ဒေလီယာပန်းပွင့်ပေါင်း ၂၀၀ ကျော်နဲ့ ဖန်တီးထားတဲ့ ပန်းပွင့်ဝတ်စုံ
အသက် ၄၈ နှစ်အရွယ်မှာ အနုပညာ၊ ဒီဇိုင်း ဘာသာရပ်နဲ့ ဘွဲ့ယူဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတစ်ဦးဟာ သူ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပန်းခင်းထဲမှ ပန်းပွင့်ပေါင်း ၂၀၀ ကျော်ကို အသုံးပြုပြီး ပန်းပွင့်ဝတ်စုံ ဖန်တီးခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အန်နီတာလီအာချာဟာ အနုပညာကို ဝါသနာထုံသူဖြစ်ပေမဲ့ စားဝတ်နေရေး အခြေအနေကြောင့် သူ့အိပ်မက်ကို စွန့်လွှတ်ခဲ့ပြီး သူနာပြုအဖြစ် အလုပ်လုပ်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်မှာတော့ သူ့အမျိုးသားကို တက္ကသိုလ် ပြန်တက်ချင်ကြောင်း ခွင့်တောင်းခဲ့ပြီး တက်စ်မန်နီယာတက္ကသိုလ်မှာ art and design ဘာသာရပ် သင်ယူခဲ့ပါတယ်။ အန်နီတာဟာ သူတို့ခြံဝန်းထဲမှာ စိုက်ပျိုးထားတဲ့ ဒေလီယာပန်းတွေကို ရိုးတံပေါက်ကနေ ကြိုးနဲ့သီကုံးပြီး သူ့သမီး ဘယ်လာအတွက် ပန်းပွင့်ဝတ်စုံ ဖန်တီးခဲ့တာပါ။ အဲဒီလို ဖန်တီးဖို့ အချိန် ၂ နာရီ ကြာမြင့်ခဲ့ပါတယ်။
” ကျွန်မခြံထဲမှာ ပန်းပင်တွေ အများကြီး စိုက်ထားတယ်။ အပင်စိုက်ရတာကိုလည်း သဘောကျတယ်လေ။ ကျွန်မ မြတ်နိုးတဲ့အရာ ၂ ခုကို ပေါင်းစပ်ပြီး အခုလို ဖန်တီးခွင့်ရတာ ပျော်ပါတယ်။ ကိုယ် လုပ်တဲ့အလုပ်ကို ကိုယ်မြတ်နိုးပါလို့ ဆရာတစ်ယောက်က ပြောဖူးတယ်”လို့ အန်နီတာက ဆိုပါတယ်။ ဒီဝတ်စုံဟာ လေးလံလွန်းတဲ့အတွက် လမ်းလျှောက်ဖို့တော့ အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။ အန်နီတာဟာ ဒီနှစ်ကုန်မှာတော့ တက်စ်မန်နီယာတက္ကသိုလ်ကနေ ဘွဲ့ရတော့မှာ ဖြစ်ပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။