နှစ်သုံးရာက ကိုလံဘီယာ ရတနာသင်္ဘောပျက် ရှာဖွေမှု စတင်

International News
နှစ်သုံးရာက ကိုလံဘီယာ ရတနာသင်္ဘောပျက် ရှာဖွေမှု စတင်

စပိန် သင်္ဘောပျက်က အမြောက်တွေ ပင်လယ်အောက်မှာတွေ့

၁၈ ရာစုက နစ်မြုပ်သွားတဲ့ စပိန် စစ်သင်္ဘောတစီးကို ကိုလံဘီယာ အစိုးရက စတင် ရှာဖွေနေပါပြီ။

၁၇ဝ၈ ခုနှစ်က ကာရစ်ဘီယန် ပင်လယ်မှာ ဗြိတိသျှ ရေတပ်က နှစ်မြုပ်ခဲ့တဲ့ ဆန်ဟိုဆေး စစ်သင်္ဘောတဝိုက်ကိုလည်း ကာကွယ်စောင့်ရှောက်ထားတဲ့ ရှေးဟောင်း သုတေသန နယ်မြေအဖြစ် ဒီ တောင်အမေရိက နိုင်ငံအစိုးရက ကြေညာခဲ့ပါတယ်။

ဒီသင်္ဘောရဲ့ ပိုင်ဆိုင်မှုက ခုထိ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံ ကာတာဟေးနား မြို့ပြင်မှာ ဒီသင်္ဘော တိုက်ခိုက်ခံရချိန်က အဖိုးတန် ပစ္စည်းတွေ များကြီး သယ်ဆောင် သွားပြီး ပင်လယ်အောက်မှာ ပျောက်နေတဲ့ ရတနာသိုက်တွေထဲမှာ အကြီးဆုံးတခု ဖြစ်ပါတယ်။

ဒေါ်လာ ဘီလျံ ၂၀ လောက် တန်တဲ့ ရတနာတွေကို တင်ဆောင်သွားတာလို့ ခန့်မှန်းကြပါတယ်။

ကိုလံဘီယာနိုင်ငံ ကာတာဟေးနား မြို့အလှ

အဲဒီအချိန်တုန်းက ဗြိတိသျှနဲ့ စစ်ခင်းနေတဲ့ စပိန်ဘုရင်ရဲ့ စစ်စရိတ်ပေးဖို့ အဖိုးတန်တဲ့ ပစ္စည်းတွေကို ဒီသင်္ဘောနဲ့ သယ်ဆောင်ခဲ့ပါတယ်။ သင်္ဘောနစ်ချိန်မှာ သင်္ဘောသား ခြောက်ရာနီးပါး thayဆုံးခဲ့ပါတယ်။

ငွေဝယ်ကျွန်ခေတ် သင်္ဘောပျက် ရှာပုံတော်

ဒီသုတေသနစီမံကိန်းရဲ့ ပထမဆင့်ကို ပုံဖော်တဲ့ အဆင့်လို့ နာမည်ပေးထားပြီး ပင်လယ်ကြမ်းပြင်က ရှေးဟောင်းပစ္စည်းစာရင်းလုပ်ဖို့အတွက် အာရုံခံ ဆန်ဆာတွေသုံးပြီး ဓာတ်ပုံတွေ ရယူမှာ ဖြစ်ပါတယ်။

ရေအောက်မှာ သုံးတဲ့ စက်ရုပ်တွေနဲ့ သင်္ဘောပတ်လည်ကို လေ့လာမှာပါ။ ဒီကရတဲ့ အချက်အလက်တွေကို ပညာရပ်ဆိုင်ရာ လေ့လာမှုတွေမှာ သုံးစွဲမယ်လို့ ကိုလံဘီယာ မနုဿဗေဒနဲ့ သမိုင်း သိပ္ပံဌာနက ပြောပါတယ်။

စီမံကိန်းပထမဆင့်က ထွက်ပေါ်လာမှုတွေကို မူတည်ပြီး လာမယ့် အဆင့်တွေကို ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဆိုင်မွန် ဘိုလစ်ဗား အဏ္ဏ၀ါ သုတေသန သင်္ဘောနဲ့ ရှာဖွေ

ဆန်ဟိုဆေး စစ်သင်္ဘောရဲ့ အသည်းနှလုံးဆီသို့ ဆိုပြီး ဒီစီမံကိန်းကို နာမည်ပေးထားပါတယ်။

မကြုံစဖူး ထူးကဲတဲ့ ရှာဖွေရေး ခရီးလို့လည်း ကိုလံဘီယာ ယဉ်ကျေးမှု ဝန်ကြီး ဟွမ် ဒေးဗစ် ကရေးရားက ပြောပါတယ်။

ဒီနေရာကို ကာကွယ်စောင့်ရှောက်တဲ့ နယ်မြေအဖြစ် ကြေညာတာဟာ သိပ္ပံနဲ့ အမွေအနှစ် တန်ဖိုးအတွက် ဒီသင်္ဘောရဲ့ အရေးကြီး အဖိုးတန်မှုကို ပြတာလို့ ကိုလံဘီယာ အစိုးရက ပြောကြားပါတယ်။

ဒီသင်္ဘောပျက်ကို ၂၀၁၅ မှာ ရှာတွေ့ကြောင်း ကိုလံဘီယာ အစိုးရက ကြေညာခဲ့ပေမယ့် သင်္ဘောမှာ ပါတဲ့ ပစ္စည်းတွေကို ဘယ်သူပိုင်သလဲ အချိန်အကြာကြီး ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ရပါတယ်။

သင်္ဘောပျက် ရှာတဲ့ အမေရိကန် ကုမ္ပဏီ အာမာဒါက ပိုင်ဆိုင်ကြောင်း တောင်းဆိုခဲ့သလို စပိန်ကလည်း အရင်က တောင်းဆိုခဲ့ပါတယ်။

ဒီစီမံကိန်းရဲ့ ကနဦးအဆင့်မှာ ရှေးဟောင်းသုတေသန ရှာဖွေရေးတွေ မလုပ်သေးဘူးဆိုပြီး ကိုလံဘီယာ အစိုးရက ပြောကြားခဲ့ပါတယ်။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...