ရုရှားလက်က လွတ်ဖို့ မိုင်ချီခြေလျင်ပြေးခဲ့ရတဲ့ အသက် ၉၈ နှစ်အရွယ် ယူကရိန်းအမယ်အို

International News
ရုရှားလက်က လွတ်ဖို့ မိုင်ချီခြေလျင်ပြေးခဲ့ရတဲ့ အသက် ၉၈ နှစ်အရွယ် ယူကရိန်းအမယ်အို

အသက် ၉၈ နှစ်အရွယ် ယူကရိန်းအမယ်အို

အသက် ၉၈ နှစ်အရွယ်အမယ်အို လီဒီယာလိုမီကော့ဗ်စကာအတွက်တော့ ရုရှားရဲ့ ကျူးကျော်စစ်ဟာ ဒုတိယကမ္ဘာစစ်ကာလကို သူကြုံခဲ့ရတာထက် ပိုပြီးဆုံးရွားတယ်လို့ သူသိခဲ့ပါတယ်။

တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေက သူ့အတွက် အဲဒီသိစိတ်ကိုဖြစ်စေခဲ့တာပါ။

ဒါကြောင့်ပဲ ယူကရိန်းအရှေ့ပိုင်းက သူရဲ့မွေးရပ်မြေ Ocheretyne ရွာကို ရုရှားတပ်တွေ ဝင်ရောက် လာတဲ့အခါ သူရော၊ သူ့မိသားစုပါ အဲဒီကနေ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်နက်ကြီး အလွန်အမင်း ကျရောက်ပေါက်ကွဲမှုအောက်မှာပဲ အမယ်အို လီဒီယာဟာ ဆွေမျိုးတွေနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ခြေညှပ်ဖိနပ် အားကိုးနဲ့ အနောက်ဘက်ကို ဆက်ပြီး ခရီးနှင်ခဲ့ရပါတယ်။

”ထောက်လို့ ပြုလို့ရအောင် တုတ်တစ်ချောင်းနဲ့ သစ်သားပြား တစ်ပြားကို ကောက်ပြီး ခရီးဆက်ခဲ့တယ်” လို့ အမယ်အိုက ပြောပါတယ်။

”ကိုယ်က ခြေထောက်ကို ကြွပြီးလှမ်းတယ်ဆိုတာထက် ခြေထောက်က ကျွန်မကို သယ်သွားတာမျိုး။ စိတ်ဆောင်တာထင်ပါရဲ့ ”

ယူကရိန်းရဲတပ်ဖွဲ့နဲ့တွေ့ပြီး သူ့ကို အဲဒီတပ်ဖွဲ့ဝင်တွေက မခေါ်ခင်အထိ သူဟာ ၆ မိုင်လောက်အထိ လမ်းလျှောက်ခဲ့ရပါတယ်။

“ဘာတစ်ခုမှမကျန်တော့ဘူး။ အားလုံး ဇောက်ထိုး မိုးမျှော်ဖြစ်ကုန်တယ်” လို့ သူက စီးနင်းစရာတခုခု လိုနေပြီဖြစ်တဲ့အကြောင်း ပြောပြနေတာကို ထုတ်ပြန်လာတဲ့ရုပ်သံဖိုင် တစ်ခုထဲမှာ မြင်တွေ့ရပါတယ်။

သူ စွန့်ခွာလို့ ကျန်ခဲ့တဲ့ သူ့ရွာကလေးကတော့ ရုရှားတပ်ဖွဲ့တွေ ချည်းကပ်လာတာနဲ့အမျှ ငရဲသဖွယ် ပြောင်းလဲနေပြီဖြစ်ပါတယ်။ ရုရှားစစ်သားတွေ ရွာနဲ့ နီးနီးရောက်လာလေလေ လက်နက်ကြီး ပစ်ခတ်တာတွေက ပြင်းထန်လာလေလေဖြစ်ပါတယ်။ ရွာထဲက တိုက်ခန်းတွဲတွေနဲ့ အိမ်တွေလည်း အပျက်အစီးတွေနဲ့ ဖုန်တွေအဖြစ် တဖြည်းဖြည်းပြောင်းလဲခဲ့ပါတယ်။

အသက် ၁၀၀ နီးပါးကပ်လာတဲ့အမယ်အိုဟာ ခြေညှပ်ဖိနပ်၊ တုတ် အားကိုးနဲ့ ၆ မိုင်လောက်အထိ လမ်းလျှောက်ခဲ့ရပါတယ်

အသက် ၁၀၀ နီးပါးကပ်လာတဲ့အမယ်အိုဟာ ခြေညှပ်ဖိနပ်၊ တုတ် အားကိုးနဲ့ ၆ မိုင်လောက်အထိ လမ်းလျှောက်ခဲ့ရပါတယ်

“ကျွန်မ လမ်းလျှောက်လျှောက်ချင်းမှာပဲ နှစ်ခါထက်မနည်း လှဲလှဲနေခဲ့ရတယ်”လို့ လီဒီယာက ပြောပါတယ်။ “တစ်ခါဆိုရင် လမ်းလျှောက်ရင်းဟန်ချက်ပျက်ပြီး မြက်တောထဲ လဲကျသွားတယ်။ အဲဒီမှာပဲ အိပ်ပျော်သွားတယ်၊ နိုးလာတော့ လမ်းဆက်လျှောက်တယ်။”

လီဒီယာကို ယူကရိန်းအရာရှိတစ်ယောက်က အသက်ဘယ်လောက်ရှိပြီလဲ လို့မေးတဲ့အခါ သူက ” ကျွန်မ အသက် ၄၈၊ ၄၉ နှစ်ရှိပြီလို့ပြောတာ သူက ကျွန်မကို မယုံဘူး” လို့လီဒီယာက ဟာသနှောပြီးပြောပြပါတယ်။

လီဒီယာကို သူ့ရဲ့ မြေးမလေး ဆာဗီလာနာနဲ့ ပြန်မဆုံခင်အထိ သူ့ကို ခဏအနားယူနိုင်မယ့် ဂေဟာတစ်ခုကို ခေါ်ထားခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုကောနဲ့ ဖုန်းပြောနေတဲ့ လီဒီယာ

ဗီဒီယိုကောနဲ့ ဖုန်းပြောနေတဲ့ လီဒီယာ

”အဖွားဒီမှာရှိနေတာကိုသိလိုက်ရတော့ ကျွန်မ တော်တော်ပျော်သွားတယ်” လို့ ဆာဗီလာနာက ဘီဘီစီရဲ့ ဗီဒီယိုချိတ်ဆက်ခေါ်ဆိုမှုမှာ ပြောပါတယ်။ ဗီဒီယိုထဲမှာ ဆာဗီလာနာရဲ့ ဘေးမှာ လီဒီယာ ထိုင်နေပါတယ်။ “ကျွန်မတို့သူ့ကို ရှာနေတာကြာပြီ”

၆ မိုင်နီးပါးရှည်ခဲ့တဲ့ လီဒီယာရဲ့ခရီးဟာ တကယ့်ကို တမူထူးတဲ့ခရီးဖြစ်တာကြောင့် သူ့ထက်ငယ်တဲ့အမျိုးတစ်ယောက်ရဲ့ သြဘာပေးမှုကို ရခဲ့ပါတယ်။ “ထပ်ပြီးသွားတော့မှာတော့ မဟုတ်ပါဘူး” လို့ လီဒီယာက မာန်ချ စိတ်လျှော့လိုက်တဲ့ လေသံနဲ့ပြောပါတယ်။

လို့ ဆာဗီယာကလည်း ”အိုး နိုး ထပ်မလုပ်ပါနဲ့ အဖွားရယ် ” လို့ ခပ်သွက်သွက်လေး တုံ့ပြန်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...