ကျောင်းမသွားခင် လုပ်ဖြစ်တဲ့ အလုပ်ကနေ အပိုဝင်ငွေ ထောင်ချီဝင်နေတဲ့ ၁၀ နှစ်သားလေး

ကျောင်းမသွားခင် လုပ်ဖြစ်တဲ့ အလုပ်ကနေ အပိုဝင်ငွေ ထောင်ချီဝင်နေတဲ့ ၁၀ နှစ်သားလေး

International News
ကျောင်းမသွားခင် လုပ်ဖြစ်တဲ့ အလုပ်ကနေ အပိုဝင်ငွေ ထောင်ချီဝင်နေတဲ့ ၁၀ နှစ်သားလေး

မနက်စောစောထပြီး မနက်စာစားတယ်။ အပိုဝင်ငွေရတဲ့အလုပ်ကို လုပ်ပြီးတော့ ကျောင်းကားမှီအောင်သွားတယ်။ ဒါကတော့ ၁၀ နှစ်သားလေး ဂျကော့ဘ် ဟိုက်မန်းရဲ့တစ်နေ့တာအချိန်ဇယားပါ။ ဂျကော့က ကျောင်းမသွားခင် အပိုဝင်ငွေရတဲ့ အလုပ်ကို လုပ်ပါတယ်။ အဲ့ဒီကနေ ဒေါ်လာထောင်ချီဝင်နေတာပါ။

လေးတန်းကျောင်းသားလေး ဂျကော့ဘ်ဟာ ကျောင်းမသွားခင် သူ့အိမ်ရဲ့မြေအောက်ခန်းကို သွားပြီး သူ့ရဲ့3D ပုံနှိပ်လုပ်ငန်းအတွက် အော်ဒါတွေကို လုပ်ပါတယ်။ သူဟာ သက်တံရောင်ပလက်စတစ်အရိုးခေါင်းကနေ Chase Tower အဖြစ် ပြောင်းလဲသွားနိုင်တဲ့ ဒီဇိုင်းကို ရွေးချယ်ပြီး 3D Printer ကို အလုပ်လုပ်ဖို့ တပ်ဆင်ပါတယ်။ သူက 3D ပုံနှိပ်ဒီဇိုင်းအများစုအတွက် အနည်းဆုံး အချိန် ၂ နာရီယူရပြီး သူ ကျောင်းသွားနေတဲ့အချိန် ပုံနှိပ်စက်တွေက run နေတာပါ။

ဂျကော့ဘ်က သူ့ရဲ့ Etsy Shop ဝဘ်ဆိုဒ်ကတဆင့် သူ့အတန်းဖော်တွေကို 3D ပုံနှိပ်အရုပ်တွေကို ရောင်းချပါတယ်။ အရုပ်တော်တော်များများက တစ်ခုကို ဒေါ်လာ ၂၀ အောက်ပါပဲ။ သူ့စီးပွားရေးအတွက် တစ်နေ့ကို အချိန် ၃ နာရီပဲ ပေးပြီး ဇန်နဝါရီလကတည်းက ဒေါ်လာ ၁၇၀၀ ကျော် ဝင်နေပါပြီ။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဂျကော့ဘ်က သူ့မိဘတွေကို ဒေါ်လာ ၃၀၀ တန်တဲ့ 3D ပုံနှိပ်စက်ကို မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးဖို့ ဖျောင်းဖျခဲ့တာပါ။ အဲ့ဒီစက်နဲ့ သူဟာ YouTube Tutorials တွေ၊ Outschool.com ကနေ အွန်လိုင်းသင်ခန်းစာတွေကနေ လေ့လာသင်ယူခဲ့တာပါ။

နောက်တော့ ၉၄၉ ဒေါ်လာတန်ဖိုးရှိတဲ့ Bambu Lab P1S multi-color printer ဆိုတဲ့ ဒုတိယမြောက်စက်ကို တောင်းဆိုခဲ့ပါတယ်။ ဧပြီလက သူ့မိသားစုရဲ့မိတ်ဆွေတစ်ယောက်က သူ့ကို Chase Tower ပုံတူကို ဖန်တီးပေးဖို့ အလုပ်အပ်ခဲ့ပါတယ်။ ဂျကော့ဘ်က ဝင်ငွေတွေကို ကောလိပ်စရိတ်အတွက်၊ နောက်ထပ် 3D ပုံနှိပ်စက်ဝယ်ယူဖို့အတွက် စုဆောင်းဖို့ စီစဉ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...