ပရိုတွန်ကုထုံးသစ်က ကင်ဆာရောဂါ ကုသရာတွင် အောင်မြင်မှုရရှိ

International News Tech
ပရိုတွန်ကုထုံးသစ်က ကင်ဆာရောဂါ ကုသရာတွင် အောင်မြင်မှုရရှိ

အရှေ့တောင်အာရှရှိ နိုင်ငံများအနက် ဆေးပညာကဏ္ဍ၌ အောင် မြင်မှုများ ရရှိနေသည့် စင်ကာပူနိုင်ငံတွင် ကင်ဆာရောဂါကို ပရိုတွန်ကုထုံးဖြင့် လေဆာရောင်ခြည်သုံး၍ ကုသပေးနေမှုမှာ အောင်မြင်နေကြောင်း singhealth.com.sg သတင်းဌာန ၏ ရေးသားဖော်ပြချက်အရသိရသည်။ သမားရိုးကျ ပြုလုပ်သည့် ရေဒီယို ဓာတ်ရောင်ခြည်ကုထုံးများတွင် ဘေးထွက်ဆိုးကျိုးက များစွာ ရှိနေသည်။

ကင်ဆာ ရောဂါသည်များအတွက် ဓာတ်ကင်ရာမှ ကင်ဆာဆဲလ်များအပြင် အနီးအနားဝန်းကျင်ရှိ ကောင်းမွန်စွာ အလုပ်လုပ်နေသည့်ဆဲလ်များကိုပါ ပျက်စီးစေသည့်ပြဿနာရှိနေကြောင်း သိရသည်။

ထို့ကြောင့် ကင်ဆာသည် ခန္ဓာကိုယ်၏ အဓိက အင်္ဂါများဖြစ်သည့်ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယ စသည့်နေရာများ၌သာဖြစ်ခဲ့ပါက အဆိုပါဓာတ်ကင်ခြင်းမှာ အန္တရာယ်များလှကြောင်း လေ့လာတွေ့ရှိချက်များကို ကိုးကားပြီး sing health.com.sg က ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

လက်ရှိ စမ်းသပ် ကုသပေးနေသည့် ပရိုတွန်ကုထုံးက လေဆာရောင်ခြည်သုံးကာ ရောဂါ၏ အဓိကနေရာကို အတိအကျ ရှင်းထုတ်ပေးနိုင်ကြောင်း၊ ကုသစရိတ်မှာ သာမန် ရေဒီယို ဓာတ်ကင်သည့်နည်းထက် သုံးဆခန့် ပိုမိုဈေးကြီးကြောင်း၊ စင်ကာပူနိုင်ငံရှိ ဆေးရုံသို့ လာရောက်ပြီး ကင်ဆာရောဂါကို ပရိုတွန်ရောင်ခြည်ကုထုံးဖြင့် ကုသပါက အကြိမ် ၃၀စာအတွက် ဒေါ်လာတစ်သိန်း ကျသင့်မည် ဖြစ်ကြောင်း၊ ကြာချိန်က အနည်းဆုံးတစ်ပတ်မှ အများဆုံး ၁၂ပတ်အထိ အချိန်ယူရနိုင်ကြောင်း၊တစ်ကြိမ်ကုသရာတွင် မိနစ်အနည်းငယ်မျှသာကြာပြီး လေဆာမပစ်ခင်ပြင်ဆင်ချိန်ပါ ထည့်တွက်ပါက မိနစ် ၃၀မှ ၄၅ မိနစ်ခန့်သာ ကြာနိုင်ကြောင်းသိရသည်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...