ရီမယ်လ် မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယမှာလူသန်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရ

International News
ရီမယ်လ် မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယမှာလူသန်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရ

တနင်္ဂနွေနေ့ ညပိုင်း က အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် ကုန်းတွင်းဝင်ရောက်ခဲ့တာနဲ့အတူ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတွေတိုက်ခတ်ကာ မိုးသည်းထန်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်တိုင်တွေပြိုလဲပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ကုန်တာကြောင့်လည်း လူ သန်းနဲ့ချီပြီး လျှပ်စစ်မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ရီမယ်လ်မုန်တိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ မွန်ဂလာဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ ပြည်နယ် က ဆာဂါကျွန်းစုတွေကို လေတိုက်နှုန်း တစ်နာရီ ၈၄ မိုင်( ၁၃၅ ကီလိုမီတာ) နှုန်းနဲ့ ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာန(IMD)က ပြောကြားပါတယ်။

မုန်တိုင်းကုန်းတွင်းဝင်ရောက်မှု က အိန္ဒိယနိုင်ငံမှာ ဒေသစံတော်ချိန် ည ၉ နာရီမှာ စတင်ခဲ့ကာ ငါးနာရီကြာမြင့်ခဲ့တယ်လို့ ကိုလ်ကတ္တားမြို့ မိုးလေဝသရုံးက ပြောကြားပါတယ်။ မုန်တိုင်းပြင်းထန်နေချိန်မှာ ကွန်ကရစ်ပြား ပြိုကျတာကြောင့် ကိုလ်းကတ္တားမြို့မှာ လူတစ်ဦးthayဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

နှစ်နိုင်ငံ စလုံး က ကမ်းခြေဒေသတွေမှာ ဆောက်လုပ်ထားတဲ့ တဲအိမ်ဓနိအမိုးတွေ လန်ထွက်သွားခဲ့ကာ ရွှံ့နဲ့ဆောက်လုပ်ထားတဲ့ အိမ်တွေပြားပြားဝပ်သွားခဲ့ပြီးနောက် အာဏာပိုင်တွေက မုန်တိုင်းကြောင့် ပျက်စီးမှုတွေကို စာရင်းကောက်ဖို့ ပြင်ဆင်နေကြပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်လာခဲ့လို့ မကြာသေးခင်နှစ်တွေမှာ ဘင်္ဂလားဒေ့ရှ် နဲ့အိန္ဒိယနိုင်ငံ က ကမ်းရိုးတန်းမြေနိမ့်ဒေသတွေမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေကို ပိုမိုကြုံတွေ့လာခဲ့ရပါတယ်။ ရီမယ်လ်မုန်တိုင်း က ဒီနှစ်အတွင်း ဝင်ရောက်တဲ့ ပထမဆုံးမုန်တိုင်းဖြစ်ပါတယ်။

မုန်တိုင်းမဝင်ခင်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မွန်ဂလာ နဲ့ စစ်တကောင်ဆိပ်ကမ်းဧရိယာ အနီးတစ်ဝိုက်ကမ်းရိုးတန်းခရိုင်ကိုးခုမှာ နေထိုင်သူ ရှစ်သိန်းလောက်ကို မုန်တိုင်းဒဏ်ခံရွှေ့ပြောင်းထားခဲ့ပြီး အိန္ဒိယနိုင်ငံမှာတော့ လူပေါင်း တစ်သိန်းတစ်သောင်း ကို ရွှေ့ပြောင်းထားခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် က မွန်ဂလာ နဲ့ စစ်တကောင်းဆိပ်ကမ်းလုပ်ငန်းတွေကို ဆိုင်းငံ့ထားခဲ့ကာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့လေဆိပ်မှာ နိုင်ငံတကာ နဲ့ ပြည်တွင်းခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...