သင်္ဘောကြီးသောင်တင်နေသလို တည်ဆောက်ထားတဲ့ ကိုရီးယားဟိုတယ်
ရုတ်တရက်ကြည့်လိုက်ရင် သင်္ဘောကြီးတစ်စင်း သောင်တင်နေသလိုပါပဲ။ တကယ်တော့ ဒါက တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ တည်ဆောက်ထားတဲ့ အပန်းဖြေစခန်းနဲ့ ဟိုတယ် ဖြစ်ပါတယ်။
Royal Caribbean International သင်္ဘောလိုင်းရဲ့ အပျော်စီးသင်္ဘောကြီးပုံစံ ဒီဇိုင်းဆွဲပြီး တောင်စောင်းမှာ တည်ဆောက်ထားတာပါ။ ၅၄၁ ပေ ရှည်လျားပြီး ၁၄၈ ပေ မြင့်ပါတယ်။ ပင်လယ်ကြီးကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်းမျိုးပါ။
ဟိုတယ်ခန်း ၂၁၁ ခန်း ပါဝင်ပြီး ကိုရီးယားနဲ့ ဥရောပအစားအစာတွေ တည်ခင်းဧည့်ခံမယ့် စားသောက်ဆိုင် ၆ ဆိုင် ပါဝင်ပါတယ်။ ဒါ့အပြင် ဂေါ့ဖ်ကွင်း၊ ဘောလီဘောကွင်း၊ အားကစားခန်းမတွေလည်း ထည့်သွင်းတည်ဆောက်ထားတာပါ။ Sun Cruise Resort & Yacht လို့ အမည်ပေးထားပါတယ်။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။