ကမ္ဘာ့အရှားပါးဆုံး ရောင်ခြယ်တွေကို ထိန်းသိမ်းထားတဲ့ ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်

International News Knowledge
ကမ္ဘာ့အရှားပါးဆုံး ရောင်ခြယ်တွေကို ထိန်းသိမ်းထားတဲ့ ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်

ဟားဗက်တက္ကသိုလ်ရဲ့ စာကြည့်တိုက်ထဲမှာ ကမ္ဘာ့အရှားပါးဆုံး အရောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတစ်ခု ရှိတယ်။ The Straus Center for Conservation and Technical Studies ဟာ ရောင်ခြယ်နမူနာပေါင်း ၂၅၀၀ ကျော် ပါဝင်တဲ့ Forbes Pigment Collection ကို ထိန်းသိမ်းပေးထားတာပါ။ အဲဒီရောင်ခြယ်တွေထဲမှာ မံမီရုပ်အလောင်း၊ သတ္တု၊ အဆိပ်၊ အဖိုးတန်တွင်းထွက်ပစ္စည်း အစရှိတဲ့ အရာတွေကနေ ထုတ်ယူထားတဲ့ အင်မတန်ရှားပါးသော ရောင်ခြယ်တွေ ပါဝင်ပါတယ်။

ဟားဗက်တက္ကသိုလ်ရဲ့ Fogg Museum ကို ဦးစီးဆောင်ရွက်ခဲ့တဲ့ အက်ဒ်ဝပ်ဖို့ဘ်က ၁၉၁၀ ပြည့်နှစ်ကနေ ၁၉၄၄ ခုနှစ်ကြားကာလအတွင်း အဲဒီရောင်ခြယ်တွေကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ အက်ဒ်ဝက်ဖို့ဘ်ဟာ အမေရိကန်နိုင်ငံမှာ အနုပညာထိန်းသိမ်းစောင့်ရှောက်မှု ဖခင်ကြီးအဖြစ် တင်စားခံခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံးမှာ ကမ္ဘာတလွှား ခရီးဆက်ပြီး ရောင်ခြယ်တွေ စုဆောင်းခဲ့တာပါ။

အီတလီပန်းချီဆရာတွေရဲ့ ဂန္ထဝင် ပန်းချီကားတွေကို အတု၊ အစစ် ခွဲခြားရာမှာ သူက အဲဒီရောင်ခြယ်တွေနဲ့ နှိုင်းယှဉ်စစ်ဆေးလေ့ရှိပါတယ်။ ဒီနေ့အချိန်အထိလည်း ပညာရှင်တွေက ပန်းချီကား အတု၊ အစစ် ခွဲခြားနိုင်ဖို့ အဲဒီရောင်ခြယ်တွေကို အသုံးပြုနေဆဲပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...