ကမ္ဘာ့အသက်အကြီးဆုံးနဲ့ လုပ်သက်အကြာဆုံးလေယာဉ်မယ် အသက် ၈၈ နှစ်မှာကွယ်လွန်
လေကြောင်းလိုင်းမှာ ၆၇ နှစ်နီးပါးကြာ အလုပ်လုပ်ခဲ့ပြီး လုပ်သက်အကြာဆုံးလေယာဉ်မယ်အဖြစ် စံချိန်ချိုးခဲ့တဲ့ ဘတ်တီ နက်ချ်ဟာ အသက် ၈၈ နှစ်မှာကွယ်လွန်သွားခဲ့ပါပြီ။ “အမေရိကန်လေကြောင်းလိုင်းမှာ သက်တမ်းအကြာဆုံး လေယာဉ်အမှုထမ်းဖြစ်တဲ့ကျွန်တော်တို့ရဲ့ချစ်လှစွာသောလုပ်ဖော်ကိုင်ဖက် ဘတ်တီနက်ချ် ကွယ်လွန်သွားပြီဆိုတာကို အသိပေးရတာ ဝမ်းနည်းရပါတယ်”လို့ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့တာပါ။
နက်ချ်က မကြာသေးခင်ကမှ ရင်သားကင်ဆာရောဂါတွေ့ရှိပြီးနောက် မေလ ၁၇ ရက်နေ့က ဆေးရုံမှာ thayဆုံးသွားခဲ့တာပါ။ နက်ချ်က American လေကြောင်းလိုင်းဖြစ်သွားတဲ့ Eastern လေကြောင်းလိုင်းမှာ ၁၉၅၇ ခုနှစ်က အလုပ်စဝင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ လုပ်သက်အကြာဆုံးလေယာဉ်မယ်အဖြစ်ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။
သူ မthayဆုံးခင်က Federal Aviation Administration စည်းမျဥ်းအရ ပုံမှန်လေယာဥ်မယ်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်နေရတုန်းပါပဲ။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။