အမြွှာညီအစ်မကို မိချောင်းပါးစပ်ထဲကနေ ကယ်တင်ပေးနိုင်ခဲ့လို့ ချားစ်ဘုရင် ချီးမြှင့်တဲ့ဆု ဆွတ်ခူးခဲ့သူ

International News
အမြွှာညီအစ်မကို မိချောင်းပါးစပ်ထဲကနေ ကယ်တင်ပေးနိုင်ခဲ့လို့ ချားစ်ဘုရင် ချီးမြှင့်တဲ့ဆု ဆွတ်ခူးခဲ့သူ

အမြွှာညီအစ်မဖြစ်သူကို မိချောင်း ပါးစပ်ထဲကနေ ကယ်တင်ပေးနိုင်ခဲ့တဲ့ အမျိုးသမီးငယ်ဟာ ဂုဏ်သတင်းကြီးမားတဲ့ King’s Gallantry ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ မီလစ်ဆာဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့က မက္ကဆီကိုနိုင်ငံ မာနီယယ်တီပက်ရေကန်မှာ သူငယ်ချင်းတွေနဲ့အတူ ရေကူးနေတုန်း မိချောင်း ဆွဲခံခဲ့ရတာပါ။

ရေကန်ထဲမှာ မှောက်လျက်သား ဖြစ်နေပြီး မိချောင်းပါးစပ်က လွတ်အောင် ရုန်းကန်လှုပ်ရှားနေတဲ့ မီလစ်ဆာကို တွေ့ချိန်မှာ ဂျော်ဂျီယာက သူ့အသက် အန္တရာယ်ကို မမှုဘဲ သွားကယ်ခဲ့တာပါ။ ဂျော်ဂျီယာဟာ မိချောင်းကို လက်သီးနဲ့ထိုးပြီး သူ့အစ်မကို လွှတ်ပေးအောင် ကြိုးစားရင်း သူ့လက်မှာလည်း မိချောင်းကိုက်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိချောင်းက မီလစ်ဆာကို လွှတ်ပေးခဲ့ပြီး လှေတစ်စီးက သူတို့ညီအစ်မကို ကယ်တင်ပေးခဲ့တာပါ။

မီလစ်ဆာဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမဲ့ ကုသမှု ခံယူပြီးနောက် ပြန်လည်သက်သာသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ညီအစ်မ နှစ်ယောက်လုံးမှာ သေရာပါ ဒဏ်ရာတွေ ကျန်နေရစ်ခဲ့တာပါ။ ဂျော်ဂျီယာရဲ့ ရဲစွမ်းသတ္တိရှိမှုဟာ လူပြောများခဲ့ပြီး ချားစ်(၃)ဘုရင်ရဲ့ Gallantry Medal ဆု ချီးမြှင့်ခံခဲ့ရတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...