ကိုယ်ရံတော်တပ်မှူးကို သမ္မတ ဇလန်းစကီး ရာထူးက ဖယ်ရှား
မစ္စတာ Serhiy Rud ဟာ ၂၀၁၉ ကတည်းက ယူကရိန်း လုံခြုံရေးတပ်မှာ တာဝန်ထမ်းခဲ့
ယူကရိန်းမှာ သမ္မတ ဇလန်းစကီးက သူ့ရဲ့ သက်တော်စောင့်တပ် အကြီးအကဲကို ရာထူးက ထုတ်ပယ်ပစ်လိုက်ပါတယ်။
သမ္မတနဲ့ ထိပ်တန်း အရာရှိကြီးတွေကို လုပ်ကြံဖို့ကြိုးစားတယ်လို့ စွပ်စွဲချက်နဲ့ ဗိုလ်မှူးကြီး နှစ်ယောက်ကို တာဝန်က ရပ်ဆိုင်းခဲ့ပြီးနောက်မှာ အခုလို စီစဉ်လိုက်တာပါ။
အခု ဖယ်ရှားခံခဲ့ရတဲ့ Serhiy Rud ဟာ ၂၀၁၉ ကတည်းက သမ္မတ လုံခြုံရေးကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဘာကြောင့် သူ့ကို အလုပ်ထုတ်သလဲ ဆိုတာ ဖော်ပြမထားဘဲ သမ္မတ အမိန့်အရ ထုတ်ပစ်တာလို့သာ ခပ်တိုတို ကြေညာထားပါတယ်။
,ရှေ့တန်းစစ်မျက်နှာ တနေရာက ယူကရိန်း တပ်ဖွဲ့ဝင်တွေ
အဖြုတ်ခံလိုက်ရတဲ့ တပ်မှူး အနေအထား
ကိုယ်ရံတော်တပ် ဖြစ်တဲ့ state guard administration (UDO) ဟာ သမ္မတ လုံခြုံရေး သာမက ယူကရိန်းမှာ အဆင့်မြင့် အရာရှိတွေလို အရေးပါသူတွေနဲ့ သူတို့ မိသားစုတွေရဲ့ လုံခြုံရေးကိုပါ တာဝန်ယူ စောင့်ရှောက် ရတာ ဖြစ်ပါတယ်။
သမ္မတနဲ့ အဆင့်မြင့် အရာရှိကြီးတွေကို လုပ်ကြံဖို့ ကြံစည်တယ် ဆိုတဲ့ သံသယနဲ့ အဖမ်းခံရတဲ့ ဗိုလ်မှူးကြီး နှစ်ယောက်ဟာ ရုရှား ထောက်လှမ်းရေး FSB နဲ့ စပ်ဆက်တဲ့ သူလျှိုအဖွဲ့တွေအတွက် အလုပ်လုပ်ပေးတာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ရုရှားဟာ သူ့ကို လုပ်ကြံဖို့ ကြိုးစားနေတယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက အကြိမ်ကြိမ် ပြောထားခဲ့ဖူးပေမယ့် အခုနောက်ဆုံး ထွက်ပေါ်လာချက်မှာတော့ စစ်ထောက်လှမ်းရေး အကြီးအကဲ Kyrylo Budanov နဲ့ SBU လုံခြုံရေး ဌာန အကြီးအကဲ Vasyl Malyuk တို့လည်း ပစ်မှတ်ခံထားရတဲ့အထဲ ပါဝင်လာပါတယ်။
အခု သီတင်းပတ်အတွင်း ကြံစည်မှုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ငါးနှစ်မြောက် သမ္မတ နန်းတက်ပွဲမှာ ရုရှား သမ္မတ ပူတင်ကို လက်ဆောင်ပေးဖို့ အတွက် ဖြစ်လိမ့်မယ်လို့ မစ္စတာ မယ်လ်လွတ်ခ်က ပြောပါတယ်။
ယူကရိန်း သမ္မတ ဇလန်းစကီးရဲ့ သက်တော်စောင့် နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေက သမ္မတ ဇလန်းစကီးကို ပြန်ပေးဆွဲ ၊ လုပ်ကြံဖို့ ကြံစည် နေချိန်မှာ ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲ မစ္စတာ ဘူဒန်နော့ဗ် ကိုလည်း ဒုံးကျည်တွေ ၊ ဒရုန်းတွေ ၊ တင့်ကားဖျက် လက်နက်တွေနဲ့ တိုက်ခိုက်ဖွယ် ရှိတယ်လို့ SBU က ပြောပါတယ်။
အက် ၄၇နှစ်ရှိ Serhiy Rud ဆာဟီးရက်ဒ်ဟာ ဒီစွပ်စွဲချက်တွေနဲ့ ဆက်စပ်မှု ရှိတာ မတွေ့ရဘဲ ဖမ်းထားတဲ့ ဗိုလ်မှူးကြီး ၂ယောက်ထဲက အန်ဒရီဟတ်ခ် နဲ့တော့ ပုဂ္ဂိုလ်ရေး မိတ်ဆွေတွေ ဖြစ်ပါတယ်။
သူတို့ဟာ နယ်စပ်စစ်သင်တန်းကျောင်းမှာ နှစ်ပေါင်းများစွာ အတူတကွ ပညာဆည်းပူး ခဲ့ကြတယ်လို့ ယူကရိန်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
မစ္စတာ ရက်ဒ် ဟာ ယူကရိန်း စစ်တပ်မှာ အရွယ်ရောက်ကတည်းက အမှုထမ်းခဲ့ပြီး အဲဒီကာလတလျှောက်လုံး လုံခြုံရေးဌာနမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
,ယူကရိန်းကျူးကျော်စစ်စကတည်းက သမ္မတ ဇလန်းစကီးဟာ ရုရှားရဲ့ ပထမ ပစ်မှတ် ဖြစ်ခဲ့
ကျူးကျော်စစ်နဲ့ လုပ်ကြံthetဖြတ်မှု
အခုလို ရုရှားသူလျှိုတွေ ယူကရိန်းကို ရောက်လာပြီး သမ္မတ ဇလန်းစကီး လုပ်ကြံတာဟာ ကျူးကျော်စစ် စခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ကတည်းက ရှိခဲ့ပြီး အများနဲ့ဆိုင်တဲ့ နေရာမှာ သူ့ကို လုပ်ကြံဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ်စကတည်းက သူဟာ နံပါတ်တစ် ပစ်မှတ်ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
သမ္မတ ဇလန်းစကီးဟာ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ ရဲ့ အဓိက အရေးပါတဲ့ ရာထူး နေရာတွေကို မကြာခဏ အပြောင်းအလဲ လုပ်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေး နေ့ကတော့ အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်မှူးကြီး Serhiy Lupanchuk ဆာဟီး လူပန်ချက်ခ် ကို ရာထူးကနေ လအတန်ကြာ ရွှေ့ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။
ယူကရိန်း စစ်ပွဲ တလျှောက် ကနဦး ၂ နှစ်တာ ကာလအတွင်း တပ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi ကိုလည်း ရာထူးကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက သမ္မတက ဖယ်ရှားပြီး သူ့နေ့ရာကို အစားထိုးခန့်ခဲ့ပါသေးတယ်။
အခုတော့သူ့ကို ယူကေဆိုင်ရာ သံအမတ် အဖြစ် ခန့်ထားခဲ့ပြီး ယူကရိန်း သူရဲကောင်းဘွဲပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။