မစင်နဲ့ အမှိုက်တွေထည့်ထားတဲ့ မြောက်ကိုရီးယားမိုးပျံပူဖောင်း အနည်းဆုံး ၂၆၀ လုံး တောင်ကိုရီးယားဘက်သို့ ကျရောက်

International News
မစင်နဲ့ အမှိုက်တွေထည့်ထားတဲ့ မြောက်ကိုရီးယားမိုးပျံပူဖောင်း အနည်းဆုံး ၂၆၀ လုံး တောင်ကိုရီးယားဘက်သို့ ကျရောက်

စက္ကူစုတ်တွေ၊ မစင်တွေ၊ အမှိုက်သရိုက်တွေ ထည့်ပြီး မြောက်ကိုရီးယားဘက်ကနေ လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားဘက်ကို ကျလာခဲ့လို့ ပြည်သူတွေအနေနဲ့ မိုးပျံပူဖောင်းတွေကို ထိကိုင်ခြင်း မလုပ်ကြဘဲ အိမ်ထဲမှာပဲ နေကြဖို့ တောင်ကိုရီးယားအာဏာပိုင်တွေက သတိပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်နယ် ၉ ခုအနက် ပြည်နယ် ၈ ခုမှာ အဖြူရောင် မိုးပျံပူဖောင်း အလုံးရေ အနည်းဆုံး ၂၈၀ အထိ တွေ့ရှိခဲ့တာပါ။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယားစစ်ပွဲနောက်ပိုင်း ဝါဒဖြန့်ဖို့အတွက် မိုးပျံပူဖောင်းတွေကို အသုံးပြုခဲ့ကြပြီး အခု ကျလာတဲ့ မိုးပျံပူဖောင်းတွေထဲမှာ ဝါဒဖြန့်တဲ့ စာရွက်တွေ ပါဝင်လာခြင်း ရှိ၊ မရှိကို တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ အရာရှိတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...