်းကဆေးခြောက်အသုံးမပြုဘဲနေသင့်ပါတယ်။

#crd ပြန်လည်မျှဝေပါသည်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...