တည်ငြိမ်အေးချမ်းမှုမရှိတဲ့မြန်မာနိုင်ငံမှာ Miss Grand International 2024ပွဲကြီးကိုကျင်းပတော့မှာမဟုတ်ကြောင်း ကြေညာ

တည်ငြိမ်အေးချမ်းမှုမရှိတဲ့မြန်မာနိုင်ငံမှာ Miss Grand International 2024ပွဲကြီးကိုကျင်းပတော့မှာမဟုတ်ကြောင်း ကြေညာ

Celebrity International News
တည်ငြိမ်အေးချမ်းမှုမရှိတဲ့မြန်မာနိုင်ငံမှာ Miss Grand International 2024ပွဲကြီးကိုကျင်းပတော့မှာမဟုတ်ကြောင်း ကြေညာ

မြန်မာနိုင်ငံမှာကျင်းပမယ်လို့စီစဥ်ထားတဲ့ 2024ခုနှစ်ရဲ့ Miss Grand International ပွဲကြိးကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Miss Grand International ရဲ့ Offical Page ကနေပြီးတော့ ကြေငြာလာခဲ့ပါတယ်။ Miss Grand International ပွဲဆိုတာ Miss လောကမှာ မြန်မာပရိတ်သတ်တွေအတွက် နာမည်အကြီးဆုံးနဲ့ ပရိတ်သတ်အားပေးမှု အများဆုံးပွဲတစ်ခုဆိုလည်းမမှားပါဘူး။ဒိပွဲကြီးအတွက် မြန်မာနိုင်ငံရဲ့ national director နဲ့ Miss Grand ​Myanmar သဲစုငြိမ်းတို့က အပြင်းအထန်ကြိုးစားနေကြပြီးတော့ ဒီနှစ်မှာ မြန်မာနိုင်ငံအတွက် placement ကောင်းကောင်းတစ်ခုရရမယ်လို့လည်း ယုံကြည်ထားကြတာဖြစ်ပါတယ်

။Miss Grand ပွဲက လွန်ခဲ့တဲ့နှစ်တွေတုန်းက မြန်မာနိုင်ငံမှာ သိပ်ပြီးတော့ရေပန်းမစားခဲ့ပေမယ့် မြန်မာကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ် မီးမီးနဲ့ နီနီလင်းအိမ်တို့ကြောင့် ပိုပြီးတော့လူသိများထင်ရှားလာခဲ့တာပါ။

2023 ခုနှစ်မှာတော့ အလှမယ် နီနီလင်းအိမ်က ​​မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Miss Grand International ပွဲကြီးကိုသွားရောက်ယှဥ်ပြိုင်တဲ့အခါမှာ မြန်မာနိုင်ငံအတွက် အမြင်ဆုံးဆုဖြစ်တဲ့ first runner up ဆုကြီးနဲ့ တစ်ခြားသောဆုပေါင်းများစွာကို ရယူပေးခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင် နီနီလင်းအိမ်ရဲ့ စိတ်အားထက်သန်မှုနဲ့ ရဲဝင့်မှုတို့ကို နေရာတစ်ခုရအောင် ပို့ဆောင်ပေးခဲ့တာကတော့ သူမရဲ့ ဆရာဖြစ်သူ national director ထူးအံံ့လွင်ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ဟန်ချက်ညီညီကြိုးစားမှုကြောင့်ပဲ မြန်မာနိုင်ငံက တစ်ခါမှမရဖူးတဲ့ first runner up ဆုကြီးကိုရယူနိုင်ခဲ့တာ့ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေသွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ နီနီလင်းအိမ်နဲ့အတူ national director ထူးအံ့လွင်ကလည်း သူရဲ့စွမ်းဆောင်ရည်တွေကို Miss Grand international ပွဲကြီးမှာပြသခဲ့ပါတယ်။ဒါကြောင့် 2024 ခုနှစ်ရဲ့ Miss Grand international ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပဖို့အတွက် တာဝန်ပေးအပ်ခြင်း ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ Miss Grand ပရိတ်သတ်တွေက ဂုဏ်ယူကျေနပ်နေကြပေမယ့် အခုချိန်မှာတော့ ဒီပွဲကြီးကို မြန်မာနိုင်ငံမှာ မလုပ်ဖြစ်တော့ဘူးဆိုတဲ့အကြောင်းကို တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။Miss Grand international ပွဲကြီးကို မြန်မာနိုင်ငံမှာသာလာရောက်ကျင်းပခဲ့ရင် national director ထူးအံ့လွင်နဲ့ တစ်ခြားသော Miss Grand Myanmar တို့ကနိုင်ငံတကာကို မြန်မာယဥ်ကျေးမှု အမွေအနှစ်တွေ၊ မြန်မာနိုင်ငံရဲ့ သယံဇတပစ္စည်းတွေ ၊မြန်မာနိုင်ငံရဲ့ အလှအပတွေအားလုံးကိုချပြပေးသွားမှာဖြစ်ပြီးတော့ မြန်မာ့စီးပွားရေးကလည်း အားကောင်းလာနိုင်ပါတယ်။

ဒါအပြင် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အတွက် မြန်မာနိုင်ငံက ဝင်ရောက်ယှဥ်ပြိုင်မယ့် Miss Grand Myanmar အတွက်လည်း Top 20 ရဖို့ကလည်း သေချာတာကြောင့် မြန်မာကို အိမ်ရှင်အဖြစ် မြင်တွေ့ရမှာကို ပရိတ်သတ်တွေကဝမ်းသာနေခဲ့ကြပါတယ်။သို့ပေမယ့်လည်း တစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေ ၊ဆုတ်ယုတ်လာတဲ့ လူနေမှုအဆင့်အတန်းတွေကြောင့် Miss Grand လို ပွဲကြီးပွဲကောင်းတစ်ခုကို perfect ဖြစ်အောင်လုပ်ပြနိုင်ဖို့က အတော်လေးခက်ခဲပါတယ်။မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများကလည်းပြည်တွင်းစစ်ကြောင့် အေးချမ်းခြင်းမရှိပဲ အန္တရာယ်များလာပါတယ်။

ဒါကြောင့်အခုလို Miss Grand international ပွဲကြီးကို မြန်မာနိင်ငံမှာလုပ်မယ့်အစီအစဥ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ချို့သောပရိတ်သတ်တွေကတော့ ထောက်ခံအားပေးနေကြပါတယ်။ကိုယ်နိုင်ငံအခြေအနေ မကောင်းမှန်း သိသိရက်နဲ့ နိုင်ငံတကာရဲ့အမြင်မှာ အပူရုပ်ကို ဟန်လုပ်ပြီးတော့ ပျော်ရွှင်ချင်ယောင် ဆောင်ပြဖို့လည်းမသင့်ကြောင်း ပရိတ်သတ်တွေက ပြောလာကြပါတယ်။ ဒီလို Miss Grand International ရဲ့ Offical Page ကနေ တရားဝင်ကြေငြာချက်မထုတ်ခင်အချိန်မှာတုန်းကလည်း ဟွန်ဒူးရပ်အလှမယ်က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် နိုင်ငံကိုယ်စားပြုဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘူးဆိုကာ ကြေငြာခဲ့ပါတယ်။နိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်တဲ့ ဟွန်ဒူးရပ်အလှမယ်က မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် လုံခြုံ​ရေးစိုးရိမ်ရကြောင်း၊မြန်မာပြည်သူများအေးချမ်းစေရန်ဆုတောင်းကြောင်း ပြောလာခဲ့ပြီးတော့ ပြိုင်ပွဲက နုတ်ထွက်တယ်ဆိုတဲ့အကြောင်းကိုလည်း တရားဝင်ကြေငြာလာခဲ့ပါတယ်။

တစ်ခြားသောနိုင်ငံက Miss တစ်ယောက်ကတောင် မြန်မာနိုင်ငံရဲ့ အခြေအနေကိုသိတာကြောင့် မလာရဲတဲ့အခြေနေမျိုးမှာ Miss Grand Myanmar ရဲ့ National director ထူးအံ့လွင်အနေနဲ့ နိုင်ငံအဆင်မပြေတဲ့ အခြေနေမျိုးမှာ ပျော်ပွဲ ရွှင်ပွဲတွေကို မလုပ်ဖို့လည်း ပရိတ်သတ်တွေက ပြောလာကြပါတယ်။Miss Grand လို International ပွဲကြီးတစ်ပွဲ မြန်မာနိုင်ငံမှာ လာရောက်ခဲ့မယ်ဆိုလျှင် တိုင်းပြည်တည်ငြိမ် အေးချမ်းပြီးတော့ပုံမှန်အခြေအနေရှိနေတဲ့ အချိန်မျိုးမှာ ဆိုရင်တော့ အကျိုးကျေးဇူးတွေအများကြီးရနိုင်ပေမယ့်အခုချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ ဒီလိုအရာတွေကိုတောင် မခံစားနိုင်ကြသေးပါဘူး။

အခုတော့ Miss Grand Myanmar International ပွဲကြီးက မြန်မာနိုင်ငံမှာ မကျင်းပတော့ဘူးဆိုတာ သေချာသွားပြီးတော့ ဘယ်နိုင်ငံမှာ ကျင်းပမလဲဆိုတာတော့ ထပ်မံကြေငြာသွားမယ်လို့ ပြောလာခဲ့ပါတယ်။တစ်ဖက်မှာတော့ Miss Grand ပရိတ်သတ်တွေအနေနဲ့ ဒီနှစ်မှာ မြန်မာနိုင်ငံအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ့် Miss Grand Myanmar သဲစုငြိမ်းအတွက် စိုးရိမ်ပူပန်မှုတွေပိုရှိလာပါတယ်။

Miss Grand. Myanmar သဲစုငြိမ်းက အသက်(၁၇)နှစ်နဲ့ Miss Grand ကို ဝက်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီးတော့ Miss Grand Myanmar တစ်ယောက်ဖြစ်လာပေမယ့်လည်း သူမရဲ့ အရွယ်မရောက်သေးတဲ့ ခန္ဓာကိုယ်နဲ့ အလှအပတွေကြောင့် အရင်နှစ်ကလို placement ကောင်းကောင်းတစ်ခုမရမှာကို ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရင်သာ Miss Grand တစ်ယောက်အနေနဲ Top 20 အထိ ဝင်နိုင်ပေမယ့် တစ်ခြားသောနိုင်ငံမှာ သွားရောက်ပြိုင်ခဲ့ရင်တော့ သဲစုငြိမ်းလို ခန္ဓာကိုယ်နဲ့ International ကို မယှဥ်နိုင်တာကြောင့် Top 20တောင် ဝင်မှာမဟုတ်ဘူးလို့ ဆိုကာ ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...